ရှင်သန်ခြင်း

ဘဝဆိုတာက
ဘုန်းတော်ကြီး သပိတ်လုံးလို၊
လောင်းလှူသမျှကို ငြင်းပါယ်ခွင့်မရ။
ငါ့မှာ...
လောကဓံကို ဗက်လပိုင်စားပြီး
ကုသိုလ်တရား ပွားများရပါတယ်။         ။


ရင်သွေး

Comments

  1. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  2. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  3. This comment has been removed by the author.

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
    2. This comment has been removed by the author.

      Delete
    3. This comment has been removed by the author.

      Delete
  4. This comment has been removed by the author.

    ReplyDelete
  5. .....လွှတ်ချပလိုက်ချင်ရဲ့ ချုပ်တည်းနေရတဲ့စိတ်ကို ......စတေးခံခဲ့ရတဲ့/ခံနေဆဲဘ၀တွေ နဲ့ အနာဂါတ်ဘ၀များစွာအတွက်ဆိုတဲ့......မျှော်လင့်ချက်တွေနဲ့အားမာန်တင်းကာဆက်လျှောက်နေဆဲပေါ့........

    ReplyDelete
  6. This comment has been removed by the author.

    ReplyDelete
  7. ကျန်းမာချမ်းသာကြစေ

    ReplyDelete
  8. This comment has been removed by the author.

    ReplyDelete
  9. ဟူး

    သက်ပြင်းပူတွေ

    နှာသီးကနေထွက်သွားတယ် ။

    ReplyDelete
  10. ဘဝကို ဉာဏ်ဦးစီးလို့ကြည့်ပါ
    ကံ ဦးစီး​နေသမျှ​တော့
    ကုသိုလ် အကုသိုလ် စီးချင်းထိုးပွဲမှာ
    အရင်းနှီး ​တွေ အကုန်ပြုတ်
    လက္ခဏာ အနှုတ်ပြရင်း
    ဗုဒ္ဓဘုရားနဲ့ ​ဝေးသွားလိမ့်မယ်။

    ReplyDelete
  11. 🍁🍁 take care🧡

    ReplyDelete
  12. 🙂 တစ်ခါတစ်လေ ...
    စိတ်ဓါတ်လည်းကျတယ်
    အားရပါးရ ...
    မိသားစုကိုစွန့်၊ ဘဝတွေကိုစွန့်
    အခြားနိုင်ငံမှာ ကျွန်ခံ ...
    ရနိုင်သလောက် ပန်းတိုင်ရောက်ဘို့
    အနေအစားဆင်းရဲခံပြီး၊ ကူညီ
    သတိရလို့ ...
    နောက်ပြန်လှည့်ကြည့်မိတော့
    ဪ ... ငါ့နောက်မှာ
    ဘယ်သူမှ ပါမလာပါလား။
    စစ်မင်းထက်သာ

    ReplyDelete
  13. အဲ့သပိတ်ကြီးငါ့မှာရှိနေတယ်
    ယဖ ရဲ့

    ReplyDelete
  14. ငြင်းပယ်ခွင့်မရခံပါဘူး😔

    ReplyDelete
  15. Till the end
    Fighting together 💪

    ReplyDelete
  16. 🙂 အတိတ် ...

    @ ပြန်စဉ်းစားရင် ...
    အတိတ်ဆိုတာ၊ဟိုးအဝေးက
    အရိပ်လိုပါဘဲ၊
    မရှိတာလည်းမဟုတ် ...
    ဆုတ်ကိုင်ပြဘို့ဆိုတာလည်း
    တစ်ကယ်ရှိတော့တာမဟုတ်၊
    ဝိုးတစ်ဝါးနဲ့ ...
    စွဲမက်ခဲ့ရတာတော့
    အဟုတ်။

    စစ်မင်းထက်သာ

    ReplyDelete
  17. 🥷 အချစ်နဲ့အမုန်း ...

    @ မေမြို့မှာနေစဉ်ကပေါ့ ...
    ငှက်ဖျားဖြစ်ပြီး ဆေးရုံတက်ရတယ်
    အပူကြီးပြီး သတိလစ်လစ်သွားတယ်
    မိဘနှစ်ပါးမရှိတော့ ...
    ဦးလေးတော်သူက အနီးကပ်အတွက်
    Special Nurse ငှါးပေးထားတယ်
    ကြာလာတော့ လူငယ်တို့သဘာဝ ...
    ခင်မင်တွယ်တာသံယောဇဉ်ဖြစ်လာတယ်
    ဆေးရုံက ဆင်းရတော့ ...
    ဘယ်နားကြည့်ကြည့် သူ့မျက်နှာလေးတွေ
    သစ်ရွက်ကြွေသံဟာ သူ့ခြေသံတွေများလား
    အမြဲတမ်းမြင်နေ ကြားနေရတယ်
    ဦးလေးပြောတော့ အချစ်ပေါ့တဲ့၊

    @ အခုလည်း ...
    အရင်တုံးကလိုဘဲ
    ဘယ်နေရာကြည့်ကြည့် ဒီမျက်နှာဒီမျက်နှာ
    ဘာသံတွေကြားကြား ဒီအသံဒီအသံ
    ဘယ်လိုဘဲတွေးတွေး ဒီအရေးဒီအရေး
    စဉ်းစားကြည့်လိုက်တော့ ...
    ရရာလက်နက်နဲ့ နှက်ချင်နေလေရဲ့
    သူငယ်ချင်းတွေပြောတော့ ...
    ဒီနွေဦးရဲ့ အမုန်းပေါ့တဲ့။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  18. 🥷 ရွှေမြို့တော် ...

    မိမိကိုယ်မိမိ ...
    ဂုဏ်ယူရမှာဖြစ်သလို
    ညီညီညွတ်ညွတ်နဲ့ ...
    မြို့တော်တွေဆီသို့
    တက်လှမ်းနိုင်ဘို့လည်း
    လိုပါတယ်။

    🥷 Fighting!
    စစ်မင်းထက်သာ

    ReplyDelete
  19. ရယ်စရာ​ကောင်းလိုက်တာ ​ရေးတတ်တယ်

    ReplyDelete
  20. 🥷 နိုးထကြလော့ ...

    @ အမေစုကလည်း ...
    ပြည်သူ ...ပြည်သူသာအဓိကပါတဲ့
    CRPH, NUG ကလည်း ...
    ပြည်သူ ...ပြည်သူသာအားကိုးရာတဲ့
    EROS, PDF, UG ကလည်း ...
    ပြည်သူသာအမိ,ပြည်သူသာအဖတဲ့
    အဲ့ဒီတော့ဗျာ ...
    လက်သုံးချောင်းထောင်ခဲ့ကြသလို
    အခုလည်း ...
    ပြန်လည်နိုးထကြပါတော့။

    @ ဒီတစ်ခါရှုံးရင် ၈၈ ကထက်
    အဆ ၁၀၀၀ ပိုခံရမယ်
    ဆိုတာ မမေ့ပါနဲ့
    ဒါ့‌ကြောင့်နိုင်ရာ
    ဝန်ထမ်းကြပါစို့✊

    Credit !

    🥷 စစ်မင်းထက်သာ

    ReplyDelete
  21. This comment has been removed by the author.

    ReplyDelete
  22. 🥷 လူ့အသိတရား ...

    @ တစ်ကယ်ဒုက္ခဖြစ်နေရင် ...
    တိရိစ္ဆာန်လေးတွေတောင်
    ကူညီဘို့အသိတရားရှိနေတဲ့
    ဒီခေတ်ကြီးထဲမှာ ???
    လူတွေလူတွေဖြစ်နေပြီး ...
    ပြေးလွှားဒုက္ခရောက်နေရတဲ့သူတွေ
    စစ်ရှောင်ဒုက္ခခံစားနေရတဲ့သူတွေ
    မိသားစုမစုံတော့လို့ခံစားနေရတဲ့သူတွေ
    နေစရာအိမ်မရှိပြေးစရာမြေမရှိတဲ့သူတွေ
    ဒီလူတွေ ဒီလူတွေကိုကြည့်ပြီး ...
    ဝမ်းသာပီတိ လက်ခုတ်တီးနေတဲ့သူတွေ
    လူ့အသိတရားတော့ ရှိဘို့ကောင်းတယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  23. ရှင်သန်ခြင်းကခက်ခဲကြမ်းတမ်းတယ်ဆိုတာ ခေတ်ပျက်ကြီးထဲမှာပိုလို့သိသာစေပေါ့....

    ReplyDelete
  24. 🥷 အစမကျန်စေနှင့် ...

    @ တုံ့ဆိုင်းခြင်း မရှိလေနှင့်
    တွေဝေခြင်းလည်း မဖြစ်လေနှင့်
    ရန်သူမှန်လျှင် အစမကျန်စေနှင့်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  25. 🥷 လက်နက် ...

    @ လိုအပ်တဲ့အရာ ...
    မရှိတဲ့နေရာနဲ့အရပ်မှာ
    မင်းတို့ငါတို့ ...
    ငုတ်တုတ်‌အသေခံရမှာလား။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  26. Wheel............dope.🏹🏹🏹

    ReplyDelete
  27. ကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ

    ReplyDelete

Post a Comment

Popular posts from this blog