ကျွန်တော်ချစ်သော နှင်းဆီနီ

သူမဟာ... 
တော်လှန်ရေး ပန်းခင်းကြီးထဲက
နှင်းဆီနီတစ်ပွင့် အရဲစွေးဆုံးနီ။

တော်လှန်ရေးရဲ့ ဟန်ဆောင်ပြယုဂ်ထဲ
ဘယ်သောအခါမှ မပျော်ဝင်လေတဲ့
အစစ်မှန်ဆုံးသော...အာဇာနည်။

ဆန္ဒပြပွဲတိုင်းရဲ့ ဦးဆောင်ပျိုမဒီ
သပိတ်ခေါင်းဆောင်အဖြစ်လည်း
အရဲဝံ့ဆုံး...သွေးနှင်းဆီ။

အမိန့်ချခံရတော့လည်း
မတုန်လှုပ်ရဲဝံ့ ပလွှားကြည်။

သံတိုင်နောက်ကွယ်က
အပြုံးရဲ့ အရှိန်အဟုန်မပျက်ယွင်း။

ချစ်စရာ မျက်နက်ဝန်းအပြင်
အပြုံးလေးနဲ့သာ ခွန်းတုံ့စကားဆိုသူ။

ချိုသာယဥ်ကျေးလှပသော
တက္ကသိုလ်ကျောင်းသူ။

သတ္တိ ဗျတ္တိ နဲ့ ပြည့်စုံသူ
နှလုံးရည်ပြည့်ဝသူ။

လူငယ်ဆိုတာ ခေတ်စနစ်ရဲ့
အရှင်သခင်ဟု ယုံကြည်သူ။ 

သူမဟာ...
အနီရောင်သွေးနှင်းဆီနီ
ရဲ...ရဲ...စွေး...စွေး...နီ။

စိုး 🖤

Comments

  1. 🗣 Toxic-like words🙅

    -👨‍👩‍👧‍👦The human race could not survive on its own, so it survived among family, friends, and community👨‍👨‍👧‍👧

    -🗣In society, friends, family,for words are the main means of communication🗣

    -🗣Words can be poisonous and can kill people,Words can ruin a friendship, and word choices can lead to quarrels the more you talk unnecessarily, the more toxic it becomes.✖

    -🗣There is even a saying, "Say a few words and do a lot of work."

    the downside is that the Myanmar language is very broad and can have many meanings,this is why the meaning may be different when you hear the message, not directly.🗣

    🗣When a person opens his heart to trust one another, that trust should not be abused and must be maintained,This is morality and trust among human beings✅

    -✅ I wrote a long letter, but there was only one reason I wanted to say it

    -Do not confuse word , do not abuse trust,Avoid talking about other people in secret without his permission. Be ethical.💕 Please stop by saying that others behind bad in secret,If you like other existence people, try to be like them✌✌

    __Don't miss much before we meet again,Don't give up
    We win unless we give up.💪

    ............❤Htet.........

    ReplyDelete
  2. ရဲရဲနီတဲ့ နှင်းဆီပွင့်‌လေးတွေကို ဦးညွှတ်အလေးပြုပါတယ်
    ဘေးကင်းကြပါ‌စေ.... 🌹

    ReplyDelete
  3. 😡 စောက်သဲပေါက်လို့ ...

    # NUG,CRPHမှာ တာဝန်ရှိလာပြီ ...

    # Credit !
    မဖြေတဲ့သူပဲ ကျတဲ့စာမေးပွဲကို
    ဘာတွေဂုဏ်ဆာနေကြတာလဲ 😆😆
    အမှတ်နည်းလဲ စိတ်မကောင်းမဖြစ်နဲ့
    ဆေးကျောင်းက အမှတ်မလိုဘူးတက်လို့ရတယ်
    တစ်ခုပဲ ဘယ်နှစ်ခုနစ်က ဆယ်တန်းအောင်တာလဲ ဘယ်နှစ်ခုနစ်မှာ ဆေးကျောင်းတက်တာလဲ
    မေးရင်သာ လိပ်ပြာလုံလုံ ဖြေနိုင်ကြပါစေ 😊

    # နိုင်ငံတော်ကြီး ...
    သနားပါတယ်ဗျာ
    အရာရာ၊တစ်စစီတစ်စစီ
    ပျက်စီးသွားပြီ
    # အရည်အချင်းမပြည့်တဲ့ မအလနဲ့
    အရည်အချင်းမရှိတဲ့ ကျောင်းသားတွေနဲ့
    တွေ့ကြပြီပေါ့ 😃🤪😃🤪😃🤪😃🤪

    စစ်မင်းထက်သာ

    ReplyDelete
  4. .....နှင်းဆီနီ သူမဟာ ပန်းပွင့်လေးပါဘဲ.....

    ReplyDelete
  5. နှင်းဆီ ကို သိပ်‌သဘောကျတယ်
    မြင်ရသူတိုင်းအတွက် မွှေးပျံ့ကြိုင်သင်းပြီး လှပတင့်တယ်တယ်၊
    ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ဖို့ အစွမ်းသတ္တိရှိတယ်၊ လှပပြီးတန်ဖိုးရှိတဲ့ အမျိုးသမီးလေးနဲ့တူတယ်

    ReplyDelete
  6. Till the end
    Fighting together 💪

    ReplyDelete
  7. သူမဟာ ငါတို့အားလုံးရဲ့ Role model

    ReplyDelete
  8. အမေ့အတွက်နှင်းဆီပင်များစိုက်ထားပြီအမေ

    ReplyDelete
    Replies
    1. အမေ့အတွက်ဆိုလို့ကျေးဂျူး

      Delete
  9. This comment has been removed by the author.

    ReplyDelete
  10. 🙂 စကားပြောသော
    တစ်ချို့အရာများ ...

    @ လောကကြီးဟာ ...
    လူတွေက သတိမထားမိလို့ပါ
    သက်ရှိတွေ စကားပြောတတ်သလို
    သက်မဲ့တွေလည်း စကားပြောတတ်တယ်

    @ စာတွေ ...
    ကဗျာတွေဟာ
    သက်မဲ့ဖြစ်သလို
    ပန်းချီတွေ ...
    ကာတွန်းတွေဟာလည်း
    သက်မဲ့ပါဘဲလေ

    @ ဒါပေမယ့် ...
    သူတို့တွေလည်း
    စကားပြောတတ်တယ်ဆိုတာ
    လူတွေသတိမထားမိကြတာပါဘဲ။

    စစ်မင်းထက်သာ

    ReplyDelete
  11. This comment has been removed by the author.

    ReplyDelete
    Replies
    1. ဘုန်းကြီးတပါး အာပတ်ဖြေနေသလိုမျိုး
      ငါ Clickတယ်
      မလုပ်ရမနေနိုင် စွဲလန်းမှုကြီးတခုလို ငါ
      Click တယ် နေ့တိုင်း Clickတယ်

      Delete
    2. ဒါကတော့ ​ဖြစ်နေတဲ့အကြောင်းတွေပဲ့ ဒီတလရပြီးရင် မကလစ်ဘဲမနေနိုင်ရင် မင်မင်တာဝန်ပဲ့😜

      Delete
  12. This comment has been removed by the author.

    ReplyDelete
  13. 🙂 စံနစ် ...

    @ အနှစ်လည်းမရှိ ...
    အချစ်လည်းမရှိ
    ဒီခေတ်နဲ့ဒီစံနစ်၊
    ဥပေက္ခာတရား ...
    လက်ကိုင်ထားတဲ့ခေတ်
    ကိုယ်ချင်းစာတရား ...
    လုံးဝမထားတဲ့ စံနစ်
    ဒီခေတ်ဒီစံနစ်လောက် ...
    စိတ်ပျက်စရာရှိမည် မထင်ပါ။

    စစ်မင်းထက်သာ

    ReplyDelete
  14. 🌹🌹🌹❤️❤️❤️

    ReplyDelete
  15. 🥷 အချစ်နဲ့အမုန်း ...

    @ မေမြို့မှာနေစဉ်ကပေါ့ ...
    ငှက်ဖျားဖြစ်ပြီး ဆေးရုံတက်ရတယ်
    အပူကြီးပြီး သတိလစ်လစ်သွားတယ်
    မိဘနှစ်ပါးမရှိတော့ ...
    ဦးလေးတော်သူက အနီးကပ်အတွက်
    Special Nurse ငှါးပေးထားတယ်
    ကြာလာတော့ လူငယ်တို့သဘာဝ ...
    ခင်မင်တွယ်တာသံယောဇဉ်ဖြစ်လာတယ်
    ဆေးရုံက ဆင်းရတော့ ...
    ဘယ်နားကြည့်ကြည့် သူ့မျက်နှာလေးတွေ
    သစ်ရွက်ကြွေသံဟာ သူ့ခြေသံတွေများလား
    အမြဲတမ်းမြင်နေ ကြားနေရတယ်
    ဦးလေးပြောတော့ အချစ်ပေါ့တဲ့၊

    @ အခုလည်း ...
    အရင်တုံးကလိုဘဲ
    ဘယ်နေရာကြည့်ကြည့် ဒီမျက်နှာဒီမျက်နှာ
    ဘာသံတွေကြားကြား ဒီအသံဒီအသံ
    ဘယ်လိုဘဲတွေးတွေး ဒီအရေးဒီအရေး
    စဉ်းစားကြည့်လိုက်တော့ ...
    ရရာလက်နက်နဲ့ နှက်ချင်နေလေရဲ့
    သူငယ်ချင်းတွေပြောတော့ ...
    ဒီနွေဦးရဲ့ အမုန်းပေါ့တဲ့။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  16. 🥷 Round 2.
    Click 2 times.

    ReplyDelete
  17. 🥷 ကျွန်ုပ်၏ယုံကြည်ချက် ...

    @ ရှေ့မှဦးဆောင် ...
    တိုက်ပေးမယ့်သူရှိလာလျှင်
    နောက်မှလိုက်မယ့် ...
    ဒါးသွေးစောင့်နေတဲ့သူ
    မြို့အနှံ့နယ်အနှံ့မှပြည်သူ
    အများကြီးရှိနေပြီလို့ ...
    ကျွန်ုပ်ယုံကြည်တယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  18. This comment has been removed by the author.

    ReplyDelete
  19. 🥷 သေချာနေပြီ ...

    @ စောင့်ပိုတွေပြောမနေနဲ့တော့ ...
    အချိန်အနည်းငယ်အတွင်းမှာ
    မင်းတို့မအလနဲ့ဘောမတစ်သိုက်
    ရှုံးတော့မယ်ဆိုတာ ...
    မင်းတို့လည်း အသေအချာသိသလို
    ငါတို့ဘက်ကလည်း သေချာနေပြီ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
    Replies
    1. ​သေချာလို့လား
      ငါ စိတ်မချ​သေးပါဘူး
      ငါတို့အညာ
      ပြာကျပြီးရင်း ပြာကျ
      မသာချ ရတာ​နေတိုင်းပါကွာ။

      Delete
  20. 🥷 အနိစ္စ ...

    @ အနိစ္စဆိုတာ ...
    လူတိုင်းနဲ့မကင်းနိုင်ဘူးဆိုပေမယ့်
    ကိုယ့်သမိုင်းမဆိုးခဲ့ဘို့လိုလိမ့်။

    🙂 စစ်မင်းထက်သာ

    ReplyDelete
  21. Wheel............dope.🏹🏹🏹

    ReplyDelete
  22. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  23. ကလစ်ပီးရင်းClick

    ReplyDelete

Post a Comment

Popular posts from this blog