ခွင့်မပြု

မိုး...
မိုးဦးရာသီတစ်နေ့မှာ
သူ နဲ့ ကျွန်မ
ရင်ခုန်သံတွေ ဖလှယ်ခဲ့ကြ။

မိုး...
မိုးဖွဲဖွဲကျတဲ့နေ့တွေမှာဆို
လွမ်းမောတမ်းတ
ချစ်သူဘဝ။

မိုး...
မိုးနှောင်းရာသီကုန်ဆုံးလုပြီ
တောထဲမှာ သူ...တစ်ယောက်
အဆင်မှပြေရဲ့လား။

မိုး...အိုကွယ်
ဘယ်အငြိုးရယ်နဲ့များ
အသင်...ရက်စက်စိမ်းကား
သူ့ဝိညာဉ်ကိုမှ
ရွေးချယ်စားသုံးရက်လေသလား။

မိုး...
ဒီနှစ်မင်းမလာပါနဲ့တော့
ရင်ထဲက သွေးမထွက်ဒဏ်ရာ
ထပ်မံ ကလူကြည်စယ်ဖို့ရာ။

မိုး...
ငါမဖိတ်ခေါ်ပါ
မင်းပြန်နိုင်ပါပြီ။      ။

စိုး🖤

Comments

  1. 🥰🥰🥰
    🌧️🌧️🌧️

    ReplyDelete
  2. Till the end
    Fighting together 💪

    ReplyDelete
  3. Firstly enlighten yourself is the key.

    ReplyDelete
  4. Replies
    1. 🌨️🌨️
      မိုး သေးသေးလေး ရွာတဲ့အခါ ...
      ထီးအကြီးကြီး ထုတ်မဆောင်းဖြစ်ဘူး ။
      တိုက်ပွဲဆိုတာ မျှတသင့်တယ်လို့
      ငါ ခံယူနေမိတုန်းပဲ ။

      - Error

      Delete
    2. မခေါ်ပဲလာ မနှင်ပဲပြေးသွားလေသော....

      Delete
    3. မျိုးကြီးရဲ့မိုး🎼🎧

      Delete
    4. အဆင်ပြေလားးးးးးး

      Rဇာနည်အသံဖြင့်😂😂

      Delete
    5. အဆင်ပြေရင် လက်ခုပ်သံလေးတချက်လောက် 😁

      Delete
  5. "ရင်ထဲက သွေးမထွက်ဒဏ်ရာ"😔

    ReplyDelete
  6. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  7. ရဲဘော်တို့ရေ you tube မှာ YGN Donation Channelလေးကို subscribe လေး ကူညီပေးပါဦးနော်🙏💪💪

    ReplyDelete
    Replies
    1. ခုလုပ်လိုက်ပါပီ

      Delete
  8. This comment has been removed by the author.

    ReplyDelete
  9. ....အားလုံးကိုကျော်ဖြတ်ရမယ်....သြော် တနေ့တော့...

    ReplyDelete
  10. သူအဆင်ပြေရဲ့လား

    ReplyDelete
    Replies
    1. ပြေအောင်ကြိုးစားနေပါတယ် ခင်ဗျာ

      Delete
  11. This comment has been removed by the author.

    ReplyDelete
    Replies
    1. ဒါပေမယ့် အဆင်ပြေချင်မှ ပြေပါလိမ့်မယ်။
      အဆင်ပြေချင်မှ ပြေပါလိမ့်မယ်။

      ယောက်ျားပဲ ဒါပေမယ့် အဆင်ပြေချင်မှ ပြေလိမ့်မယ်။
      ယောက်ျားကြီးများလဲ အဆင်မပြေပါဘူး။

      အဆင်မပြေဘူးလေ
      အဆင်မှ မပြေတာ
      ဘယ်လိုလုပ်မလဲ။

      အောင်ချိမ့်

      Delete
  12. အနာဂတ်ဆိုတာ
    အခြား ရွေးချယ်စရာမရှိတဲ့အရာပါပဲ
    ငါ ဘယ်တုန်းကမှ
    တကယ်မပျော်ရွှင်ခဲ့ပါ
    ငါလည်း စစ်လျော်ကြေး
    ရလိုပါတယ်။

    -အောင်ချိမ့်-

    ReplyDelete
    Replies
    1. ပူရှရှခံစားမှု
      နွေးလာတဲ့မျက်ဝန်းတစ်စုံ
      တုန်နေတဲ့လက်နှစ်ဖက်
      အမြည်းဆိုလားဘာဆိုလား
      ငါစားနေတာဆားရည်စိမ်သရက်
      ရင်ထဲကခံစားနေရတာကခပ်နွေးနွေးခပ်ဆွေးဆွေးဝေဒနါ
      အဲ့ဒါငါအရက်သမားပဲ...

      Delete
  13. အားတော့နာတယ် သူငယ်ချင်းတို့

    ဒီ တော်လှန်ရေးပြီးလို့
    ငါတို့ဆုံကြရင် ငါတို့စကားဝိုင်းက
    ဒီကာလမှာ မင်းဘာလုပ်ခဲ့လဲ?

    1 CDM လုပ်တဲ့ သူရဲကောင်းအဖွဲ့လား

    2 pdf အဖွဲ့လား

    3 UG အဖွဲ့လား

    4 Support အဖွဲ့လား

    5 ချီတက်ခဲ့တဲ့ သူရဲကောင်းလား

    6 ညစဉ် သံပုံးတီးလား

    7 Key board fighter လား

    8 လူထုအတွက် ပရဟိတကူခဲ့လား

    9 နေ့စဉ် အိမ်မှာဘုရားစာတွေရွတ်ပြီး ဆုတောင်းပေးနေလား

    10 အပြင်ထွက်နေတဲ့ PDFတွေကို
    လက်ခုပ်တီး အားပေးခဲ့ဘူးလား

    11 Freeride တွေလုပ်ပီး လိုက်ပို့ပေးနေတာလား

    လူစိတ်ရှိတဲ့လူဆိုရင်
    အနည်းဆုံးတစ်ခုခုတော့လုပ်ဖူးရမှာပေါ့..

    လိပ်ပြာလုံမှ
    ငါတို့သူငယ်ချင်းအဖွဲ့ထဲ လာပါ..

    တစ်ခုမှ မလုပ်ခဲ့ရင်တော့
    ဒီ တော်လှန်ရေး​ကြီးပီးသွားလို့ 😎

    မင်း စောက်ရှက် မရှိရင် လာပေါင်းပေါ့ကွာ ..!
    စစ်မင်းထက်သာ

    ReplyDelete
  14. အလင်းမရှိခဲ့ ငါ့ဘဝလဲ
    မင်းချန်ခဲ့တာ မိုး​ရေထဲ ...
    ပြန်လာမယ်​ပြောခဲ့သူ
    အခုထိ ငါ​စောင့်​နေ ...

    ReplyDelete
    Replies
    1. ‌ေြပာက်နေတယ်နော်အဆင်‌ေြပရဲ့လား

      Delete
    2. ​ပြေပါတယ်ဗျ 😅😅😅

      Delete
  15. 🙂 ပြည့်အင်အား ...

    @ ပဏာတင့်လှတဲ့ ...
    ဧရာဝတီတိုင်း အဝိုင်းကြီးတစ်ခုမှာ
    " ပြည့်အင်အားသည် ...
    ပြည်တွင်းမှာဘဲရှိသည် "တဲ့
    မှန်ပါသည် ...
    " ရိုးသားကြိုးစား၊ဧရာဝတီသား"များ၏
    ပြည်ချစ်အားသည် တိုင်းအတွင်းမှာပင်၊

    @ ဤပြည်ချစ်အားကြောင့် ...
    တစ်ချို့ အသက်စတေးခဲ့ရ၏
    တစ်ချို့ ဘယ်ဆီဘယ်ဝယ်ထောင်ထဲမှာ
    တစ်ချို့ စစ်ကြောရေးမှာနှိက်စက်ခံဘဝ
    တစ်ချို့ လက်နက်ကိုင်နေရ
    စသည်စသည်ဖြင့်၊

    @ ထို့ကြောင့် ...ထို့ကြောင့် ...
    ဤအရာများ၊အလကားမဖြစ်ရလေအောင်
    မင်းတို့ ငါတို့ ... ကလစ်နှိပ်ကြစို့။

    စစ်မင်းထက်သာ

    ReplyDelete
  16. This comment has been removed by the author.

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
  17. 🙂 အမှားကြီး
    မှားနေပြီသူငယ်ချင်း ...

    @ စိတ်(သို့)စေတသိတ်ကို ...
    ထိရောက်အောင်အသုံးချနိုင်လျှင်
    မြင့်မြတ်ကောင်းမွန်သော ...
    ဘုံဘဝကိုရောက်ရှိနိုင်သလို
    အများသူငါပြည်သူတွေကိုလည်း ...
    သာယာဝပြောသော ဘုံဘဝလေးတွေ
    မင်း ဖန်တီးပေးနိုင်တယ်သူငယ်ချင်း၊

    @ ဒါပေမယ့် ...
    မင်းရဲ့စိတ်ကို မထိန်းကျောင်းနိုင်ခဲ့ရင်
    စစ်မှန်သောတရားကိုပေးတဲ့ ...
    ပတ်ဝန်းကျင် မင်းအနားမရှိခဲ့ရင်
    မင်း မှားပြီးရင်းမှားတော့မှာ
    အသေအချာဘဲသူငယ်ချင်း
    ဒီလမ်းကို မင်းဆက်လှမ်းနေရင်တော့ ...
    အမှားကြီး မှားနေပြီသူငယ်ချင်း။

    စစ်မင်းထက်သာ

    ReplyDelete
  18. 🙂 မတူပါဘူး ...

    @ ကြောက်တတ်တာနဲ့ ...
    တာဝန်မဲ့တတ်တာ မတူပါဘူး
    ကိုယ်လုပ်မှကိုယ်စားရတာနဲ့ ...
    ရေသာခိုအချောင်လိုက်တာ မတူပါဘူး
    ဘာသာရေးစည်းရိုးထိုးတာနဲ့ ...
    ကိုယ်ချင်းစာတရားမထားတာ မတူပါဘူး
    အဖွဲ့အစည်းတစ်ခုချစ်တာနဲ့ ...
    တိုင်းသူပြည်သားကိုချစ်တာ မတူပါဘူး
    ဘာသာတရားသက်ဝင်ယုံကြည်မှုနဲ့ ...
    မနာလိုအကြမ်းဖက်တာ မတူပါဘူး
    ဘာသာတရားပျောက်မှာစိုးတာနဲ့ ...
    အဓမ္မဘက်စုံလုံးမှိတ်လိုက်တာ မတူပါဘူး။

    စစ်မင်းထက်သာ

    ReplyDelete
  19. 🙂 သွေးလည်းမကွဲပါ ...
    ဘေးလည်းခွဲမထွက်ပါ
    အောင်မြင်ရေးအချက် ...
    ပြည်သူ့အတွက် ရှေ့ဆက်မည်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  20. 🥷 အနိစ္စ ...

    @ အနိစ္စဆိုတာ ...
    လူတိုင်းနဲ့မကင်းနိုင်ဘူးဆိုပေမယ့်
    ကိုယ့်သမိုင်းမဆိုးခဲ့ဘို့လိုလိမ့်။

    🙂 စစ်မင်းထက်သာ

    ReplyDelete
  21. 🙂 ငှက်ဆိုး ...

    @ ငှက်ဆိုးကို ...
    ပစ်ချရှင်းထုတ်နိုင်မှ
    ပြည်သူအသက်ဆက်နိုင်ပါလိမ့်မယ်။

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  22. အဆင်ပြေရဲ့လား ကောင်လေးရေ🤗

    ReplyDelete
  23. Wheel............dope.🏹🏹🏹

    ReplyDelete
  24. ကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ

    ReplyDelete
  25. Fighting
    Click,click,click.........

    ReplyDelete
  26. မိုးးး 🌧🌧🌧
    မိုး​တွေ ရွာ​နေတယ် သိပ်သတိရတာပဲ

    ReplyDelete

Post a Comment

Popular posts from this blog