သူငယ်ချင်းထံပေးစာ (၄)

အားနာတာဟာ အားနည်းချက်ပါတဲ့
ဒီလို ရှာဖွေတွေ့ရှိခဲ့
ခေတ်ထဲ၊

တို့လူမျိုးများ
သိပ်အားနာတတ်တယ်၊

သူငယ်ချင်းရေ
ဒီတခါ...ငါတို့
ယုံယုံကြည်ကြည် အားနာတတ်ဖို့လိုတယ်။      ။ 

ရင်သွေး
Photo Credit to Owner 

Comments

  1. Replies
    1. ရှင့်
      🥰🥰🥰

      Delete
    2. Bro Linn Satt ရော Clicker တွေရော ဂရုစိုက်ကြပါ
      ဒီဘက်မှာ ဧည့်စာရင်းအကြောင်းပြ အစစ်အဆေးတွေ ကြမ်းနေတယ်

      Delete
    3. အားလုံး အထူးဂရုစိုက်ကြပါ
      ဘေးကင်းကြပါစေ 🙏🙏🙏

      Delete
    4. ဟုတ်ကဲ့ပါဗျ
      တောထဲမှာမို့အေးဆေးပါဗျ

      Delete
    5. မီးမီးလည်း သဘောကျလို့ 😁မမတို့လည်း ဂရုစိုက်ပါ

      Delete
    6. မီးမီးလည်းဂရုစိုက်ပါ
      အပင်ပေါ်တွေ လျှောက်မတက်နဲ့ 🤭😅

      Delete
    7. ဒလန်ရှိနေပီ🌝

      Delete
  2. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  3. အားတင်းထားကြမယ် သူငယ်ချင်း 💪🏻💪🏻💜💜💜

    ReplyDelete
  4. 😡 စောက်သဲပေါက်လို့ ...

    # NUG,CRPHမှာ တာဝန်ရှိလာပြီ ...

    # Credit !
    မဖြေတဲ့သူပဲ ကျတဲ့စာမေးပွဲကို
    ဘာတွေဂုဏ်ဆာနေကြတာလဲ 😆😆
    အမှတ်နည်းလဲ စိတ်မကောင်းမဖြစ်နဲ့
    ဆေးကျောင်းက အမှတ်မလိုဘူးတက်လို့ရတယ်
    တစ်ခုပဲ ဘယ်နှစ်ခုနစ်က ဆယ်တန်းအောင်တာလဲ ဘယ်နှစ်ခုနစ်မှာ ဆေးကျောင်းတက်တာလဲ
    မေးရင်သာ လိပ်ပြာလုံလုံ ဖြေနိုင်ကြပါစေ 😊

    # နိုင်ငံတော်ကြီး ...
    သနားပါတယ်ဗျာ
    အရာရာ၊တစ်စစီတစ်စစီ
    ပျက်စီးသွားပြီ
    # အရည်အချင်းမပြည့်တဲ့ မအလနဲ့
    အရည်အချင်းမရှိတဲ့ ကျောင်းသားတွေနဲ့
    တွေ့ကြပြီပေါ့ 😃🤪😃🤪😃🤪😃🤪

    စစ်မင်းထက်သာ

    ReplyDelete
  5. Till the end
    Fighting together 💪

    ReplyDelete
  6. ယုံယုံကြည်ကြည်
    သဒ္ဓါညီလို့
    ​သည်တစ်ခါ​တော့ အားနာတယ်။

    ReplyDelete
    Replies
    1. အားနာတယ်ဆိုတာနဲ့ ကိုယ်ချင်းစာစိတ်ဆိုတာ ထပ်တူကျမယ်ထင်တယ်နော်

      Delete
  7. This comment has been removed by the author.

    ReplyDelete
  8. 🙂 စကားပြောသော
    တစ်ချို့အရာများ ...

    @ လောကကြီးဟာ ...
    လူတွေက သတိမထားမိလို့ပါ
    သက်ရှိတွေ စကားပြောတတ်သလို
    သက်မဲ့တွေလည်း စကားပြောတတ်တယ်

    @ စာတွေ ...
    ကဗျာတွေဟာ
    သက်မဲ့ဖြစ်သလို
    ပန်းချီတွေ ...
    ကာတွန်းတွေဟာလည်း
    သက်မဲ့ပါဘဲလေ

    @ ဒါပေမယ့် ...
    သူတို့တွေလည်း
    စကားပြောတတ်တယ်ဆိုတာ
    လူတွေသတိမထားမိကြတာပါဘဲ။

    စစ်မင်းထက်သာ

    ReplyDelete
  9. This comment has been removed by the author.

    ReplyDelete
  10. 🙂 စံနစ် ...

    @ အနှစ်လည်းမရှိ ...
    အချစ်လည်းမရှိ
    ဒီခေတ်နဲ့ဒီစံနစ်၊
    ဥပေက္ခာတရား ...
    လက်ကိုင်ထားတဲ့ခေတ်
    ကိုယ်ချင်းစာတရား ...
    လုံးဝမထားတဲ့ စံနစ်
    ဒီခေတ်ဒီစံနစ်လောက် ...
    စိတ်ပျက်စရာရှိမည် မထင်ပါ။

    စစ်မင်းထက်သာ

    ReplyDelete
  11. အားနာတတ်ခဲ့လို့
    ခဏခဏခံခဲ့ရဖူးပီ😁😁

    ReplyDelete
  12. 🙂 မတူပါဘူး ...

    @ ကြောက်တတ်တာနဲ့ ...
    တာဝန်မဲ့တတ်တာ မတူပါဘူး
    ကိုယ်လုပ်မှကိုယ်စားရတာနဲ့ ...
    ရေသာခိုအချောင်လိုက်တာ မတူပါဘူး
    ဘာသာရေးစည်းရိုးထိုးတာနဲ့ ...
    ကိုယ်ချင်းစာတရားမထားတာ မတူပါဘူး
    အဖွဲ့အစည်းတစ်ခုချစ်တာနဲ့ ...
    တိုင်းသူပြည်သားကိုချစ်တာ မတူပါဘူး
    ဘာသာတရားသက်ဝင်ယုံကြည်မှုနဲ့ ...
    မနာလိုအကြမ်းဖက်တာ မတူပါဘူး
    ဘာသာတရားပျောက်မှာစိုးတာနဲ့ ...
    အဓမ္မဘက်စုံလုံးမှိတ်လိုက်တာ မတူပါဘူး။

    စစ်မင်းထက်သာ

    ReplyDelete
  13. 🥷 အချစ်နဲ့အမုန်း ...

    @ မေမြို့မှာနေစဉ်ကပေါ့ ...
    ငှက်ဖျားဖြစ်ပြီး ဆေးရုံတက်ရတယ်
    အပူကြီးပြီး သတိလစ်လစ်သွားတယ်
    မိဘနှစ်ပါးမရှိတော့ ...
    ဦးလေးတော်သူက အနီးကပ်အတွက်
    Special Nurse ငှါးပေးထားတယ်
    ကြာလာတော့ လူငယ်တို့သဘာဝ ...
    ခင်မင်တွယ်တာသံယောဇဉ်ဖြစ်လာတယ်
    ဆေးရုံက ဆင်းရတော့ ...
    ဘယ်နားကြည့်ကြည့် သူ့မျက်နှာလေးတွေ
    သစ်ရွက်ကြွေသံဟာ သူ့ခြေသံတွေများလား
    အမြဲတမ်းမြင်နေ ကြားနေရတယ်
    ဦးလေးပြောတော့ အချစ်ပေါ့တဲ့၊

    @ အခုလည်း ...
    အရင်တုံးကလိုဘဲ
    ဘယ်နေရာကြည့်ကြည့် ဒီမျက်နှာဒီမျက်နှာ
    ဘာသံတွေကြားကြား ဒီအသံဒီအသံ
    ဘယ်လိုဘဲတွေးတွေး ဒီအရေးဒီအရေး
    စဉ်းစားကြည့်လိုက်တော့ ...
    ရရာလက်နက်နဲ့ နှက်ချင်နေလေရဲ့
    သူငယ်ချင်းတွေပြောတော့ ...
    ဒီနွေဦးရဲ့ အမုန်းပေါ့တဲ့။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  14. This comment has been removed by the author.

    ReplyDelete
    Replies
    1. ရူးစမ်း
      အာဏာသာ မရူးနဲ့
      တဏှာသာ မရူးနဲ့
      ရူးတာ ဘာမှ ရှက်စရာ မရှိဘူး

      ခက်သီ

      Delete
  15. 🥷 ကျွန်ုပ်၏ယုံကြည်ချက် ...

    @ ရှေ့မှဦးဆောင် ...
    တိုက်ပေးမယ့်သူရှိလာလျှင်
    နောက်မှလိုက်မယ့် ...
    ဒါးသွေးစောင့်နေတဲ့သူ
    မြို့အနှံ့နယ်အနှံ့မှပြည်သူ
    အများကြီးရှိနေပြီလို့ ...
    ကျွန်ုပ်ယုံကြည်တယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  16. This comment has been removed by the author.

    ReplyDelete
  17. ဇွဲ
    အရှုံးမပေးနဲ့ဟေ့.....
    အနာဂါတ်အတွက်တိုက်ပွဲ၀င်လွတ်လပ်ခြင်းဟာတခုတည်းသောအဖြေ မိန်းမတွေဟာယောက်ျားတွေနဲ့တန်းတူ
    ရှေ့သို့သာချီတက်ကြဟေ့ ......
    မင်းမှာငွေအများကြီးမရှိဘူး
    ဒါပေမယ့်......
    မင်းမှာလွတ်မြောက်ချင်တဲ့စိတ်ဓါတ်ရှိနေတယ် မင်းမှာအသိနဲ့ပညာရှိတယ်
    အရှုံးမပေးနဲ့ဟေ့......
    ကိုယ့်တရားကိုယ်စီရင်
    မညည်းနဲ့ဆင်ခြေတွေမပေးနဲ့
    အကောင်းမြင်တွေးထား
    (ကက်သရင်း ဟက်ဘန်း - အမေရိကန်သရုပ်ဆောင်)

    ReplyDelete
  18. 🥷 အနိစ္စ ...

    @ အနိစ္စဆိုတာ ...
    လူတိုင်းနဲ့မကင်းနိုင်ဘူးဆိုပေမယ့်
    ကိုယ့်သမိုင်းမဆိုးခဲ့ဘို့လိုလိမ့်။

    🙂 စစ်မင်းထက်သာ

    ReplyDelete
  19. ​တော်လှန်​ရေးကြီး ပြီးရင်
    ငါတို့​တွေ...
    ပွင့်ပွင့်လင်းလင်း ချစ်ကြစို့။

    ReplyDelete
    Replies
    1. ဝိုးးးး
      ချစ်နိုင်ကြပါစေ
      (⁠。⁠♡⁠‿⁠♡⁠。⁠)

      Delete
    2. ချစ်နိုင်ကြပါစေခင်ဗျာ

      Delete
  20. Wheel............dope.🏹🏹🏹

    ReplyDelete
  21. အားနည်းချက်ကို ​ပြောပါဆိုရင် အားနာတတ်တာကို အရင်​ဆုံး ​ပြောတာပဲ 😅

    ReplyDelete
  22. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  23. အားနာလို့ခါးပါပါ

    ReplyDelete

Post a Comment

Popular posts from this blog