မေ (သို့မဟုတ်) အာဏာရှင်ဖီဆန်သူ

မေ နှင့် ကျွန်တော် 
ဒီတော်လှန်ရေးမှာ
ဆုံဖြစ်တယ်
မေဟာ ငယ်ရွယ်သူပီပီ
လှပတယ် ဖျတ်လတ်တယ်
စိတ်သဘောထားကြီးတယ်

မေတို့ဇာတိက မြန်မာ့အလယ်ပိုင်း
မြစ်ကြီးနံဘေးက လှပတဲ့တစ်နေရာ
မေဟာ အာဏာရှင်ကို ဖီဆန်ထားသူ
လှပပြီး မြင်သူရင်အေးရသော
ဆရာမလေးတစ်ယောက်....

တစ်နေ့ 
ကျွန်တော် ရှေ့တန်းရောက်နေတုန်း
စာတစ်စောင်ဝင်လာတယ်
မေတို့နေရာ မီးရှို့ခံရပြီတဲ့

ကျနော့်မှာ စိတ်တွေလေပြီး
ဒေါသတွေထွက်လို့
မေတို့နေရာလေးလို
အခြားဘယ်နေရာတွေ
မီးရှို့ခံရပြီးပြီလဲ

တစ်နေ့ 
တော်လှန်ရေးကြီးပြီးရင်
မေတို့နေရာ ကျွန်တော်သွားဦးမှာပါ
အကယ်၍ ကျနော်ရောက်သွားတဲ့အခါ

မေတို့နေရာ 
ကျွန်တော်မှတ်မိနိုင်ပါ့ဦးမလားလို့ တွေးရင်း
တစ်ဖက်မှာလည်း 
အာဏာရှင်ကိုတိုက်ထုတ်နေရင်း။        ။

Zeus 

Comments

  1. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  2. ငြိမ်းချမ်းသွားတဲ့တစ်နေ့
    အတူဆုံချင်ပါသေးတယ်
    ဘေးရန်းကင်းရှင်းပြီး
    ကျန်းမာကြပါစေ
    🙏🙏🙏

    ReplyDelete
    Replies
    1. 😁😁ဘေးရန် 😁😁

      Delete
    2. အားပါသွားလို့နေမယ်😁

      Delete
    3. ဟုတ်အမ အားနည်းနည်းများသွားတယ် 🤭

      Delete
  3. ......ထိုက်တန်တဲ့ရင်းနှီးမှုတော့ရှိရမယ်
    မယုတ်မလွန်တဲ့ကြိုးစားမှု့တော့စိုက်ရမယ် နတ်စီတဲ့အိမ်မက်လှလှများလွယ်လွယ်နဲ့မရ.......

    ReplyDelete
  4. This comment has been removed by the author.

    ReplyDelete
  5. Don't give up easily!

    ReplyDelete
  6. အမြန်ဆုံး ဆုံဆည်းနိုင်ကြပါစေ♡

    ReplyDelete
    Replies
    1. ကျနော့ရဲ့ အပြာရောင်ရပ်၀န်းလေးရော အေးချမ်းပါရဲ့လား...♡

      Delete
    2. အင်း
      အေးချမ်းမယ်ထင်ပါရဲ့ ..⁠♡

      Delete
  7. ဒီလိုအခက်အခဲအတိုင်း
    အခက်အခဲတိုင်းပေါ့လေ ။
    ငါတိုဖြတ်ကျော်ပြီး
    ဖြတ်ကျော်ပြီး ဖြတ်ကျော်ကြတာပေါ့လေ ။

    -အောင်ချိမ့်

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
    2. ဒါပေမယ့် အဆင်ပြေချင်မှ ပြေပါလိမ့်မယ်။
      အဆင်ပြေချင်မှ ပြေပါလိမ့်မယ်။

      ယောက်ျားပဲ ဒါပေမယ့် အဆင်ပြေချင်မှ ပြေလိမ့်မယ်။
      ယောက်ျားကြီးများလဲ အဆင်မပြေပါဘူး။

      အဆင်မပြေဘူးလေ
      အဆင်မှ မပြေတာ
      ဘယ်လိုလုပ်မလဲ။

      အောင်ချိမ့်

      Delete
  8. This comment has been removed by the author.

    ReplyDelete
  9. 🙂 တစ်ခါတစ်လေ ...
    စိတ်ဓါတ်လည်းကျတယ်
    အားရပါးရ ...
    မိသားစုကိုစွန့်၊ ဘဝတွေကိုစွန့်
    အခြားနိုင်ငံမှာ ကျွန်ခံ ...
    ရနိုင်သလောက် ပန်းတိုင်ရောက်ဘို့
    အနေအစားဆင်းရဲခံပြီး၊ ကူညီ
    သတိရလို့ ...
    နောက်ပြန်လှည့်ကြည့်မိတော့
    ဪ ... ငါ့နောက်မှာ
    ဘယ်သူမှ ပါမလာပါလား။
    စစ်မင်းထက်သာ

    ReplyDelete
  10. 🙂 အခက်အခဲ ...

    @ အခက်အခဲဆိုတာ ...
    တစ်ကယ်လုပ်နေတဲ့သူမှသိတာ
    ထိုင်ကြည့်နေယုံ ...
    ပြောဆိုသုံးသပ်နေယုံနဲ့သိတာမဟုတ်ဘူး
    ဒါပေမယ့် ...
    ပူးပေါင်းကျော်လွှားရင် ရနိုင်တယ်။

    စစ်မင်းထက်သာ

    ReplyDelete
  11. Till the end
    Fighting together 💪

    ReplyDelete
  12. 🙂 အတိတ် ...

    @ ပြန်စဉ်းစားရင် ...
    အတိတ်ဆိုတာ၊ဟိုးအဝေးက
    အရိပ်လိုပါဘဲ၊
    မရှိတာလည်းမဟုတ် ...
    ဆုတ်ကိုင်ပြဘို့ဆိုတာလည်း
    တစ်ကယ်ရှိတော့တာမဟုတ်၊
    ဝိုးတစ်ဝါးနဲ့ ...
    စွဲမက်ခဲ့ရတာတော့
    အဟုတ်။

    စစ်မင်းထက်သာ

    ReplyDelete
  13. လမ်းဆုံးရင်လူချင်းတွေ့မှာပါဗျာ

    ReplyDelete
  14. 🥷 အချစ်နဲ့အမုန်း ...

    @ မေမြို့မှာနေစဉ်ကပေါ့ ...
    ငှက်ဖျားဖြစ်ပြီး ဆေးရုံတက်ရတယ်
    အပူကြီးပြီး သတိလစ်လစ်သွားတယ်
    မိဘနှစ်ပါးမရှိတော့ ...
    ဦးလေးတော်သူက အနီးကပ်အတွက်
    Special Nurse ငှါးပေးထားတယ်
    ကြာလာတော့ လူငယ်တို့သဘာဝ ...
    ခင်မင်တွယ်တာသံယောဇဉ်ဖြစ်လာတယ်
    ဆေးရုံက ဆင်းရတော့ ...
    ဘယ်နားကြည့်ကြည့် သူ့မျက်နှာလေးတွေ
    သစ်ရွက်ကြွေသံဟာ သူ့ခြေသံတွေများလား
    အမြဲတမ်းမြင်နေ ကြားနေရတယ်
    ဦးလေးပြောတော့ အချစ်ပေါ့တဲ့၊

    @ အခုလည်း ...
    အရင်တုံးကလိုဘဲ
    ဘယ်နေရာကြည့်ကြည့် ဒီမျက်နှာဒီမျက်နှာ
    ဘာသံတွေကြားကြား ဒီအသံဒီအသံ
    ဘယ်လိုဘဲတွေးတွေး ဒီအရေးဒီအရေး
    စဉ်းစားကြည့်လိုက်တော့ ...
    ရရာလက်နက်နဲ့ နှက်ချင်နေလေရဲ့
    သူငယ်ချင်းတွေပြောတော့ ...
    ဒီနွေဦးရဲ့ အမုန်းပေါ့တဲ့။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  15. This comment has been removed by the author.

    ReplyDelete
  16. အမြန်ပြန်လည်ဆုံးဆည်းကြပါစေ

    ReplyDelete
  17. 🥷 ရွှေမြို့တော် ...

    မိမိကိုယ်မိမိ ...
    ဂုဏ်ယူရမှာဖြစ်သလို
    ညီညီညွတ်ညွတ်နဲ့ ...
    မြို့တော်တွေဆီသို့
    တက်လှမ်းနိုင်ဘို့လည်း
    လိုပါတယ်။

    🥷 Fighting!
    စစ်မင်းထက်သာ

    ReplyDelete
  18. 🥷 နိုးထကြလော့ ...

    @ အမေစုကလည်း ...
    ပြည်သူ ...ပြည်သူသာအဓိကပါတဲ့
    CRPH, NUG ကလည်း ...
    ပြည်သူ ...ပြည်သူသာအားကိုးရာတဲ့
    EROS, PDF, UG ကလည်း ...
    ပြည်သူသာအမိ,ပြည်သူသာအဖတဲ့
    အဲ့ဒီတော့ဗျာ ...
    လက်သုံးချောင်းထောင်ခဲ့ကြသလို
    အခုလည်း ...
    ပြန်လည်နိုးထကြပါတော့။

    @ ဒီတစ်ခါရှုံးရင် ၈၈ ကထက်
    အဆ ၁၀၀၀ ပိုခံရမယ်
    ဆိုတာ မမေ့ပါနဲ့
    ဒါ့‌ကြောင့်နိုင်ရာ
    ဝန်ထမ်းကြပါစို့✊

    Credit !

    🥷 စစ်မင်းထက်သာ

    ReplyDelete
  19. 🥷 လူ့အသိတရား ...

    @ တစ်ကယ်ဒုက္ခဖြစ်နေရင် ...
    တိရိစ္ဆာန်လေးတွေတောင်
    ကူညီဘို့အသိတရားရှိနေတဲ့
    ဒီခေတ်ကြီးထဲမှာ ???
    လူတွေလူတွေဖြစ်နေပြီး ...
    ပြေးလွှားဒုက္ခရောက်နေရတဲ့သူတွေ
    စစ်ရှောင်ဒုက္ခခံစားနေရတဲ့သူတွေ
    မိသားစုမစုံတော့လို့ခံစားနေရတဲ့သူတွေ
    နေစရာအိမ်မရှိပြေးစရာမြေမရှိတဲ့သူတွေ
    ဒီလူတွေ ဒီလူတွေကိုကြည့်ပြီး ...
    ဝမ်းသာပီတိ လက်ခုတ်တီးနေတဲ့သူတွေ
    လူ့အသိတရားတော့ ရှိဘို့ကောင်းတယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  20. This comment has been removed by the author.

    ReplyDelete
  21. 🥷 အစမကျန်စေနှင့် ...

    @ တုံ့ဆိုင်းခြင်း မရှိလေနှင့်
    တွေဝေခြင်းလည်း မဖြစ်လေနှင့်
    ရန်သူမှန်လျှင် အစမကျန်စေနှင့်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  22. 🏇 စဉ်းစား ...

    @ ခင်ဗျားတို့ ...
    ဦးနှောက်ရှိတယ်ဆိုရင်
    ဘယ်ဘက်ကရပ်တည်မလဲစဉ်းစား
    ကျုပ်တို့ကတော့ ...
    အပေါင်းအပါအကုန်လုံး
    အပြုတ်တိုက်မယ့်ပွဲ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  23. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete

Post a Comment

Popular posts from this blog