အတုတွေစစ်တော့ အစစ်တွေ သေရတယ်

လူဆိုတာ ပါးမှ နပ်မှ ဆိုတဲ့
ယဥ်ကျေးမှုထွန်းကားရာ မြေမှာ
ငါ့မှာ 
'လူအ' ကြီး ဖြစ်ရ၊

အ​ဖြူမဖြစ်ရုံနဲ့ အမည်းမဖြစ်ရဆိုတဲ့ 
လူတော်များ ရပ်ဝန်းမှာ
ငါ့မှာ 
လူညံ့ကြီးဖြစ်ရ၊

ရေဆန်ကို ကူးတဲ့အချိန်မှာ
ရေစုန်ပေါ် ရောက်နေသူတွေက
မှိန်းပြီး ပန်းပြနေတာမျိုး
ရိုးရိုးလေးနဲ့ ရူးလောက်ပါပေတယ်၊

တချို့အလိမ်တွေက
အမှန်တွေထက် လှတယ်။     ။

ရင်သွေး

Comments

  1. Replies
    1. May your day be blessed with love and luck.
      💕🍀

      Delete
  2. This comment has been removed by the author.

    ReplyDelete
  3. အလိမ်တွေကလှပေမယ့်
    အမှန်တရားလောက် မခမ်းနားဘူး 🤍

    ReplyDelete
  4. 😘😘😘💪🏻💪🏻💪🏻

    ReplyDelete
  5. This comment has been removed by the author.

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
  6. This comment has been removed by the author.

    ReplyDelete
  7. Fighting take care

    ReplyDelete
  8. ...... အတုတွေမရှိပြန်ရင်လဲ
    အစစ်ရဲ့ တန်းဖိုးအလှတရားက
    မှေးမှိန်ငုပ်ရှိုးနေပြန်ရော......

    ReplyDelete
  9. နေသာသလိုနေတဲ့သူတွေ...အနေချောင်တယ်ဆိုပြီး သက်သာသလိုမနေနဲ့.. အနေချောင်ရင် အသေကျပ်တတ်တယ်...အနာမခံရင် အသာမစံရဘူး ဒါ အမှန်တရားပဲ....ကိုယ့်ဘက်ကလုပ်စရာရှိတာကို လုပ်ဆောင်ရမယ်..မှန်ကန်စွာဆုံးဖြတ်လုပ်ဆောင်ပါ...

    ReplyDelete
  10. နိုင်ငံရေးကို
    ဘာမှနားမလည်ဘူး ဆိုရင်တောင်
    ခွေးဟောင်သံနဲ့
    လူငိုသံလောက်တော့
    ခွဲခွဲခြားခြား ကွဲကွဲပြားပြား သိရမယ်။

    . မောင်လှမျိုး(ချင်းချောင်းခြံ)မှကောက်နှုတ်ချက်
    #CNAkorea
    Real True Man

    ReplyDelete
  11. ဒီတစ်ခါရှုံးရင် ၈၈ ကထက်
    အဆ ၁၀၀၀ ပိုခံရမယ်
    ဆိုတာ မမေ့ပါနဲ့
    ဒါ့‌ကြောင့်နိုင်ရာ
    ဝန်ထမ်းကြပါစို့✊

    Sitt Min Htettar

    ReplyDelete
  12. ငါတို့မှာ ငါတို့ပဲ ရှိတော့လည်း ကလစ်ဆဲ ကလစ်မြဲပါ

    ReplyDelete
  13. တချို့အလိမ်တွေကအမှန်တွေထက်လှတယ်ဗျ

    ReplyDelete
  14. 🙂 နိုင်ငံပျက်ပြီပေါ့ ...

    @ ဖြစ်နေတာက ...
    ဓမ္မဘက်ကို အကြမ်းဖက်
    အာဏာရှင်ကို ...
    ကယ်တင်ရှင် ဘုရင်
    ဝိနည်းမညီတဲ့ ...
    ဆရာတော်က စင်ပေါ်မှာက
    အဂတိ ...
    လိုက်စားတဲ့သူ သူတော်စင်
    ဖြူစင်တဲ့သူက လူမိုက်ဘဝ
    အမှားတွေက အမှန်တွေဖြစ်
    ဒီလိုတွေ ...
    ထွေပစ်နေမှတော့
    နိုင်ငံပျက်ပြီပေါ့။

    စစ်မင်းထက်သာ

    ReplyDelete
  15. We will fight till the end.
    Never give up.

    ReplyDelete
  16. This comment has been removed by the author.

    ReplyDelete
  17. 🥷 အချစ်နဲ့အမုန်း ...

    @ မေမြို့မှာနေစဉ်ကပေါ့ ...
    ငှက်ဖျားဖြစ်ပြီး ဆေးရုံတက်ရတယ်
    အပူကြီးပြီး သတိလစ်လစ်သွားတယ်
    မိဘနှစ်ပါးမရှိတော့ ...
    ဦးလေးတော်သူက အနီးကပ်အတွက်
    Special Nurse ငှါးပေးထားတယ်
    ကြာလာတော့ လူငယ်တို့သဘာဝ ...
    ခင်မင်တွယ်တာသံယောဇဉ်ဖြစ်လာတယ်
    ဆေးရုံက ဆင်းရတော့ ...
    ဘယ်နားကြည့်ကြည့် သူ့မျက်နှာလေးတွေ
    သစ်ရွက်ကြွေသံဟာ သူ့ခြေသံတွေများလား
    အမြဲတမ်းမြင်နေ ကြားနေရတယ်
    ဦးလေးပြောတော့ အချစ်ပေါ့တဲ့၊

    @ အခုလည်း ...
    အရင်တုံးကလိုဘဲ
    ဘယ်နေရာကြည့်ကြည့် ဒီမျက်နှာဒီမျက်နှာ
    ဘာသံတွေကြားကြား ဒီအသံဒီအသံ
    ဘယ်လိုဘဲတွေးတွေး ဒီအရေးဒီအရေး
    စဉ်းစားကြည့်လိုက်တော့ ...
    ရရာလက်နက်နဲ့ နှက်ချင်နေလေရဲ့
    သူငယ်ချင်းတွေပြောတော့ ...
    ဒီနွေဦးရဲ့ အမုန်းပေါ့တဲ့။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  18. 🥷 စိတ်ကူး ...

    @ တစ်ခါတစ်လေ ...
    တစ်ချို့သူတွေကို
    ဝါးစိမ်းတုတ်နဲ့ ...
    ရာဇသံပေးပြီး
    နောက်ကနေနွားမောင်းသလို
    မောင်းရင်မောင်းရပါလိမ့်မယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  19. 🥷 လှည့်လိုက်တော့ ...

    @ မင်းတို့ကိုလည်း ...
    မျက်နှာငယ်ငယ်လေးနဲ့
    ဒူးမထောက်စေချင်သလို
    ငါတို့ကလည်း ...
    ဘယ်တော့မှဒူးထောက်မှာ
    မဟုတ်ဘူး
    ဒီတော့ကွာ ...
    မင်းတို့သေနတ်ပြောင်းတွေ
    မအလဘက်လှည့်လိုက်တော့။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  20. 🙂 တရား ...

    @ ငါတို့ပြည်သူ ...
    ရွေးချယ်ထားတဲ့
    ပြည်သူ့အစိုးရလည်း
    အဝေးရောက်ခဲ့ပြီ၊

    @ ပြည်သူ့အာဏာ ...
    ပြည်သူပြန်ရဘို့
    တောင်းဆိုခဲ့သူတွေလည်း
    ညှင်းပမ်းနှိပ်စက် အသက်ပျောက်ခဲ့ပြီ၊

    @ အာဏာရှင်လူတစ်စုအောက် ...
    ဘယ်တော့မှဒူးမထောက်မဲ့/တဲ့
    ငါတို့Gene-Z မျိုးအဆက်ဆက်တွေလည်း
    လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့ရလေပြီ၊

    @ တရား ...
    ဘာတရားလည်းလို့
    ငါတို့မျိုးဆက် အဆက်ဆက်
    မမေးရလေအောင် ငါတို့မျိုးဆက်
    နောက်ဆုံးဖြစ်ရမည်။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  21. 🙂 ပရဝဏ် ...

    @ လူမှန်ရင် ...
    မိမိရဲ့ပရဝဏ်
    မိမိ မိသားစုပရဝဏ်
    မိမိ ပတ်ဝန်းကျင်ရဲ့ပရဝဏ်
    မိမိလူမျိုးမိမိနိုင်ငံရဲ့ပရဝဏ်ဆိုတာရှိတယ်
    အဓိကကတော့ ...
    လူလို အမှားအမှန်ချင့်ချိန်ပြီး
    လူ့တာဝန်ကျေဘို့တော့လိုလိမ့်မယ်။

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  22. Wheel............dope.🏹🏹🏹

    ReplyDelete
  23. မှန်တယ်
    တချို့အလိမ်တွေက
    အမှန်ထက်လှနေတတ်တယ် 🙃

    ReplyDelete
  24. အတု​တွေ စစ်​နေတဲ့ ငါတို့တိုင်းပြည်

    ReplyDelete
  25. 🙂 တစ်ကယ့်လူ ...

    @ အမှားတွေကိုတွန်းလှန် ...
    အမှန်တွေကိုထောက်ပြ
    သဘာဝမကျတဲ့ ...
    အာဏာပါဝါတွေကိုဒူးမထောက်
    ရဲရဲဝံ့ဝံ့ရင်ဆိုင်ရဲတဲ့သူ တစ်ကယ့်လူ။

    🏇 လူဖြစ်ကြပါစေ
    စစ်မင်း ထက်သာ

    ReplyDelete
  26. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  27. Foghting
    Click,click,click.............

    ReplyDelete
  28. Done❤️❤️❤️

    ReplyDelete
  29. ကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ

    ReplyDelete
  30. အမှန်တရားကို သိသောသူသည်
    သစ္စာတခု ဆိုက်ရောက်၏။

    ReplyDelete
  31. Fighting
    Click,click,click.....

    ReplyDelete

Post a Comment

Popular posts from this blog