ထင်ရှားသည့်အမှတ်အသား ကိုးကွယ်သည့်ဘာသာ

ရေဟာ ရေပါပဲ
ရေတွင်းက ရေ
ပိုက်ကလာတဲ့ ရေ ...စသည်ဖြင့်
အိမ်သာထဲလည်း ရောက်တယ်
ဘုရားစင်ပေါ်လည်း ရောက်တယ်
အသုံးချတတ်မှုနဲ့ 
တန်ဖိုးထားတတ်မှုဟာ ဘာသာရေးပဲ။

နေ့လွဲညစာအတွက်ပါ 
စားထားတဲ့ ဥပုသ်နေ့တွေဆို
ဓမ္မာရုံတွေက ဓမ္မပူဇာတေးတွေကို 
အတင်း အဓမ္မ ဖွင့်နေတယ်
နားထောင်တတ်မှ ကြားရတဲ့ ဓမ္မ
အတိုးအကျယ် မရှိဘူး
အကျဉ်းအကျယ်သာ ရှိတာပါ။

ဘုရားပွင့်ခဲ့တဲ့ ဗောဓိညောင်ပင်
ဘုရားနားမှာ 
ဘယ်သူမှ မတို့ရဲ မထိရဲ
အခု...
ဘုရားကို မြိုနေပြီ 
ငြမ်းက ဘုရားကို ဖျက်နေပြီ။

နိဗ္ဗာန်က အသွားပဲရှိတယ် အပြန်မရှိဘူး
ငရဲက အသွားရော အပြန်ရောရှိတယ်
နိဗ္ဗာန်က ဖြတ်လမ်းမရှိဘူး
ငရဲက ဖြတ်လမ်းရှိတယ်။

ဘယ်လိုလဲ...
ဘယ်ကိုသွားမလဲ... ဘယ်လိုသွားမလဲ
မြင်တာကို မြင်တယ်လို့မှတ်ဖို့
မြင်ပေမယ့် မမြင်နိုင်ကြဘူး။

ကျယ်ရမယ့် မျက်စိကျ မကျယ်ဘူး
မကျယ်ရမယ့် ဖင်ခေါင်းကျ ကျယ်နေတယ်
ဦးဇင်းလေးဟောတဲ့တရား တဟားဟားနဲ့ ပွဲကျလို့ 
တရားပြပေမယ့် တရားမရတဲ့သူတွေလေ။

ဆုတောင်းတိုင်း မပြည့်ဘူး
တောင်းတဲ့ဆုတွေက ပါးစပ်ကြီးနဲ့အပြည့်
အကုသိုလ်တွေ ပါလာမှဖြင့်
ခွဲတမ်းနဲ့ ဝေနေတဲ့ အမျှ
သာဓုတွေ ခေါ်နေကြတယ်။

ဆီမီးပူဇော်တာလို့ ခေါင်းစဉ်တပ်
အပူတွေကို အပူတွေနဲ့ အပူတိုက် 
လောင်မြိုက်နေတဲ့ လောဘတွေနဲ့
မရှိတော့တဲ့ ဘုရားကို 'တ' လို့
ရှိနေတဲ့ တရားကို မေ့လို့ 

ဆည်းလည်းသံတွေက ရယ်ပွဲဖွဲ့နေပြီ။      ။

လင်းမိုးစွေ

ရတုမြေ မဂ္ဂဇင်း
ဒီဇင်ဘာလ ၊ ၂၀၁၅

Respect & Credit to Poet Linn Moe Swe  

Comments

  1. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  2. အမှန်တရားတွေပေါ့

    ReplyDelete
    Replies
    1. မီးအဲ့ဒါတေမသောက်တတ်ဘူး😌🤣

      Delete
    2. ယုံလိုက် မယ် တောထဲ🤭

      Delete
    3. ယုန်ရရင်အပေါ်ကအရေနဲ့သုံးဆောင်🤣🤣

      Delete
    4. မမနဲ့တိုင်ပြောမယ်🌝မသောက်တတ်ပါဘုးးဆို😖😎

      Delete
    5. မမရှိဘူး မီး😂
      အာ့တော့ဆေးရေ🤭

      Delete
    6. မပျော်ပဲတော့မသောက်ချင်ဘူး။ဒီတိုင်းလေးလွမ်းပါ့မယ်။

      Delete
  3. 🙂 ရင်လေးရတယ် ...

    @ အကွဲကွဲအပြားပြားနဲ့ ...
    အဆူဆူက ဗျာများ
    ပဲများနေတဲ့ သူတစ်လူ
    ငါတစ်မင်းဖြစ်တဲ့ နိုင်ငံတော်
    ဘယ်သူက ကယ်ပါလိမ့်
    အင်း ... ရင်လေးရတယ်လေး။

    စစ်မင်းထက်သာ

    ReplyDelete
  4. Replies
    1. တချို့..

      လူသားဆန်မှုတရားကို လျစ်လျူရှု

      ပါးစပ်ကရွတ်မှ တရားလို့ အမည်တပ်


      Delete
    2. "မရှိတော့တဲ့ ဘုရားကို 'တ' လို့
      ရှိနေတဲ့ တရားကို မေ့လို့ "

      Delete
  5. Till the end
    Fighting together 💪

    ReplyDelete
  6. အဆုံးအစမသိတဲ့ခရီးမှာ
    လမ်းပြကွန်းပတ်လည်းမပါ
    လောကပဥာတ်များထဲ
    ငါဘယ်မှာ

    ReplyDelete
  7. ကြိုက်တယ် 👍

    ReplyDelete
  8. ကျွန်တော်သည် ငှက်တစ်ကောင်ဖြစ်ချင်သည်

    ကျွန်တော်ဟာ
    ဟိုး.....အဝေးဆုံးထိ တက်ပျံချင်နေတဲ့
    ငှက်ကလေးတစ်ကောင်ပါပဲ....

    စည်းတွေဘောင်တွေ
    ကန့်သတ်မှုတွေမရှိတဲ့
    လေဟာနယ်ကိုမှ ပျံသန်းချင်နေတဲ့
    ငှက်တစ်ကောင်ပေါ့.....

    ပျော်ရွှင်ခြင်းသီချင်းတွေကိုဆိုမယ့်
    ဝမ်းနည်းခြင်းသီချင်းတွေမကြားချင်တဲ့
    ငှက်တစ်ကောင်ပေါ့.....

    သူ့မှာ လှောင်အိမ်လည်းမရှိဘူး
    လှောင်နှိမ်မယ့်သူလည်းမရှိဘူး
    လှောင်ရယ်မယ့်သူလည်းမရှိဘူး
    အဲ့လိုမျိုး ငှက်တစ်ကောင်ပေါ့.....

    ➣ထွန်းဟိန်းယံ

    ReplyDelete
  9. မအေလိုး သောင်းစိန်သား ဂျဘု

    ReplyDelete
  10. လောင်မြိုက်နေတဲ့ လောဘတွေနဲ့
    မရှိတော့တဲ့ ဘုရားကို 'တ' လို့
    ရှိနေတဲ့ တရားကို မေ့လို့

    ReplyDelete
  11. 🥷 လေ့လာပါ ...
    မှတ်သားပါ
    လုပ်သင့်တာတွေးပါ
    အမြန်လိုက်လုပ်ပါ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  12. အမှန်တရားနဲ့ ကိုယ်ချင်းစာတရားကိုပဲ ကိုးကွယ်ပါတယ်

    ReplyDelete
  13. ကြိုက်တယ် 👍
    ရှိတဲ့တရားကိုကျမေ့

    ReplyDelete
  14. 🥷 အသေအချာ ...

    @ သေချာတာကတော့ ...
    ကျနော်တို့၏ပြည်သူပြည်သားများ
    အနီးကပ်ဆုံးရန်သူကို ...
    နှိမ်နှင်းတွန်းလှန်ကြ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  15. 🏇 ဝဋ် ...

    @ အရင်တုံးက ...
    လေလှိုင်းအစိုးရလို့
    ကဲ့ရဲ့ခဲ့သူက !
    အခုကျတော့ ...
    နိုင်ငံအတွင်းလှည့်တော့လည်းလေပေါ်က!
    စစ်တိုက်ပြန်တော့လည်းလေပေါ်က!
    ကဲ ... ဘယ့်နှယ့်ရှိစ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  16. Wheel............dope.🏹🏹🏹

    ReplyDelete
    Replies
    1. ဟိုဘက်နည်းနည်းတိုး။
      ပစ်ကွင်းမလွတ်ဘူး။🤣🤣

      Delete
    2. ထိပါစေနှလုံးသားတည့်တည့်ကို😅

      Delete
    3. ပစ်လိုက်ပြီးဝှစ်...🏹

      Delete
    4. လမ်း‌ေြကာင်းလွဲနေတယ်🤭

      Delete
    5. ကောင်မလေးဆီရောက်သွားတာဖြစ်မယ်😂😂😂

      Delete
  17. လောင်မြိုက်နေတဲ့ လောဘတွေနဲ့
    မရှိတော့တဲ့ ဘုရားကို 'တ' လို့
    ရှိနေတဲ့ တရားကို မေ့လို့
    #လင်းမိုးစွေ

    ReplyDelete
  18. ဆည်းလည်းရှိုက်သံ သဲ့သဲ့လေးကြားနေတယ်

    ReplyDelete
  19. အိမ်းးး တရားတွေလဲ ပေါက်ကုန်တော့မယ်ဟရို့ 🙄

    ReplyDelete
  20. Fighting
    Click,click,click.........

    ReplyDelete

Post a Comment

Popular posts from this blog