တသက်မခွဲမခွာဘဲ
ထန်းရွက်တဲမှာပဲ နေချင်တယ်။

ကြာသလားပေါ့
တမာအခါးကို အတို့အမြှုပ်
လုပ်ကျွေးပါ့မယ်။

တမာရိပ်မှာလည်း
ကဗျာနိမိတ်တွေ နှစ်‌ယောက်ဖလှယ်
တစ်‌ယောက်ရယ်တော့ တစ်ယောက်ကြည်နူး။

သောကအပူ
ဟော မျှအတူခံစား ရင်း
အဖန်ဖန်အားတွေဖြည့်ဖို့ရယ်
(ချစ်သူရေ)
မွေ့တဲ့ စိတ်ကူး။    ။

      
LinnSatt

Comments

  1. Now how do you do daily life research?
    How many clicks did I click today? What channel is left?
    Are our comrades tired today, comfortable, and well? Where, how to help, how much to donate, what have you done?
    This is what daily life research is all about

    This is the function of our present life, our success.

    We never lose because we do not give up.We are winner.

    ...........Htet❤..........

    ReplyDelete
  2. .....အနာဂါတ်တွေရဲ့အိမ်မက်တွေကိုလှပစေချင်တယ် ငါ့အိမ်မက်တွေမလှပခဲ့တဲ့အတွက်.....

    ReplyDelete
  3. သံယောဇဉ်ကို
    ဝက်သားတုတ်ထိုးလို
    ပါးပါးလေးလှီးပြီးမေတ္တာရည်နဲ့စိမ်ထားတယ်
    တန်ရာတန်ကြေးအတွက်မင်းပဲဆုံးဖြတ်ပါ။

    ReplyDelete
    Replies
    1. ငါပျိုးထားတဲ့ ပန်း....
      ငွေနဲ့ဝယ် နမ်းသွားတဲ့ကောင်လည်း
      မုန်းတယ် ..

      "တူနှစ်ကိုယ် တဲအိုပျက်" ပုံပြင်ကို
      စိတ်ကူးနဲ့ရူးတဲ့ ငါ့ကိုယ်ငါလည်း မုန်းတယ်..

      # ဆန်းကျော်စွာဝင်း

      Delete
    2. နိဗ္ဗာန်ဆိုတာ
      ကိုယ်နဲ့ အဝေးကြီးပဲ
      မင်းကို ချစ်မိလို ကျမယ့်ငရဲဟာ
      ဘယ်နှစ်ထပ်ရှိလဲ
      ငါ ခုန်ဆင်းခဲ့ပါ့မယ်။

      ကြည်ဇော်အေး

      Delete
    3. ချစ်မိတာ ငရဲမကျပါဘူး
      ​ဒေါသနဲ့ ဖြဲမှ ငရဲ
      ​လောဘနဲ့ စွဲ​တော့ သရဲ
      ​​ဖြေး​ဖြေး​တော့ ချစ်​ပေါ့ဟ

      Delete
    4. ဟားဟား ,,, ဟုတ်ပါပြီဗျာ...

      Delete
  4. This comment has been removed by the author.

    ReplyDelete
  5. 🙂 အညတရ ...

    @ သပိတ်တိုက်ပွဲ ..
    အစမှအဆုံး သူပါဝင်ခဲ့
    မထင်မရှား အညတရအနေနဲ့၊

    @ CDMစတော့လည်း ...
    အခုအထိ သူပါဝင်စဲ
    မိသားစုအရေး ...
    သူမျှော်တွေးလို့ မထင်မရှား
    အညတရအနေနဲ့၊

    @ PDF,UGတော်လှန်ရေးလည်း ...
    သူမနေသာ အခါခါအကြံဉာဏ်ပေး
    ရင်တလေးလေးနဲ့ ထောက်ပို့အရေးပါ
    နေရာတကာ အညတရအနေနဲ့၊

    @ ကိုယ့်အတွက် ...
    နေရာ အတည်အကျမရှိ
    မိသားစုလည်း ဘယ်ရောက်သည်မသိ
    သူစိတ်ထဲမှာ တော်လှန်ရေးအသိဘဲရှိ
    အညတရဘဝလေး ဆိုးပါဘိ။

    စစ်မင်းထက်သာ

    ReplyDelete
  6. အမှန်ပြောရရင် ကဗျာတွေဆိုတာ
    ခုမှ ခံစားပြီးဖတ်ဖူးတာပါ ကဗျာဆရာတိုင်းကို လေးစားပါတယ် 🥰🥰🥰

    ReplyDelete
  7. This comment has been removed by the author.

    ReplyDelete
  8. တရက်မပျက် ကလစ်လျက်
    လိပ်ပြာလုံဖို့ click စို့...

    ReplyDelete
  9. This comment has been removed by the author.

    ReplyDelete
  10. Till the end
    Fighting together 💪

    ReplyDelete
  11. 🙂 ခေတ်သစ်ပြည်ဖျက်များ ...

    @ အဓမ္မဘက်က ...
    Planချပြီး၊ညီညီညွတ်ညွတ်နဲ့
    ဖမ်းဆီးနှိမ်နှင်း သတ်ဖြတ်တယ်
    ပြည်သူတွေ ...
    မလှုပ်ရဲအောင်၊ရပ်ကွက်ကျေးရွာအထိ
    ကြမ်းပြရမ်းပြတယ်
    နှုတ်ကထွက်တဲ့ဥပဒေနဲ့ ...
    တရားစွဲထောင်ချနှိပ်စက်တယ်
    EROS,PDF,UGတွေ ...
    ရရာနည်းနဲ့နှိပ်ကွပ်တယ်
    မိသားစုတွေ မစုံတော့ဘူး
    သူငယ်ချင်းတွေလည်းမစုံတော့ဘူး
    နေစရာအိမ်မရှိ၊ပြေးစရာမြေမရှိ
    အတိဒုက္ခအသီးသီး၊ရောက်ကြရတယ်
    ကိုယ့်ဘက်ကြတော့ ...
    အများစု သွေးအေးသွားကြပြီ
    ဒုက္ခတွေရင်စီးပြီး နေသာသလိုနေလာတယ်
    ကိုယ်နဲ့မဆိုင်သလို ရေသာခိုလာတယ်
    ဒီလိုသာ ဒီလိုလူတွေများလာမယ်ဆိုရင် ...
    ကြောင်ခံတွင်းပျက်နဲ့ ဇရက်တောင်ပံကျိုး
    အမျိုးမျိုးနဲ့ တိုင်းပြည်ပျက်တော့မယ်။

    စစ်မင်းထက်သာ

    ReplyDelete
  12. This comment has been removed by the author.

    ReplyDelete
  13. 🥷 အလုပ် ...

    @ အပြောလွယ်သလောက် ...
    လက်တွေ့မှာအလုပ်ခက်တယ်တဲ့
    တစ်ခါတစ်လေ ...
    အလုပ်ကလွယ်ပြီး
    အပြောကဘာမှမဖြစ်တာ
    တွေ့ကြပါလိမ့်မယ်။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  14. This comment has been removed by the author.

    ReplyDelete
  15. 🥷 ဥပဒေ ...

    🤨 ပြည်သူတွေ ...
    ကြွယ်ဝချမ်းသာတဲ့နိုင်ငံတွေမှာတောင်
    မထုတ်တဲ့ဥပဒေတွေကို
    မင်းတို့ကိုယ်ကျိုးအတွက် ...
    ဆက်ဆက်ထုတ်နေမယ်ဆိုရင်
    မင်းတို့အာဏာဆုံးရှုံးရုံမက
    မင်းတို့လည်းကျဆုံးရလိမ့်မယ်။

    🙂 စစ်မင်းထက်သာ

    ReplyDelete
  16. 🥷 မလွဲဧကန် ...

    @ ဘာသာရေးကိုခုတုံးလုပ် ...
    ပြည်သူကို ဂုတ်သွေးစုပ်
    ပြည်သူ့လစာ ထမင်းလုပ်ပြီး
    ပြည်သူကို ပြန်သတ်နေမှတော့
    ဇက်ပိုးနင့်ပြီး ...
    မကြာခင်သေဇတ်ခင်းရမှာ
    မလွဲဧကန်ပေါ့ မအလတစ်သိုက်ရေ။

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  17. ရိပ်တမာကြိုက်ပေမင့်
    ခါးတမာတော့မစားနိုင်
    ချစ်သူရေ
    မဲ့မယ့်စိတ်ကူး
    😁✌️🌻

    ReplyDelete
    Replies
    1. မင်းမျက်နှာလေးတစ်ချက်ညှိုးမှာကိုအရမ်းစိုးရိမ်ပါတယ်February 14, 2023 at 11:19 PM

      ✌️

      Delete
  18. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  19. အယ့်လယ့် မတ်မတ်လင်းတို့က​တော့ မိုက်သဟ 😄😄😄

    ReplyDelete
  20. Wheel............dope.🏹🏹🏹

    ReplyDelete
  21. ချစ်သူ​ရေ.. .. 💗

    ReplyDelete
  22. Fighting
    Click,click,click.......

    ReplyDelete

Post a Comment

Popular posts from this blog