"ဧည့်သည်"

ရေခဲမြစ်တစ်စင်း ရောက်လာတယ်
လမ်းမေးချင်လို့တဲ့
ခက်တာက
ကျွန်မမှာ ပိုလာတစ်ကောင်မှမရှိဘူး
အက်စကီးမိုးတွေနဲ့လည်း 
မေးထူးခေါ်ပြောတောင် မလုပ်ဖူးဘူး။

ကိုရေခဲမြစ်....ရှင့်
ကျွန်မမှာ
အဖေသေတော့ တစ်ခါခဲဖူးတယ်
ရည်းစားဦးနဲ့လွဲလို့ တစ်ခါခဲဖူးတယ်
နိုင်ငံတော်သီချင်းဆိုရင်း တစ်ခါခဲဖူးတယ်
ဘက်စုံကြပ်တည်းမှုမှာ တစ်ခါခဲဖူးတယ်
ဖော်ဝေးဒိုင်ယာရီဖတ်ရင်း တစ်ခါခဲဖူးတယ်

ကျွန်မပြောတာ
လမ်းဖြစ်ရဲ့လား။        ။

မြကျေး
၉.၉.၂၀၁၉

Respect & Credit to Poet Mya Kyay 

Comments

  1. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  2. 🙂 ရင်လေးရတယ် ...

    @ အကွဲကွဲအပြားပြားနဲ့ ...
    အဆူဆူက ဗျာများ
    ပဲများနေတဲ့ သူတစ်လူ
    ငါတစ်မင်းဖြစ်တဲ့ နိုင်ငံတော်
    ဘယ်သူက ကယ်ပါလိမ့်
    အင်း ... ရင်လေးရတယ်လေး။

    စစ်မင်းထက်သာ

    ReplyDelete
  3. 1962ဝယ်စရာဆန်မရိှ တခါခဲ
    ၁၀၀တန်တွေနဲ့ တခါခဲ
    ၂၅ ၃၅ ၄၅ ၇၅တန်တွေနဲ့တခါခဲ
    ၈၈၈၈ကြုံတော့တခါခဲ
    ၂၀၂၀မှာခဲတာကတော့အမာတကအမာဆုံးခဲနေပြီလေ

    ReplyDelete
  4. Till the end
    Fighting together 💪

    ReplyDelete
  5. အကြိမ်ကြိမ်သေခဲ့ရပေမယ့်
    မနာတတ်ခဲ့တဲ့သူတွေကြောင့်
    အနာဂါတ်တွေဟာ
    အမှောင်ဖုံးခဲ့ပေါ့
    ယနေ့တိုင်

    ReplyDelete
  6. ချစ်လိုက်တာ ဆရာမ မြကျေးကဗျာတွေကို ❤️

    ReplyDelete
  7. This comment has been removed by the author.

    ReplyDelete
  8. စောင်ဂျပု သေခဲတာ
    အဆိုးဆုံး

    ReplyDelete
  9. 🥷 လေ့လာပါ ...
    မှတ်သားပါ
    လုပ်သင့်တာတွေးပါ
    အမြန်လိုက်လုပ်ပါ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  10. 🥷 အသေအချာ ...

    @ သေချာတာကတော့ ...
    ကျနော်တို့၏ပြည်သူပြည်သားများ
    အနီးကပ်ဆုံးရန်သူကို ...
    နှိမ်နှင်းတွန်းလှန်ကြ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  11. 🏇 ဝဋ် ...

    @ အရင်တုံးက ...
    လေလှိုင်းအစိုးရလို့
    ကဲ့ရဲ့ခဲ့သူက !
    အခုကျတော့ ...
    နိုင်ငံအတွင်းလှည့်တော့လည်းလေပေါ်က!
    စစ်တိုက်ပြန်တော့လည်းလေပေါ်က!
    ကဲ ... ဘယ့်နှယ့်ရှိစ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  12. Wheel............dope.🏹🏹🏹

    ReplyDelete
  13. လမ်း​ဖြစ်တာ​ပေါ့ကွယ်

    ReplyDelete
  14. ကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ

    ReplyDelete
  15. Fighting
    Click,click,click..........

    ReplyDelete

Post a Comment

Popular posts from this blog