စုံ တော မြိုင်
ကလေးဘဝ ငါသိတဲ့စုံတောမြိုင်ဆိုတာ
တောကြီးမျက်မည်း...ဘာမျှမရှိ
တစ်ခါတော့...စဥ်းစားကြည့်မိသေး
တောကောင်ကြီးတွေများ ရှိလေမလား
သစ်ခွပန်းလေးတွေလည်းရှိမှာပဲပေါ့။
ပြီးတော့...နွယ်ကြိုးတွဲလွဲခိုစီးနေမယ့်
တာဇံကြီးများ ရှိနေလေမလား
ကလေးပီပီ... အဲ့ဒီအချိန်ကတော့
တာဇံက ငါ့အတွက်
အကောင်းဆုံးသက်မဲ့ဇာတ်ကောင်ကိုး
အကောင်းဆုံးဒြပ်မဲ့စိတ်ကူးယဥ်ဘဝပဲ။
အခုချိန် ငါသိတဲ့စုံတောမြိုင်မှာ
နိုင်ငံ့အကျိုးလိုလားသူ တချို့ရဲ့
အခမ်းနားဆုံး လက်ထပ်ပွဲတွေရှိတယ်
ကိုယ့်အကျိုးမငဲ့သူ လူတချို့နဲ့
သူတို့ အိမ်ပြန်အလာမျှော်လင့်ရတဲ့
မိသားစုဝင် တချို့ရှိပြန်တယ်။
သူတို့ချစ်မြတ်နိုးရတဲ့ မိန်းမပျိုနဲ့
တစ်ဘဝလုံးစာ နှုတ်ဆက်ကြရတဲ့
ယောကျ်ားမြတ်တွေရှိသလို...
သူတို့ချစ်မြတ်နိုးရတဲ့ ခင်ပွန်းသားသမီးကို
ရင်နာနာနဲ့ စွန့်ခွာချန်ရစ်ခဲ့ရတဲ့
မိန်းမမြတ်တွေလည်းရှိရဲ့
သူတို့ခမျာ...
မိခင်ဖခင်တို့ရဲ့နောက်ဆုံးခရီးကိုတောင်
ပို့ဆောင်နှုတ်ဆက်ခွင့်မရလိုက်ရှာကြ။
အခုတော့ ငါသိတဲ့စုံတောမြိုင်က
အမှန်တရားကိုချစ်မြတ်နိုးသူ
ငါတို့အားလုံးအတွက်...
ဒီမိုကရေစီလွတ်လပ်ခွင့်ကို
မြေကြီးလက်ခတ်မလွဲ
သေချာပေါက် အရယူပေးမယ့်
သက်ရှိဇာတ်ကောင်တွေနေတယ်။
တစ်နိုင်ငံလုံးရဲ့ ဒြပ်မဲ့ချစ်ခြင်းတွေက...
သူတို့အားလုံးရဲ့ဆီမှာလေ။ ။
စိုး🖤
Done ✅
ReplyDeleteTHANKS.
DeleteTill the end
ReplyDeleteFighting together 💪
We Must Win ✊
DeleteClick with love 💕
ReplyDelete🍀🍀🍀🍀🍀
🐝
ReplyDelete🥰🥰🥰
ReplyDeleteလွတ်လပ်ခွင့်ကို ရယူပေးမယ့်
ReplyDeleteသူရဲကောင်းတို့ရဲ့ အောင်မြေ 💝
BE STRONG.
ReplyDeleteDone
ReplyDelete🙂 တစ်ချို့ ...
ReplyDelete@ တစ်ချို့ဆိုတာ ...
အကုန်ပါသည်လို့ မဆိုလို
သို့သော် ...
ကိုယ့်ကိုယ်ကိုယ်
ဆန်းစစ်ဘို့ လိုပြီထင်၊
@ ဆန်းစစ်ကြည့်ရအောင် ...
အစစအရာရာ " ပြည်သူ" သာအဓိကတဲ့
ဝန်ထမ်းအားလုံး ပြည်သူထဲက
အစိုးရအဆက်ဆက်ကကော ...
လွှတ်တော်အမတ်များကကော
ဘာသာရေးခေါင်းဆောင်များကကော
ပြည်သူထဲကပါဘဲလေ၊
@ ဒါဆို ... ပြည်သူ ...
ပြည်သူသာ အဓိကပေါ့
လူအမျိုးမျိုးမွေးဖွားရာ ဌာန
ဒီဌာနကို ပြုပြင်ရန်လိုလေပြီ
ပြောင်းလဲရန်လည်း လိုလေပြီ၊
@ ဘယ်အရာတွေ ...
ပြုပြင်ရန် လိုမလဲ ?
ပြောင်းလဲရန်လိုမလဲ ? ပေါ့
အကြောက်တရားတွေ ဖျောက်ရမည်
ဗဟုသုတတွေ၊ပညာတွေ ပေးဝေရမည်
ကိုယ်ချင်းစာတရားတွေ သင်ပေးရမည်
တာဝန်ယူမှု၊တာဝန်ခံမှုတွေ ထဲ့ပေးရမည်
အများကြီးလိုလေပြီ၊လိုနေပြီ။
စစ်မင်းထက်သာ
@
ကဗျာဖတ်ပြီး
ReplyDeleteကြက်သီးတောင်ထသွားတယ်
ရင်ထဲမယ် ထိရှ
ကောင်းလိုက်တဲ့ ကဗျာ
🤗🥰
🖤
Deleteရေးထားတဲ့ စာကြောင်းတစ်ကြောင်းစီတိုင်းက အဓိပ္ပါယ်ပြည့်ဝပြီး အရမ်းကောင်းတာပဲ။ လှလိုက်တဲ့ စုံတောမြိုင်ရယ်...
ReplyDeleteစိုးရဲ့ ကဗျာတွေလည်းတော်တော်ကောင်းတယ်။ 🖤
🖤
Delete🥷 အမှားနဲ့အမှန် ...
ReplyDelete@ သုံးသပ်ချက် ...
ဘက် နှစ်ဘက်ရှိတဲ့နေရာမှာ
သူ့ဘက်ကလည်း မှန်တယ်လို့ထင်သလို
ကိုယ့်ဘက်ကလည်း မှန်တယ်ပေါ့ဗျာ
ဒါဆို ပွဲကပြီးမှာမဟုတ်တော့ဘူး၊
@ အမှားအမှန်ဆုံးဖြတ်ဘို့ ...
၁.အချက်အလက်ရှိရမယ်
၂.ဒိုင်/ကြားအဖွဲ့ရှိရမယ်
၃.ဆုံးဖြတ်ချက် ၂ဘက်လုံးလက်ခံရမယ်၊
@ ဒိုင်/ကြားအဖွဲ့အနေနဲ့ စဉ်းစားကြည့်ရ
အောင် ...
၁.ဒီပြဿနာ အရင်းအမြစ်
အဓိက၊Covid19လှိုင်းမပြီးသေးခင်၊
ပြည်သူတွေဒုက္ခရောက်နေချိန်၊*အာဏာဆွဲ
ထိမ်း/သိမ်းတာ ပြဿနာအရင်းအမြစ်ဘဲ။
၂.ဒုတိယအချက် အမှား
မဲလိမ်တယ်ပြောတယ်၊ပြည်သူက,ကိုယ်
ကိုယ်တိုင်ထည့်ခဲ့တဲ့အတွက်၊မှားနေကြောင်း
ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တယ်၊*ခေါင်းကို
သေနတ်နဲ့ပစ်ပြီးနှိမ်နှင်းတယ်။
၃.တတိယအမှား
ကိုယ့်ဘက်မတူ ကိုယ့်ရန်သူအနေနဲ့၊ပါး
စပ်ဥပဒေတွေနဲ့၊အကုန်ဖမ်းဆီးနှိပ်စက်၊သ
တ်ဖြတ်ပစ်တဲ့အဆင့်အထိနှိပ်ကွပ်တယ်၊*အဲ့
ဒါ-တတိယအမှား။
၄.စတုတ္ထအမှား
ကိုယ့်အိမ်ကိုယ်နေလို့မရတာရယ်၊နာကျ
ည်းချက်တွေကြောင့်၊ပြည်သူ/အထူးသဖြင့်
Gene-Zတွေက လက်နက်ကိုင်တော်လှန်ရေး
လုပ်တယ်၊အခုထိနောင်တမရဘဲ၊ပြည်သူ့လ
က်နက်နဲ့ ပြည်သူပြန်သတ်နေတယ်၊* အဲ့ဒါ
စတုတ္ထအမှား။
၅.ပဉ္စမအမှား
ဒီအမှားက အဆိုးဆုံး၊အခုထိပြန်လည်
သုံးသပ်မှုမရှိ၊ကိုယ့်ကိုယ်ကိုယ် မှားမှန်းမသိ၊
ဘေးက ရန်နေတဲ့သူတွေကလည်း ဒီအတိုင်း
ဘဲ၊အမှားကို အမှန်လုပ်ပြီး၊အလုံးစုံ နှိပ်ကွပ်
ရေး ဝိုင်းလုပ်နေကြတာ။
@ စာရှည်မှာစိုးလို့ ...
အကျဉ်းချုပ်တင်ပြထားတာ၊* လူဆိုတာ
၁.မလုပ်သင့်တာ မလုပ်ရဘူး၊
၂.လုပ်မိလို့/လုပ်ရင်းနဲ့ မှားမှန်းသိရင်၊ရိုးရိုး
သားသားတောင်းပန်ပြီး၊နောက်ဆုတ်ပေး
ရတယ်၊ဆက်မမှားသင့်ဘူး၊
၃.အပြုသဘောနဲ့ ဆွေးနွေးညှိနှိုင်းရမယ်၊
၄.ဘာဘဲဖြစ်ဖြစ်၊ ဆုံးရှုံးနစ်နာနေရတာက...
ကိုယ့်ပြည်သူတွေနဲ့ကိုယ့်တိုင်းပြည်ဗျ၊တစ်ကယ်ချစ်တဲ့ခေါင်းဆောင်ဆိုရင်၊နောက်
ဆုတ်ရမယ်ဗျ၊ဆက်မလုပ်ရဘူး၊
၅.အရာရာမှာ၊* စဉ်းစားတွေးခေါ်မှု၊*မှန်ကန်
တဲ့တွေးခေါ်ဆုံးဖြတ်မှု၊*ဆင်ဆင်ချင်ချင်
လုပ်ဆောင်မှု၊*ပြန်လည်သုံးသပ်မှု၊*ပြုပြင်
ထိမ်းကျောင်းမှု၊*မှန်ကန်တည့်မတ်စွာ ပြန်
လည်အကောင်အထည်ဖော်မှု၊ စသည်ဖြင့်
ရှိရမယ်ဗျ။
စစ်မင်းထက်သာ
✔️🖤
ReplyDeleteClick
DeleteClick!
Deleteမင်းအိမ်က မဟုတ်လို
ReplyDeleteမင်း မကြားသေးတာပါ
ငိုသံတွေက လမ်းမမှာ…။
PK(ကျောင်းစောင့်ကြီး)
This comment has been removed by the author.
ReplyDelete🥷 မရှက်တတ်ရင်တောင် ...
ReplyDeleteလူလိုအသိနဲ့အားနာပါ။
🥷 စစ်မင်းထက်သာ
စုံတောမြိုင်ထဲကလူတွေ လူပီသကြတယ် လေးစားသထက်လေးစား ချစ်ခင်တယ် ဘေးရန်ကင်းပါစေ ညတိုင်းဆုတောင်းပေးတယ်
ReplyDeleteThis comment has been removed by the author.
ReplyDeleteDone 🍀
ReplyDelete🙂 ပြည်သူသာအဓိက ...
ReplyDelete🥷 ပြည်သူများ ...
ဂျင်းအထည့်မခံပါနဲ့
ဒေါ်လာဈေးတက်တာ ...
ဉာဏ်မရှိတဲ့သူတွေနဲ့
ပညာမဲ့တဲ့သူတွေရဲ့
လုပ်ပုံကိုင်ပုံအမှားကြောင့်ပါ။
🥷 စစ်မင်းထက်သာ
စကားအပိုတွေပြောဖို့မလို ကလစ်စရာရှိတဲ့ လင့်တွေဆက်ကလစ်ယုံ
ReplyDeleteအမှန်တရားကိုချစ်မြတ်နိုးသူ💕
ReplyDelete🍁🍁
ReplyDeleteDone ✅
ReplyDelete✨️✨️✨️
ReplyDelete🌻
ReplyDelete😥 ဒို့တိုင်းရင်းသားညီအကိုများ ...
ReplyDelete@ "ဖားကန့်အတွက် သွေးကြွေးဆပ်ရမည်"
ကချင်လည်း ဒို့ကချင်
ကယားလည်း ဒို့ကယား
ကရင်လည်း ဒို့ကရင်
ချင်းသည်လည်း ဒို့ချင်း
မွန်သည်လည်း ဒို့မွန်
ဗမာသည်လည်း ဒို့ဗမာ
ရခိုင်သည်လည်း ဒို့ရခိုင်
ရှမ်းသည်လည်း ဒို့ရှမ်း
ဘယ်သူထိထိ ဒို့ထိတာဘဲ။
🏇 စစ်မင်းထက်သာ
Wheel............dope.🏹🏹🏹
ReplyDeleteWheel............dope.🏹🏹🏹
Delete🏹
Delete🎯
DeleteAPPRECIATE.
ReplyDeleteမေတ္တာတွေပြိုင်
ReplyDeleteသစ္စာတွေလှိုင်ကာပေါ
နိုင်ငံ့အလှ တောထဲမှာ
ငါတို့ အသဲနှလုံးတွေ မြှုပ်နှံထား
အမှန်တရားတွေ ထွန်းကားပါစေ။
🙏🥰
Delete🙏❤️
DeleteDone ✅
ReplyDeleteစုံတော်မြိုင်ဝယ်
ReplyDeleteအသက်ကိုစွန့်
နှောင်ကြိုးကိုစတေးရင်း
ဘဝတစ်ခု နေဝင်ခဲ့ရ
ပန်းများပွင့်ပါစေ
ချစ်တဲ့သူတွေ ပျော်ရွှင်ပါစေ
🙏🙏🙏
DeleteAppreciate.
ReplyDeleteAppreciate
Delete💛
ReplyDelete🤜🤛❤️
ReplyDelete😘🖤
ReplyDelete😇😇😇😇😇😇😇
ReplyDeleteအခုတော့ ငါသိတဲ့စုံတောမြိုင်က
ReplyDeleteအမှန်တရားကိုချစ်မြတ်နိုးသူ
ငါတို့အားလုံးအတွက်...
ရင်ထဲကိုထိချက်။
ReplyDeleteအမှန်တရားကို
မြတ်နိုးတန်ဘိုးထားတဲ့
သူရဲကောင်းတို့
နင်းလိုက်သောမြေ အောင်မြေ။
🍀🍀🍀
ReplyDelete🤜🤛
ReplyDelete💙
ReplyDelete