ဖြစ်ရပ်မှန် ဘဝရုပ်ရှင်

ရင်ထဲရင်းပြီး ရိုက်ရတဲ့ 
အဖြစ်မှန်တွေရဲ့ ဘဝရုပ်ရှင် 

ဘယ်သူက ဇာတ်လိုက်
ဘယ်သူက လူမိုက် 
သိသိကြီးနဲ့ကို 
ဇာတ်လမ်းကြီးရဲ့အစမှာတင်
ငါတို့တွေ ခံပြင်းနာကျည်း နေရတာများ
လမ်းမပေါ်က ဝိညာဉ်တွေတောင်
အိမ်ပြန်လမ်းတွေ ပျောက်ရတယ်။

သရုပ်ဆောင်တွေလည်း များလွန်းတယ်
ဇာတ်ဆောင်တွေ ငိုတဲ့အခန်းမှာ
မျက်ရည်တွေ
သွေးတွေ ပွက်ပွက်ညံခဲ့။

ဇာတ်ဝင်တေးသွားတဲ့လား
မရဏမင်း တီးခတ်တဲ့
သေနတ်သံ ဗုံးသံတွေနဲ့
ဓမ္မနဲ့ အဓမ္မက
ရင်ဆိုင်စီးချင်းတွေ ထိုးနေလေရဲ့။

ဇာတ်နာလိုက်ရတာဗျာ 
မီးခိုးတွေ အူ 
ပြာတလူလူ နဲ့ 
ကျုပ်တို့ ရွာလေး 
ဘယ်အခန်းကများ ပါနေပါ့မလဲ။      ။

ငရာ

Respect & Credit to Poet Nga Yar

Comments

  1. ဓမ္မဘက်တော်သားတွေက
    သွေးမအေးဘူး
    သွေးမနည်းဘူး
    အဆုံးထိလျှောက်မှာ
    နိုင်ကိုနိုင်ရမည်

    ReplyDelete
  2. Till the end
    Fighting together 💪

    ReplyDelete
  3. ီဓမ္မရဲ့အခြားတဘက် မှာလူ့တိရိဆစန်တွေရိှကြတယ်

    ReplyDelete
  4. ဇာတ်နာချက်ကတော့ 😥

    ReplyDelete
  5. ဇာတ်နာလိုက်တယ်ဆိုတာ...
    လူယုတ်မာတွေ အသက်ရှည်နေတယ်။ လူကောင်းတွေပဲ သေရတာများနေပြီး...

    ReplyDelete
  6. Hello guys
    Good morning now 2.49am😜

    ReplyDelete
  7. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  8. This comment has been removed by the author.

    ReplyDelete
  9. ဖြစ်ရပ်မှန် ဘဝရုပ်ရှင်တွေထဲက
    ငါဟာ အညတရဇာတ်ပို့
    Clicker လေးပါ

    So We Need More Clicker

    " TOGETHER "

    ReplyDelete
  10. ........ရိုင်းစိုင်တာကလှစ်လျူရှုလို့ရနိုင်ပေမယ့် .......
    .........ယုတ်မာမှုတွေကိုတော့လုံး၀ခွင့်မလွှတ်သင့်ပေ........

    ReplyDelete
  11. 🙂 ပြည့်အင်အား ...

    @ ပဏာတင့်လှတဲ့ ...
    ဧရာဝတီတိုင်း အဝိုင်းကြီးတစ်ခုမှာ
    " ပြည့်အင်အားသည် ...
    ပြည်တွင်းမှာဘဲရှိသည် "တဲ့
    မှန်ပါသည် ...
    " ရိုးသားကြိုးစား၊ဧရာဝတီသား"များ၏
    ပြည်ချစ်အားသည် တိုင်းအတွင်းမှာပင်၊

    @ ဤပြည်ချစ်အားကြောင့် ...
    တစ်ချို့ အသက်စတေးခဲ့ရ၏
    တစ်ချို့ ဘယ်ဆီဘယ်ဝယ်ထောင်ထဲမှာ
    တစ်ချို့ စစ်ကြောရေးမှာနှိက်စက်ခံဘဝ
    တစ်ချို့ လက်နက်ကိုင်နေရ
    စသည်စသည်ဖြင့်၊

    @ ထို့ကြောင့် ...ထို့ကြောင့် ...
    ဤအရာများ၊အလကားမဖြစ်ရလေအောင်
    မင်းတို့ ငါတို့ ... ကလစ်နှိပ်ကြစို့။

    စစ်မင်းထက်သာ

    ReplyDelete
  12. 🙂 အမှားကြီး
    မှားနေပြီသူငယ်ချင်း ...

    @ စိတ်(သို့)စေတသိတ်ကို ...
    ထိရောက်အောင်အသုံးချနိုင်လျှင်
    မြင့်မြတ်ကောင်းမွန်သော ...
    ဘုံဘဝကိုရောက်ရှိနိုင်သလို
    အများသူငါပြည်သူတွေကိုလည်း ...
    သာယာဝပြောသော ဘုံဘဝလေးတွေ
    မင်း ဖန်တီးပေးနိုင်တယ်သူငယ်ချင်း၊

    @ ဒါပေမယ့် ...
    မင်းရဲ့စိတ်ကို မထိန်းကျောင်းနိုင်ခဲ့ရင်
    စစ်မှန်သောတရားကိုပေးတဲ့ ...
    ပတ်ဝန်းကျင် မင်းအနားမရှိခဲ့ရင်
    မင်း မှားပြီးရင်းမှားတော့မှာ
    အသေအချာဘဲသူငယ်ချင်း
    ဒီလမ်းကို မင်းဆက်လှမ်းနေရင်တော့ ...
    အမှားကြီး မှားနေပြီသူငယ်ချင်း။

    စစ်မင်းထက်သာ

    ReplyDelete
  13. 🙂 မတူပါဘူး ...

    @ ကြောက်တတ်တာနဲ့ ...
    တာဝန်မဲ့တတ်တာ မတူပါဘူး
    ကိုယ်လုပ်မှကိုယ်စားရတာနဲ့ ...
    ရေသာခိုအချောင်လိုက်တာ မတူပါဘူး
    ဘာသာရေးစည်းရိုးထိုးတာနဲ့ ...
    ကိုယ်ချင်းစာတရားမထားတာ မတူပါဘူး
    အဖွဲ့အစည်းတစ်ခုချစ်တာနဲ့ ...
    တိုင်းသူပြည်သားကိုချစ်တာ မတူပါဘူး
    ဘာသာတရားသက်ဝင်ယုံကြည်မှုနဲ့ ...
    မနာလိုအကြမ်းဖက်တာ မတူပါဘူး
    ဘာသာတရားပျောက်မှာစိုးတာနဲ့ ...
    အဓမ္မဘက်စုံလုံးမှိတ်လိုက်တာ မတူပါဘူး။

    စစ်မင်းထက်သာ

    ReplyDelete
  14. 🥷 ရာဇသံ ...

    @ အာဏာဆိုတာ ...
    ပြည်သူ့ထံက လာတာ
    ပြည်သူက မကြည်ဖြူလျှင်တော့
    မင်းတို့ ဆင်းပေးလိုက်ပေါ့၊

    @ ပါဝါဆိုတာ ...
    ပြည်သူပေးမှဖြစ်တာ
    ပြည်သူက ချဉ်နေပြီဖြစ်တော့
    မင်းတို့ ဒိုးလိုက်ပေါ့၊

    🥷 စစ်မင်းထက်သာ

    ReplyDelete
  15. 🥷 Round 2.
    Click 2 times.

    ReplyDelete
  16. 🙂 သွေးလည်းမကွဲပါ ...
    ဘေးလည်းခွဲမထွက်ပါ
    အောင်မြင်ရေးအချက် ...
    ပြည်သူ့အတွက် ရှေ့ဆက်မည်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  17. ရင်းထားခဲ့သမျှ ထိုက်တန်မှုတွေပြန်ရဖို့ တတ်နိုင်သမျှ ကူကြစို့....

    ReplyDelete
  18. 🥷 အနိစ္စ ...

    @ အနိစ္စဆိုတာ ...
    လူတိုင်းနဲ့မကင်းနိုင်ဘူးဆိုပေမယ့်
    ကိုယ့်သမိုင်းမဆိုးခဲ့ဘို့လိုလိမ့်။

    🙂 စစ်မင်းထက်သာ

    ReplyDelete
  19. 🙂 ငှက်ဆိုး ...

    @ ငှက်ဆိုးကို ...
    ပစ်ချရှင်းထုတ်နိုင်မှ
    ပြည်သူအသက်ဆက်နိုင်ပါလိမ့်မယ်။

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  20. အချင်းချင်း လက်တွဲကြဖို့လို​နေပြီ

    ReplyDelete
  21. Wheel............dope.🏹🏹🏹

    ReplyDelete
  22. ကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ

    ReplyDelete

Post a Comment

Popular posts from this blog