အိမ်ကလေးလိုတယ်
စိတ္တဇဆေးရုံကြီးထဲက လူနာဖြစ်သူ
ရုရှားလူငယ်လေး ဂရိုမော့ဗ်ဟာ
အရူးလက်မှတ် မလိုခဲ့ဘူး
Suicide နဲ့ရုန်းထွက်ခဲ့တဲ့
၃၇ နှစ် ဗန်ဂိုးရဲ့အဆုံးသတ်ဟာ
ဒိုင်းခနဲ တော်လှန်ရေးလုပ်ပြသွားတာပဲ။
အဓိပ္ပါယ်က
မင်းတို့ ကြိုက်အောင်ငါမလုပ်ဘူး
ငါကြိုက်တာပဲ ငါလုပ်ခဲ့တယ်
ဗန်ဂိုး ခပ်ညံ့ညံ့ကောင် မဟုတ်ဘူးပေါ့
ကမ္ဘာကြီးအကြောင်းစဉ်းစားတိုင်း
ဘဝကအသိကို ပြဋ္ဌာန်းတဲ့ လူ့လောကီမှာ
အိမ်ကလေး လိုတယ်။
ကျော်မြင့်လွင်(ထူးအိမ်သင်)လူဆိုးပါလို့
အနုပညာမသိတဲ့ လူတတ်ကြီးတွေ
သံပြိုင်ထွက်တော့သူ့အမေ ငြင်းဆို
တလုံးတည်းထွက်တဲ့ အသံဟာ
``ငါ့သားက လူဆိုးမဟုတ်ဘူး
သူဟာအနုပညာသမား..''
အဲဒီလို အိမ်ကလေးလိုတယ်။
အဖေ့ကို လူပိန်းတွေက
``ခင်ဗျားသားဟာ လူမိုက်
ရပ်ကွက်လူကြီးစကားတောင် နားမထောင်ဘူး''....ရယ်လို့
စစ်ရေးစတော့ အဖေက သူ့တော်လှန်ရေးကိုပြဋ္ဌာန်း
စစ်ကြေညာခဲ့တာပေါ့လေ
ကျနော့သားက စာဖတ်တယ်
သူ့မိုက်ရဲမှုကို ကျနော်ယုံတာပေါ့
သူမမှားဘူး. . ရပ်ကွက်ကမှားနေတာ
အဲဒီလို အိမ်ကလေးလိုတယ်။
နင့်အစ်ကိုက
"အစိုးရဆန့်ကျင်ရေးသမား"
မဟုတ်ဘူး...
ငါ့ အစ်ကိုက အစိုးရကောင်းကိုလိုချင်တာ
ပြည်သူ ထမင်းမဝရင်
သူ အမြဲဆန့်ကျင်နေမှာ . .
အဲဒီလို အိမ်ကလေးလိုတယ်။
နင့်အကောင်က
နင့်အပေါ် မပြောနဲ့
သူ့မိသားစုအပေါ်တောင် တာဝန်မကျေခဲ့ဘူး
မဟုတ်ဘူး
ကျမအကိုက
တစ်ဖက်မှာ တာဝန်ကျေချင်လို့
တစ်ဖက်မှာ တာဝန်ပျက်ကွက်နေတာ
သူ့ပေးဆပ်မှုအပေါ် ကျမသိပ်ယုံတယ်
ကျမသူ့အချစ်ကို နားလည်ထားတယ်
သူတို့ဆိုရှယ်လစ် အိပ်မက်ကြီး
အောင်မြင်မှာ. .
အဲဒီလို အိမ်ကလေးလိုတယ်။
အိမ်ကလေး လိုတယ်
စာအုပ်တွေ ရှိမယ်
ချစ်ခြင်းမေတ္တာ ရှိမယ်
သောက်တလွဲလူ့အဖွဲအစည်းကို
ပတ်ဝန်းကျင် မတော်ဘူးဆိုတဲ့အတွေးနဲ့
ဗန်ဂိုး မသိ
ဗန်းမော်တင်အောင် မသိ
ခင်ဝမ်း မသိ
ခိုင်ထူး မသိ
အနုပညာ မသိ
ကိုယ်ကျင့်တရားမရှိတဲ့လူ့အဖွဲ့အစည်းထဲ
တကယ်သာနေချင်စရာကောင်းရင်
ဗုဒ္ဓလည်း တောမထွက်ဘူး
မြို့မငြိမ်းလည်း အုတ်ကားအောက် ပြေးမဝင်ဘူး။
ခုတော့
ဘုရားလည်း တရားပဲချန်ခဲ့
မြို့မငြိမ်းလည်း ဖိနပ်တရံသာချန်ခဲ့
ကျနော့်မှာလည်း ကဗျာပဲကျန်ခဲ့
နာနာကျင်ကျင် ရပ်ဝန်းမှာ
ခပ်ပြုံးပြုံးလေးနဲ့ အလိုရှိခဲ့ပါတယ်
ယိုင်သွားရင်တောင် ပြိုမသွားမယ့်
အိမ်ကလေး လိုတယ်ပေါ့
အိမ်ခြေယာမဲ့ လူငယ်တစ်ယောက်
ချစ်ခြင်းမေတ္တာ ငတ်မွန်းတဲ့လူငယ်တစ်ယောက်
ဘဝမှာ ရူးသွပ်တဲ့အတွေးအခေါ်က
နှစ်ရပ်တည်း
ကဗျာ သရဏံ ဂစ်ဆာမိ
ချစ်ခြင်းမေတ္တာ သရဏံ ဂစ္ဆာမိ ပါတဲ့
ဗန််ဂိုး
ဂရိုမော့ဗ်
မြို့မငြိမ်း
လွတ်မြောက်ရေးဆီ ဦးတည်လျှောက်ခဲ့ကြ
သူတို့အကြောင်းသိတဲ့
အိမ်ခြေယာမဲ့
ကဗျာဆရာလည်း
ကိုယ့်ကိုယ်ကိုယ် နဲ့
ကိုယ့် ခေတ်ကို ပြန်ကြည့်မှ
'သေနတ်က..လိုနေပြန်ပါပြီ'
ဆောင်းဦးသွင်
(မဟာအိုက်ခမန်းနိုင်ငံတော်ကဗျာစာအုပ်မှ)
Respect & Credit to Poet Saung Oo Twin
ချစ်ခြင်းမေတ္တာအပြည့်နဲ့
ReplyDeleteအိမ်လေးတစ်လုံး လိုချင်ပါတယ်
💒💒💒
💒🤍
Delete🤍
DeleteAPPRECIATE.
Delete🤍
ReplyDeleteFighting
ReplyDeleteDone
ReplyDeleteGood
ReplyDeleteလှပပြီးပြည့်စုံတဲ့အိမ်လေးတစ်လုံး ဝိုင်းဝန်းဆောက်ရအောင်
ReplyDeleteDone 🍀
ReplyDeleteDONE.
ReplyDelete💝
ReplyDeleteFighting.
ReplyDelete🙂 အောင်မြင်ရာ ...
ReplyDelete🥷 အောင်မြင်ဘို့ ...
ရည်ရွယ်ချက် ပြတ်သားရမယ်
မတွေမဝေ တစ်စိုက်မတ်မတ်လုပ်ရမယ်
ယုံယုံကြည်ကြည်အောင်စိတ်မွေးရမယ်
🥷 စစ်မင်းထက်သာ
Done
ReplyDeleteခမ်းနားထည်၀ါဖို့ မလိုဘူး
ReplyDeleteနွေးထွေးလုံခြုံတယ်လို့ ခံစားရမယ့်
နေရာလေးတစ်ခု အားလုံးရရှိကြပါစေ....
Was
ReplyDeleteWas
Deleteကျနော့်မှာ အဲဒီလိုအိမ်ကလေးရှိပါတယ်။ ဘယ်အချိန်ပြိုမယ်မှန်းမသိ ယိုင်နဲ့နဲ့ကလေးပေါ့။ အခုလည်း သေနတ်က လိုနေတုန်းပါပဲ
ReplyDeleteDone ✅
ReplyDeleteDone ✅
ReplyDelete🥷 လက်နက် ...
ReplyDelete@ လိုအပ်တဲ့အရာ ...
မရှိတဲ့နေရာနဲ့အရပ်မှာ
မင်းတို့ငါတို့ ...
ငုတ်တုတ်အသေခံရမှာလား။
🥷 စစ်မင်းထက်သာ
🍁🍁
ReplyDeleteDone 🌼
ReplyDeleteTHANKS.
ReplyDelete🐝
ReplyDelete😌 တမ်းချင်း ...
ReplyDelete@ အာဏာပါဝါမရှိတဲ့ ...
အုပ်ချုပ်ခံပြည်သူတစ်ချို့
အပြစ်မရှိဘဲ ...
ထောင်ကျအသက်ပျောက်ခဲ့ပြီ
ဒါတောင် ...
၂၀၂၃တဲ့လား ???
ငယ်စဉ်တောင်ကျေး ...
ခလေးဘဝကစလို့ သူငယ်တန်းအစ
ဆယ်နှစ်လွန်မြောက် တက္ကသိုလ်အရောက်
ဘာသာအသီးသီး ဆည်းပူးကြတဲ့
ကျနော်တို့ ဂျင်းဇက်( Gene-Z )တွေလည်း
ထောင်တွင်းနှိပ်စက် အမျိုးမျိုးတွေနဲ့
အာဏာရှင်စံနစ်ဆိုး မစိုးမိုးရလေအောင်
လက်နက်ကိုင်စွဲ တိုက်ပွဲဝင်ခဲ့ရလေပြီ
ဒါတောင် ...
၂၀၂၃တဲ့လား ???
အာဏာပါဝါဆိုတာ ...
မက်မောရူးတတ်သူအဖို့ အားဆေး
အုပ်ချုပ်ဖိနှိပ်ခံရသူအချို့တွက် အဆိပ်
ကယ်သူမဲ့ပြည်သူအတွက်တော့ ...
ကြာလာရင် ဘေးတွေ့သထက်တွေ့မှာမို့
ရင်လေးစရာ ပြည်ထောင်စုမြန်မာလို့
၂၀၂၃က ကယ်နိုင်ပါ့မလားလို့ ???
🥷 စစ်မင်းထက်သာ
နားလည်မူတွေပြည့်နေတဲ့အိမ်ကလေးလိုတယ်
ReplyDeleteအမှန်ပါပဲဗျ
Delete🍀🍀
ReplyDeleteBe save all
ReplyDeleteDone 🌼
ReplyDelete🤎
ReplyDelete🌻
ReplyDeleteမင်းအတွက်အိမ်ကလေး
ReplyDeleteငါဆောက်ခဲ့ပေမယ့်
မင်းထွက်သွားကတည်းက
ငါ့အိမ်ကလေး အေးစက်
ဂျီးကပ် မှိုတက်
သံချေးဖျက်သွားခဲ့ပါပြီကွယ်။
done
ReplyDelete💯
ReplyDelete❤️
Deleteကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ
ReplyDeleteသေနတ်တလက် လိုတယ်
ReplyDeleteကျည်ဆံလည်း လိုတယ်
အိမ်ကလေးလား?
မလိုတော့ပါဘူး
ကိုယ်တိုင်ဆောက်ထားလိုက်လို့ပါ။
အက်လယ် 🥰 ကြိုက်စ်
Delete🌻
ReplyDelete
DeleteClick with love 💕
🍀🍀🍀🍀🍀
Comment တွေ ပျောက်ပျောက်သွားလို့ မမရှရီအောက်နား ကပ်မန့်ခဲ့တယ် ခင်ဗျာ :D
ရပါတယ် ရပါတယ် တက်မနင်းရင်ပြီးတာပဲ😂
DeleteDone
ReplyDeleteDone ✅
ReplyDelete,👏👏👏
ReplyDeleteအဆင်ပြေသလိုအမည်တပ်နိုင်တယ်
ReplyDeleteနွေးထွေးပြီး စိတ်လုံခြုံမှုပေးတယ်လို့ ခံစားမိစေတဲ့ နေရာလေးတစ်ခုပဲ လိုအပ်တာ .....
💘🤗
Delete💞🥰
DeleteDone♥
ReplyDeleteအိမ်ကလေး လိုတယ်
ReplyDeleteစာအုပ်တွေ ရှိမယ်
ချစ်ခြင်းမေတ္တာ ရှိမယ်
ဘယ်လောက်အေးချမ်းလိုက် မလဲနော့
Deleteဟုတ်ပါ့ တွေးကြည့်တာနဲ့စိတ်ချမ်းသာတယ် 😊😊😊
Delete💯☘️
Delete💯☘️
DeleteDone✔️
ReplyDeleteDone
ReplyDelete😇😇😇😇😇😇😇
ReplyDeleteWheel............dope.🏹🏹🏹
ReplyDeleteWheel........dope🏹🏹🏹
Deleteလွတ်လပ်ခြင်း၊ငြိမ်းချမ်းခြင်းနဲ့အတူ
ReplyDeleteကိုယ်ချင်းစာစိတ်ကို အခြေခံတဲ မေတ္တာစိတ်ပြည့်ဝတဲ့
အိမ်ကလေးလိုတယ်။
❤️
ReplyDeleteစစ်ခွေးနိဂုံး ၂၀၂၃ ✊
ReplyDeleteTill the end
Fighting together 💪
Fighting
ReplyDelete❤️
ReplyDeleteယိုင်သွားရင်တောင် ပြိုမသွားမယ့်
ReplyDeleteအိမ်ကလေး လိုတယ်ပေါ့
အိမ်ခြေယာမဲ့ လူငယ်တစ်ယောက်
ချစ်ခြင်းမေတ္တာ ငတ်မွန်းတဲ့လူငယ်တစ်ယောက်
Fighting
ReplyDeleteClick, click,click..........
❤️
ReplyDeleteFighting
ReplyDeleteClick,click,click.......
နားခိုစရာလေးလိုတယ်
ReplyDelete💯
Delete❤️
ReplyDeleteDone💕
ReplyDelete💙
ReplyDelete