"ဝမ်းနည်းပါကြောင်း"

လမ်းဖောက်တော့ သူမပါ
လမ်းပြင်တော့ သူမရောက်
ဖြောင့်ဖြူးစွာ လမ်းပြေချောတော့
ကျော့ကျော့လေးလျှောက်။
   
ကန်တူးရာ သူမပါ
ကန်ပြင်ရာ သူမရောက်
မြကန်သာရေကြည်သန့်မှ
ခန့်ခန့်လေးသောက်။
        
ပန်းစိုက်ရာ သူမပါ
ပေါင်းသင်ရာ သူမရှိ
ပန်းပေါင်းစုံ သင်းကြူးမွှေးတော့
ရွေးပန်ချင်၏။
      
ရပ်ရွာရေး ဆွေးနွေးရာ
ဖယ်ရှောင်ခွာ သူ မရော
သူထင်ရာ မြင်အတွေးနဲ့
ဘေးထိုင်ဘုပြော။
        
လူ့ဘဝ ခဏတာ
မြင့်မြတ်စွာ လူဖြစ်ခိုက်မှာပေါ့
လူပီစွာ ကိုယ့်အမျိုးအတွက်
ကြိုးလိုက်စမ်းပါ။

သိလျက်နဲ့ သွေရှောင်ခွာ
ဝေဖန်ကာ အမြင်စောင်း
မူမမှန် တယူသန်အတွေးတွေနဲ့
ကလေးလို အရေးဆိုကြမ်းတာတော့
ဝမ်းနည်းပါကြောင်း။        ။        
 
မင်းသုဝဏ်

Respect & Credit to Poet Min Thu Wum 

Comments

  1. Till the end
    Fighting together 💪

    ReplyDelete
  2. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  3. မပျော်ဘူးလေ နော်

    ReplyDelete
  4. လူပီသဖို့ ကြိုးစားနေပါတယ်

    ReplyDelete
  5. ခဏလေးရတဲ့ လူ့ဘဝ.....

    ReplyDelete
  6. လူပီသဖို့ကြိုးစားနေပါတယ်

    ReplyDelete
  7. 🙂 တစ်ချို့ ...

    @ တစ်ချို့ဆိုတာ ...
    အကုန်ပါသည်လို့ မဆိုလို
    သို့သော် ...
    ကိုယ့်ကိုယ်ကိုယ်
    ဆန်းစစ်ဘို့ လိုပြီထင်၊

    @ ဆန်းစစ်ကြည့်ရအောင် ...
    အစစအရာရာ " ပြည်သူ" သာအဓိကတဲ့
    ဝန်ထမ်းအားလုံး ပြည်သူထဲက
    အစိုးရအဆက်ဆက်ကကော ...
    လွှတ်တော်အမတ်များကကော
    ဘာသာရေးခေါင်းဆောင်များကကော
    ပြည်သူထဲကပါဘဲလေ၊

    @ ဒါဆို ... ပြည်သူ ...
    ပြည်သူသာ အဓိကပေါ့
    လူအမျိုးမျိုးမွေးဖွားရာ ဌာန
    ဒီဌာနကို ပြုပြင်ရန်လိုလေပြီ
    ပြောင်းလဲရန်လည်း လိုလေပြီ၊

    @ ဘယ်အရာတွေ ...
    ပြုပြင်ရန် လိုမလဲ ?
    ပြောင်းလဲရန်လိုမလဲ ?‌ ပေါ့
    အကြောက်တရားတွေ ဖျောက်ရမည်
    ဗဟုသုတတွေ၊ပညာတွေ ပေးဝေရမည်
    ကိုယ်ချင်းစာတရားတွေ သင်ပေးရမည်
    တာဝန်ယူမှု၊တာဝန်ခံမှုတွေ ထဲ့ပေးရမည်
    အများကြီးလိုလေပြီ၊လိုနေပြီ။

    စစ်မင်းထက်သာ


    @

    ReplyDelete
  8. ကြိုးစားလျက်ပါကွယ် 💞

    ReplyDelete
  9. “တစ်နေရာက မတရားမှုဟာ နေရာတိုင်းက တရားမျှတမှုကို ခြိမ်းခြောက်တာပဲ”

    - ဒေါက်တာ မာတင်လူသာကင်း ဂျူနီယာ

    “Injustice anywhere is a threat to justice everywhere.”

    – Dr. Martin Luther King, Jr.

    ReplyDelete
    Replies
    1. အရင်တုန်းကမသိခဲ့လောက်အောင်ကိုညံ့ဖျင်းခဲ့တော့😓

      Delete
  10. 🥷 အမှားနဲ့အမှန် ...

    @ သုံးသပ်ချက် ...
    ဘက် နှစ်ဘက်ရှိတဲ့နေရာမှာ
    သူ့ဘက်ကလည်း မှန်တယ်လို့ထင်သလို
    ကိုယ့်ဘက်ကလည်း မှန်တယ်ပေါ့ဗျာ
    ဒါဆို ပွဲကပြီးမှာမဟုတ်တော့ဘူး၊

    @ အမှားအမှန်ဆုံးဖြတ်ဘို့ ...
    ၁.အချက်အလက်ရှိရမယ်
    ၂.ဒိုင်/ကြားအဖွဲ့ရှိရမယ်
    ၃.ဆုံးဖြတ်ချက် ၂ဘက်လုံးလက်ခံရမယ်၊

    @ ဒိုင်/ကြားအဖွဲ့အနေနဲ့ စဉ်းစားကြည့်ရ
    အောင် ...
    ၁.ဒီပြဿနာ အရင်းအမြစ်
    အဓိက၊Covid19လှိုင်းမပြီးသေးခင်၊
    ပြည်သူတွေဒုက္ခရောက်နေချိန်၊*အာဏာဆွဲ
    ထိမ်း/သိမ်းတာ ပြဿနာအရင်းအမြစ်ဘဲ။
    ၂.ဒုတိယအချက် အမှား
    မဲလိမ်တယ်ပြောတယ်၊ပြည်သူက,ကိုယ်
    ကိုယ်တိုင်ထည့်ခဲ့တဲ့အတွက်၊မှားနေကြောင်း
    ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တယ်၊*ခေါင်းကို
    သေနတ်နဲ့ပစ်ပြီးနှိမ်နှင်းတယ်။
    ၃.တတိယအမှား
    ကိုယ့်ဘက်မတူ ကိုယ့်ရန်သူအနေနဲ့၊ပါး
    စပ်ဥပဒေတွေနဲ့၊အကုန်ဖမ်းဆီးနှိပ်စက်၊သ
    တ်ဖြတ်ပစ်တဲ့အဆင့်အထိနှိပ်ကွပ်တယ်၊*အဲ့
    ဒါ-တတိယအမှား။
    ၄.စတုတ္ထအမှား
    ကိုယ့်အိမ်ကိုယ်နေလို့မရတာရယ်၊နာကျ
    ည်းချက်တွေကြောင့်၊ပြည်သူ/အထူးသဖြင့်
    Gene-Zတွေက လက်နက်ကိုင်တော်လှန်ရေး
    လုပ်တယ်၊အခုထိနောင်တမရဘဲ၊ပြည်သူ့လ
    က်နက်နဲ့ ပြည်သူပြန်သတ်နေတယ်၊* အဲ့ဒါ
    စတုတ္ထအမှား။
    ၅.ပဉ္စမအမှား
    ဒီအမှားက အဆိုးဆုံး၊အခုထိပြန်လည်
    သုံးသပ်မှုမရှိ၊ကိုယ့်ကိုယ်ကိုယ် မှားမှန်းမသိ၊
    ဘေးက ရန်နေတဲ့သူတွေကလည်း ဒီအတိုင်း
    ဘဲ၊အမှားကို အမှန်လုပ်ပြီး၊အလုံးစုံ နှိပ်ကွပ်
    ရေး ဝိုင်းလုပ်နေကြတာ။

    @ စာရှည်မှာစိုးလို့ ...
    အကျဉ်းချုပ်တင်ပြထားတာ၊* လူဆိုတာ
    ၁.မလုပ်သင့်တာ မလုပ်ရဘူး၊
    ၂.လုပ်မိလို့/လုပ်ရင်းနဲ့ မှားမှန်းသိရင်၊ရိုးရိုး
    သားသားတောင်းပန်ပြီး၊နောက်ဆုတ်ပေး
    ရတယ်၊ဆက်မမှားသင့်ဘူး၊
    ၃.အပြုသဘောနဲ့ ဆွေးနွေးညှိနှိုင်းရမယ်၊
    ၄.ဘာဘဲဖြစ်ဖြစ်၊ ဆုံးရှုံးနစ်နာနေရတာက...
    ကိုယ့်ပြည်သူတွေနဲ့ကိုယ့်တိုင်းပြည်ဗျ၊တစ်ကယ်ချစ်တဲ့ခေါင်းဆောင်ဆိုရင်၊နောက်
    ဆုတ်ရမယ်ဗျ၊ဆက်မလုပ်ရဘူး၊
    ၅.အရာရာမှာ၊* စဉ်းစားတွေးခေါ်မှု၊*မှန်ကန်
    တဲ့တွေးခေါ်ဆုံးဖြတ်မှု၊*ဆင်ဆင်ချင်ချင်
    လုပ်ဆောင်မှု၊*ပြန်လည်သုံးသပ်မှု၊*ပြုပြင်
    ထိမ်းကျောင်းမှု၊*မှန်ကန်တည့်မတ်စွာ ပြန်
    လည်အကောင်အထည်ဖော်မှု၊ စသည်ဖြင့်
    ရှိရမယ်ဗျ။

    စစ်မင်းထက်သာ

    ReplyDelete
    Replies
    1. ​တော်လိုက်တဲ.သုံးသတ်ချက်ပြည်သူများအ​နေနဲ.ဓမ္မလားအဓမ္မလားဆိုတာခွဲခြးသိကြ​ပေမဲ.လက်တဆုပ်စာခ်ုးစားလုစား​ရောင်းစာ​နေတဲ.သူ​တွေက​တောပြည်သူဆိုတာ

      Delete
  11. အမေ့အိမ်ကိုလဲလွမ်းတယ်
    ကျဆုံးသွားတဲ့ရဲဘော်တွေကိုလွမ်းတယ်
    ကမ္ဘာပျက်နေပြီဆိုတာမင်းသိတယ်
    နိုင်ငံလဲပျက်စီးနိုင်တာထက်ကိုပိုပျက်စီးနေပြီ
    လူငယ်တဲ့...တစ်နိုင်ငံလုံးကိုပုခုံးပေါ်ထမ်းထားရတာ
    အမေ့ကိုလွမ်းချိန်မရဘူး
    အချစ်ရေ...လိုရင်ဖွင့်ငိုချိန်မရဘူး
    ငါ့အသက်ငါဖက်နဲ့ထုတ်ပြီးနိုင်ငံတော်ကိုကာကွယ်နေတာ
    ငါတိုကြွေရင်တိတ်တိတ်လေးပဲ
    မင်းတိုရိူးပွဲလောက်လူမစည်ဘူး....ဒါပေမဲ့
    ငါတိုလူပီသခဲ့တယ်။

    #ပိုင်နေလင်းခန့်

    ReplyDelete
    Replies
    1. ဘဝမှာ ဈေးအကြီးဆုံး ပေးဝယ်ရတဲ့ အရည်ဟာ
      မျက်ရည် ပါပဲ.. ၊
      နှလုံးသားမှာ သွေးစိမ်းရှင်ရှင်ထွက်မှ
      မျက်လုံး က မျက်ရည်ကျတယ်.. ၊

      တန်ဖိုးကြီးတဲ့ အရည်မိုလို လွယ်လွယ်နဲ့ ငါမငိုဘူး။

      မင်းခိုက်စိုးစန်

      Delete
  12. 🥷 မရှက်တတ်ရင်တောင် ...
    လူလိုအသိနဲ့အားနာပါ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  13. 🥷 နောင်တ ...

    @ နောင်တဆိုတာ ...
    အမည်နဲ့လိုက်အောင်
    နောင်မှတကြတာ
    သေရင်တော့ ...
    ဘာမှအကျိုးမရှိဘူး။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  14. ဝမ်းနည်းပါကြောင်း😔

    ReplyDelete
  15. အာဏာရူး​နေတဲ့ လူကို ဗန်းပြ
    ​နောက်ကွယ်မှာ ခိုးတမ်းချလို့
    အမျိုးကန်း​အောင် သတ်ဖြတ်​နေတဲ့
    မြန်မာတို့ စစ်တပ်ကြီး။

    ReplyDelete
    Replies
    1. နေဝင်ချိန်နီးပါပြီ

      Delete
  16. Wheel............dope.🏹🏹🏹

    ReplyDelete
  17. Yawng, Ngwipyaw hkamja nga u ga 🙏🥰

    ReplyDelete
  18. ငိုချင်တယ်🥺

    ReplyDelete
  19. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  20. လူပီသဖို့ကြိုးစားနေပါတယ်

    ReplyDelete
  21. Done
    Click,click,click...........

    ReplyDelete
  22. လူ့ဘဝ ခဏတာ
    မြင့်မြတ်စွာ လူဖြစ်ခိုက်မှာပေါ့
    လူပီစွာ ကိုယ့်အမျိုးအတွက်
    ကြိုးလိုက်စမ်းပါ။

    ReplyDelete
  23. ကိုယ်ချင်းစာစိတ်ကိုအခြေခံတဲ့
    မေတ္တာတရားတွေ
    ပြည့်ဝကြပါစေ။

    ReplyDelete
  24. လူပီသဖို့ကြိုးစားနေပါတယ်

    ReplyDelete
  25. Fighting
    Click,click,click..........

    ReplyDelete

Post a Comment

Popular posts from this blog