စတော်ဘယ်ရီ နဲ့ စီးကရက် ၁

တစ်ဖက်က ချိုမြိန်မှု
တစ်ဖက်က ပြင်းရှမှု
ဆန့်ကျင်ဘက်တွေနဲ့ တွဲဖက်ရေး

စတော်ဘယ်ရီဟာလည်း
ချိုမြိန်သလို စွဲလန်းတယ်
စီးကရက်ဟာလည်း
ပြင်းရှသလောက် စွဲလန်းတယ်

နှလုံးသားအလယ်တည့်တည့်
စိုက်နစ်သွားတဲ့ အပြုံးတစ်ပွင့်ကိုရော
ဘာအရသာလို့ သတ်မှတ်ကြမလဲ

မင်းနှုတ်ခမ်းက တပ်မက်ချင်စရာအပြည့်
ဗုဒ္ဓဟောကြားတဲ့တရားတွေထဲ
အချစ်နာကျခြင်းတရားပါသလား

သေချာတာတစ်ခုကတော့
Julyရဲ့ မိုးစက်တွေနဲ့အတူ
ကိုယ်ရဲ့ မပျော်ရွှင်မှုတွေလည်း 
တရစပ်ရွာသွန်းနေမယ် ပျိုပျိုမေရယ်။       ။

ကျွန်တော်

Comments

  1. -ပို၍လှတဲ့မနက်ခင်းလေးတစ်ခုပိုင်ဆိုင်ချင်တယ်...
    -ဒီနေ့ထက်ပိုလှတဲ့သောက်ကြာနေ့ကိုရောက်ချင်တယ်...

    -အနာဂတ်မှာရင့်ကျက်ပြီးတည်ငြိမ်တဲ့သူတယောက်လောက်ပဲမိတ်ဖွဲ့ချင်တော့တယ်...

    -နောက်ကျောဓားနဲ့ထိုးဖို့စောင့်နေတဲ့သူငယ်ချင်းအမည်ခံလေးတွေလဲမေ့ပစ်ချင်တယ်....

    -ဟာလာဟင်လင်း ရင်ဘတ်ကြီးကိုလဲ ချစ်တတ်အောင်ကျင့်ပေးခြင်တယ်...

    -ပန်းရနံ့သင်းပျံနေတဲ့ ခရမ်းရောင်အိပ်မက်လေးတစ်ခုလောက်ပဲမက်ချင်မိတော့တယ်...

    -လေးလံနေတဲ့စိတ်တွေကို သဘာဝတရားကြီးဆီလက်ဆောင်ပေးလိုက်ချင်တယ်...

    -ဒီနေ့ထက်ပိုသင့်တော်တဲ့ရင့်ကျက်မှုတစ်ခု မနက်ဖြန်ငါပိုင်ဆိုင်ချင်ပြီ....

    -အားလုံးထက် ပိုကောင်းတဲ့စိတ်လေးထားဖို့ ငါကြိုးစားနေဆဲ...

    -တခြားသူမဟုတ်တဲ့မင်းဆီက အကြင်နာစကားလေးလဲကြားဖူးချင်တယ်.......

    I want to have a more beautiful morning ...
    I want to have a better friday than today ...

    I want to make friends with someone who is mature and stable in the future ...

    I also want to forget the names of my friends who are waiting to be stabbed in the back...

    - I want to train my heart to love In my bosom that no longer feel anything like robots...

    I just want to have a purple dream that smells like flowers ...

    I want to give a heavy heart as a gift to nature ...

    Tomorrow I want to have a more appropriate maturity than today ....

    I'm still trying to be a better person ...

    I want to hear a kind word of love from you who is not someone else .......

    ............❤Htet............

    ReplyDelete
  2. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  3. ကိုယ်ချစ်ရတဲ့သူကို
    ငေးမောကြည့်နေခွင့်ရနေတာဟာလဲ
    နှုတ်ခမ်းထက်မှာ အပြုံးပန်းတွေ
    တွဲလွဲခိုနေစေတာပဲမဟုတ်လား

    ReplyDelete
    Replies
    1. မြင်တွေ့ခွင့်ရယုံနဲ့
      ကျေနပ်နေတယ်ပေါ့လေ😍

      Delete
    2. ကျနော့်စိတ်က ဘယ်သူ့ကိုပဲဖြစ်ဖြစ်
      ကူညီပေးတတ်တယ်
      ငါလုပ်ပေးလိုက်ခြင်းဆိုတဲ့ ခံစားမှုထက်
      သူအဆင်ပြေသွားပြီဆိုတာလေးကို
      တက်မက်တယ်
      ဒီလိုပဲကျနော်ချစ်ရတဲ့သူအတွက်ဆို
      ဘာကြီးပြန်ပေးရမယ်၊ပြန်ရမှဖြစ်မယ်ဆိုတဲ့စိတ်မရှိဘူး
      တချို့ချစ်ခြင်းမေတ္တာတွေက လက်ထပ်ဖို့အတွက်လဲမဟုတ်ဘူး ဘာမျှော်လင့်ချက်အတွက်မှလဲမဟုတိဘူး
      ချစ်ခြင်းမေတ္တာရဲ့သဘောတရားကိုက
      တဖက်သားသည်သာ  The First
      After U ပဲ
      ဖြည့်ဆည်းပေးလိုက်လို့ တဖက်သားပြည့်စုံသွားတယ်ဆိုရင် ဒါဟာ ဖြူစင်တဲ့မေတ္တာရဲ့အကျိုးပဲ
      သူငြိမ်းချမ်းပါစေ
      သူပျော်ရွှင်ပါစေ
      သူအောင်မြင်ပါစေ
      သူလင်းလက်ပါစေပေါ့

      ကြယ်တွေကိုကျနော်တို့သဘောကျတာ
      ဆွတ်ခူးဖို့မှမဟုတ်တာ
      ကြယ်နဲ့တူတဲ့လူကိုချစ်ရတာလဲ
      ခူးဆွတ်ဖို့မဟုတ်ဘူးလေ



      မဟုတ်ဘူးလား?

      Delete
    3. ဟုတ်ပါတယ်ရှင် 🥰
      လင်းဆက်ကောင်မလေးဆို တော်ကီတွေနဲ့ ကြွေကျနေလောက်ပြီ ချစ်တတ်တယ်နော် bro

      Delete
    4. ကိုလင်းဆက် အဲ့ဂလိုကြီးလား 😄😄😄

      Delete
  4. Till the end
    Fighting together 💪

    ReplyDelete
  5. This comment has been removed by the author.

    ReplyDelete
    Replies
    1. ပန်းတိုင်အသွား
      စထွက်ကနေ
      ၁ စင်တီမီတာလှမ်းလဲ
      အဲ့တာပြေးလမ်းပဲ။

      -လွမ်းနောင်

      Delete
    2. This comment has been removed by the author.

      Delete
    3. ကွကိုယ်ညာ​နေတာလား

      Delete
    4. မသိတော့ပါဘူး ခင်ဗျာ

      Delete
  6. 🙂 တိုက် ...

    @ တိုက် ...
    ရဲရဲတိုက်
    မျက်စိနားစွင့်တိုက်
    စုစုစည်းစည်းတိုက်
    ညီညီညွတ်ညွတ်တိုက်
    ဘာခံနိုင်မလဲ ရန်သူ။

    စစ်မင်းထက်သာ

    ReplyDelete
  7. This comment has been removed by the author.

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
  8. 🙂 နိုင်ရမည် ...

    @ ငါတို့ ...
    အမုန်းကိုမကြိုက်
    ဓမ္မကိုတော့ကြိုက်၏
    ထို့ကြောင့် ...
    ငါတို့ တိုက်ရ၏
    နိုင်ကို နိုင်ရမည်။

    စစ်မင်းထက်သာ

    ReplyDelete
  9. This comment has been removed by the author.

    ReplyDelete
  10. 🙂 လောကပျက်မယ့်ပွဲ ...

    @ သူ့ဘက် ...
    ကိုယ့်ဘက်၊လွန်ဆွဲတဲ့ပွဲ
    ဘယ်ဘက်ပါပါ ...
    သောကတွေဝေ၊ဒုက္ခတွေဝေတဲ့ပွဲ
    အင်း...ဓမ္မဘက်လမ်းမမြင် ...
    အစွန်းနှစ်ဘက်၊အားပြိုင်ဝင်ရင်တော့
    လောက ပျက်မယ့်ပွဲ။

    စစ်မင်းထက်သာ

    ReplyDelete
  11. Replies
    1. တစ်ဖက်က ​ပျော်ရွှင်မှု
      တစ်ဖက်က နာကျင်မှု

      Delete
  12. ....တနေ့ကြရင် ထားခဲ့ရမယ်အရာအားလုံးကိုပေါ့...... ဒါပေမယ့် ....နောင်လာနောင်သားတွေရဲ့ ပါးစပ်ဖျားမှာတော့ သင်တို့ရဲ့သမိုင်ကြောင်းးတွေကို ပြောရင်းကျန်ရစ်နေပါမယ်.....လိပ်ပြာလုံနိုင်ကြပါစေ.....

    ReplyDelete
  13. This comment has been removed by the author.

    ReplyDelete
  14. 🥷 ရာဇသံ ...

    @ အာဏာဆိုတာ ...
    ပြည်သူ့ထံက လာတာ
    ပြည်သူက မကြည်ဖြူလျှင်တော့
    မင်းတို့ ဆင်းပေးလိုက်ပေါ့၊

    @ ပါဝါဆိုတာ ...
    ပြည်သူပေးမှဖြစ်တာ
    ပြည်သူက ချဉ်နေပြီဖြစ်တော့
    မင်းတို့ ဒိုးလိုက်ပေါ့၊

    🥷 စစ်မင်းထက်သာ

    ReplyDelete
  15. ပန်းသီးသိပ်မကြိုက်ဘူး
    ကဗျာတွေကိုချစ်တယ်
    စာအုပ်ဖတ်မယ်
    ဂိမ်းဆော့မယ်
    ကော်ဖီတစ်ခွက်နဲ့သံစဥ်

    ReplyDelete
  16. 🥷 ကြောက်ကြောက် ...
    သေအောင်ကြောက်
    အသေကြောက်၊
    ဖားဖား ...
    သေအောင်ဖား
    ဘောမပါတီများ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  17. ချစ်တတ်လွန်းသူကြီး 🤗

    ReplyDelete
  18. 😡 တင်းတယ် ...

    @ ဓမ္မနဲ့အဓမ္မစစ်ပွဲမှာ ...
    လူအစုအဖွဲ့ချင်းတိုက်ကြတာ
    ယောက်ျားမှန်ရင် ...
    အပြစ်မရှိတဲ့ပြည်သူတွေ
    သေကြေမပျက်စီးပါစေနဲ့
    ငါတို့ဓမ္မဘက်ကတော့ ...
    တရားတဲ့စစ်ဖြစ်လို့ မင်းတို့ကို
    အမြဲတမ်းအဆင်သင့်ဘဲ။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  19. ကဗျာလေးရောမန့်လေးတွေရောဖတ်လို့ကောင်းတယ်

    ReplyDelete
  20. Strawberries and cigarettes always taste like you.

    ReplyDelete
  21. 🙂 ဆင်ခြင်ဘို့နဲ့ဆင်ခြင်စို့ ...

    @ ကျနော်၏ပြည်သူများ ...
    ဗုဒ္ဓဘာသာအများစုဖြစ်တဲ့အတွက်
    ဘာသာ၊သာသနာပွဲတော်များတွင်
    စည်ကားသိုက်မြိုက်စွာ ...
    သွားလာပြုလုပ်‌နေခြင်းများကို
    အကြွင်းမဲ့လက်ခံပါသည်
    သို့သော် ...
    အချိန်အခါကိုကြည့်၍
    ဆင်ခြင်သင့်တာကိုဆင်ခြင်ပြီး
    အပျော်လွန်ခြင်းမရှိအောင်တော့
    ဆင်ခြင်ကြပါစို့လို့တော့ပြောပါရစေ။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  22. Wheel............dope.🏹🏹🏹

    ReplyDelete
  23. မ​ပျော်ရွှင်ပါဘူး
    New Year ဆိုတာ ကိုယ်နဲ့လည်း သူစိမ်းပြင်ပြင်ရယ်ပါ။
    မ​ပျော်ရွှင်ခြင်း မြူမှုန်​တွေနဲ့ အတူ
    ​တ​ဆောင်းသစ်ပြန်ပါပြီ။
    ​တော်လှန် ၂၀၂၂ကို ဒီညမှာ နှုတ်ဆက်ပါတယ်ကွယ်။

    ReplyDelete
  24. ဘယ်တော့မှအရူံးမပေးဘူးFebruary 16, 2023 at 8:04 PM

    🍁🍁

    ReplyDelete
  25. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  26. July ရဲ့ မိုးစက်တွေနဲ့ အတူ......။

    ReplyDelete

Post a Comment

Popular posts from this blog