မင်းဘဝရဲ့
အခိုက်အတန့်တိုင်းကို 
လိုက်ကြည့်တဲ့အခါ
ကိုယ့်ကို
မြူမှုန်စအဖြစ် တွေ့ရမယ်

ကိုယ့်ဘဝရဲ့
အခိုက်အတန့်တိုင်းကို 
လိုက်ကြည့်ရင်တော့
မင်းကို
ကမ္ဘာတစ်ခုအဖြစ် တွေ့ရပါ့မယ်

အစကတည်းက 
မဖြစ်ခဲ့သင့်တဲ့
ဆက်ဆံရေးတွေပဲ 

ဝေးသွားတော့လည်း
အရပ်သုံးစကားနဲ့ပဲ
ဖြေသိမ့်ကြတာပေါ့
ကံပါသလောက်ပေါ့.....

ကျွန်တော်

Comments

  1. 🙂 ချစ်သူငယ်ချင်း ...

    @ မင်းတို့ငါတို့သူငယ်ချင်းတွေ ...
    ပြန်ဆုံဘို့ မလွယ်တော့ဘူးသူငယ်ချင်း၊
    တစ်ချို့က တော်လှန်ရေးPdf,Ugထဲမှာ
    တစ်ချို့က တော်လှန်ရေးသပိတ်ထဲမှာ
    တစ်ချို့က မိဘမောင်ဖွားတွေနဲ့စစ်ရှောင်မှာ

    @ မင်းရော ဘာလုပ်နေလဲသူငယ်ချင်း ...
    တို့တွေ အတူတူငြိမ်းချမ်းစွာဆန္ဒတွေဖော်
    ထုတ်ခဲ့ကြတယ်၊ အတူတူဒုက္ခခံပြီး နေရာစုံ
    ဒေသစုံ၊ ပြေးရင်းလွှားရင်း အတူတူစား, အ
    တူအိပ်ခဲ့ကြတယ်၊ သေအတူရှင်မခွဲ, တတွဲ
    တွဲနဲ့ပေါ့၊ အခုသူတို့မရှိတော့ဘူး၊

    @ ငါကတော့ ...
    နေရာစုံရောက်နေတယ်သူငယ်ချင်း၊ တစ်
    ချို့သူငယ်ချင်းတွေလည်း ပြန်တွေ့ရတာရှိ
    သလို၊ တစ်ချို့ကတော်လှန်ရေးလုပ်ရင်း ဒီ
    လောကမှာ မရှိကြတော့ဘူးသူငယ်ချင်း၊ငါ
    မချိတင်ကဲဖြစ်သလို သူတို့ကိုကမ္ဘာကြေတာ
    တောင် ဥဒါန်းမကျေနိုင်ဘူးသူငယ်ချင်း၊ ငါ
    ဒီတော်လှန်ရေးကြီးအောင်မှ ပြန်လာမယ်၊

    @ ဒီတော့ကွာ ...
    မင်းလည်း " ဗလမရှိပေမယ့် ဇရှိတယ် "
    ဆိုတာ ငါယုံကြည်နေတုံးပါသူငယ်ချင်း၊တ
    ခုဘဲ တောင်းဆိုချင်တယ်သူငယ်ချင်း ...
    * ငါတို့မြို့သိမ်းတိုက်ပွဲ ဆင်နွုဲတဲ့အခါ ...
    ∆ ငါဘဲဖြစ်ဖြစ်၊ငါ့အဖွဲ့ဘဲဖြစ်ဖြစ်နွေးထွေး
    စွာကြိုဆိုပေးပါ၊
    ∆ လိုလေသေးမရှိကူညီပေးပြီး၊မင်းတတ်နို
    င်တဲ့ဘက်က ဝိုင်းတိုက်ပေးပါ၊
    ∆ အောင်ပွဲနဲ့အတူ ငါပြန်လာတဲ့အခါ၊အော
    င်သပြေပန်းနဲ့အတူ မင်းကြိုပေးပါကွာ။

    အစစအရာရာဂရုစိုက်ပါကွာ
    မင်းရဲ့သူငယ်ချင်း

    ReplyDelete
  2. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  3. မင်းဟာ ကိုယ့်ဘဝရဲ့
    အရာအားလုံးပါပဲ 🥰

    ReplyDelete
  4. အခိုက်အတန့်တိုင်းမှာ❤️

    ReplyDelete
  5. ခွဲခွာခြင်းကမျက်ကန်း တမ်းတခြင်းကတစ္ဆေ
    ဒီအနေအထားမှာ
    အချစ်အကြောင်းပြောရတာကအစ အားနာလှတယ်
    ဒီဘဝဒီမျှဆိုပေမဲ့
    သေမှ မသေကြသေးတာပဲအချစ်ရယ် ။ ။

    _အောင်ခိုင်မြတ်

    ReplyDelete
    Replies
    1. ဘဝဆိုတာ တိုတောင်းလွန်းလို
      ပျော်အောင်နေမယ် ပြောပြောပြီး
      ရေခဲလို ပျော်သွားခဲ့ရတဲ့ ဘဝတွေ ...

      -လင်းမာအို-

      Delete
    2. ပူရှရှခံစားမှု
      နွေးလာတဲ့မျက်ဝန်းတစ်စုံ
      တုန်နေတဲ့လက်နှစ်ဖက်
      အမြည်းဆိုလားဘာဆိုလား
      ငါစားနေတာဆားရည်စိမ်သရက်
      ရင်ထဲကခံစားနေရတာကခပ်နွေးနွေးခပ်ဆွေးဆွေးဝေဒနါ
      အဲ့ဒါငါအရက်သမားပဲ...

      Delete
    3. အေ့ ဂေ့ ဂွပ်😁

      Delete
  6. အခိုက်အတန့်တိုင်းကို ရင်ထဲသိမ်းဆည်းရင်း တစ်ယောက်သောသူကို သတိရရင်းနေသွားတော့မယ်။

    ReplyDelete
  7. Till the end
    Fighting together 💪

    ReplyDelete
  8. We will never give up. We will fight to the end

    ReplyDelete
  9. တကယ်​တော့
    ကံပါသ​လောက်​ပေါ့ ဆိုတာ​လေးက အမှန်ပါကွယ်။
    ဒုက္ခကို လက်တွဲရင်ဆိုင်ဖို့
    ကံက ​ရေးဆွဲထားပြီးသားပါ။
    အ​ကြောင်းတရား​တွေ ဖြည့်ထားသမျှ
    အကျိုးတရားက သဘာဝ အတိုင်းပဲ။
    ဖြစ်သမျှကို လက်ခံလို့
    အ​​ကြောင်းကောင်းတွေ ဖြည့်ဆည်း​​နေလိုက်​တော့။

    ReplyDelete
  10. ကံပါသောက်ပေါ့

    ReplyDelete
    Replies
    1. ကံပါသလောက်ပါ😁

      Delete
    2. ကံပါသလောက်ချစ်ခဲ့ပီးပီဘဲ😹😛🤣

      Delete
    3. ပါဒေါ့
      ခုတော့လစ်သွားပြီ🤭

      Delete
  11. အခိုက်အတန့်တိုင်းက
    အမှတ်တစ်ရပါ

    ReplyDelete
  12. 🙂 ဆုတောင်းမေတ္တာပို့ခြင်း ...

    @ အရဟံ အစရှိသော ...
    ကိုးပါးသောဂုဏ်တော်တို့နှင့်
    ပြည့်စုံတော်မူသော၊သက်တော်ထင်ရှား
    သဗ္ဗညုမြတ်စွာဘုရားကို ရည်မှန်း၍
    တိုင်တည်ဆုတောင်းအပ်ပါသည်
    & ကျွန်ုပ်၏ ...
    မသိအပ်သော အစရှိသော၊ ပြုပြုသမျှ
    ကုသိုလ်ကောင်းမှု အစုစုတို့ကြောင့် ...
    * ကျွန်ုပ်နှင့်ပြည်သူပြည်သားအားလုံးတို့နှင့်
    ပြည်သူအတွက် ဓမ္မဘက်ကရပ်တည်လျှက်
    တော်လှန်ရေးဆောင်ရွက်ပေးနေကြသူအား
    လုံးတို့သည်၊ရှိခဲ့သောရှိပြီးဖြစ်သော ...
    ဝဋ်ကြွေးအပေါင်းတို့သည်၊ ယနေ့ယ္ခု ချက်
    ချင်းကျေပြီးသကာလ၊ အားလုံးအားလုံးတို့
    သည်၊ အရပ်ဆယ်မျက်နှာရှိ ရှိရှိသမျှသတ္တ
    ဝါတို့သည် ကိုယ်ရောစိတ်ပါချမ်းသာလို့ကာ
    ဆင်းရဲမရှိ၊အတိသုခံ၊ဣိစ္ဆိတံ လိုရာပြည့်လို့
    ချမ်းသာအသက်ရှည်ခြင်း လက်ငင်းရကြပါ
    စေ၊အောင်စေ၊အောင်ပါစေ၊အောင်ကြပါစေ၊
    လိုတတိုင်းပြည့်ဝပါစေ၊စေတစ်လုံးပိုင်ကြပါ
    စေ၊သိဒ္ဓိလည်းပေါက်ကြပါစေ၊စိတ်အကြံ
    မြောက်ကြပါစေ၊အဓိဌာန်မြောက်ကြပါစေ၊
    အန္တရာယ်ကင်းရှင်းလိုတရခြင်းတို့နှင့်ပြည့်စုံ
    ကြပါစေဗျာ။

    စစ်မင်းထက်သာ

    ReplyDelete
  13. 🥷 လိပ်ပြာလုံပါစေ ...

    @ နီးနေပြီ ...
    လာချင်ရင်ပေါ့
    ‌ ဝေးနေတယ် ...
    ဆင်ခြေဆင်လက်ပေါ့
    မလုံခြုံဘူး ...
    ကြောက်နေရင်တော့
    မထူးပါဘူး ...
    အရူးချီပန်းပေါ့တော့တော့
    ဒါပေမယ့် ...
    ပြန်ဆုံတဲ့တစ်နေ့
    မင်းလိပ်ပြာလုံပါစေ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  14. မေတ္တာ ထားပြီးရှေ့ဆက်မယ်
    မအလနဲ့ အပေါင်းအပါတွေကိုတော့ မေတ္တာ မထားနိုင်ဘူး

    ReplyDelete
  15. 🥷 ရွှေမြို့တော် ...

    မိမိကိုယ်မိမိ ...
    ဂုဏ်ယူရမှာဖြစ်သလို
    ညီညီညွတ်ညွတ်နဲ့ ...
    မြို့တော်တွေဆီသို့
    တက်လှမ်းနိုင်ဘို့လည်း
    လိုပါတယ်။

    🥷 Fighting!
    စစ်မင်းထက်သာ

    ReplyDelete
  16. ကံပါသလောက်ပေါ့။

    ReplyDelete
  17. This comment has been removed by the author.

    ReplyDelete
  18. 🙂 အောင်မြင်ရာ ...

    🥷 အောင်မြင်ဘို့ ...
    ရည်ရွယ်ချက် ပြတ်သားရမယ်
    မတွေမဝေ တစ်စိုက်မတ်မတ်လုပ်ရမယ်
    ယုံယုံကြည်ကြည်အောင်စိတ်မွေးရမယ်

    🥷 စစ်မင်းထက်သာ

    ReplyDelete
  19. ငါတို့အတွက်ရောင်နီဆို
    မအလ အတွက်ဆည်းဆာပေါ့

    ReplyDelete
  20. Wheel............dope.🏹🏹🏹

    ReplyDelete
  21. ငါချီးထက်ရွံ့တဲ့ အလုပ်ကို လုပ်နေတဲ့ကောင်တွေကို တိိုက်ဖို့ကြိုးစားနေတယ်

    ReplyDelete
  22. ကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ

    ReplyDelete
  23. ကံပါသလောက်ပေါ့.

    ReplyDelete

Post a Comment

Popular posts from this blog