သူငယ်ချင်းထံပေးစာ (၆)

ခေတ်ဆိုးကြီးမှာ မျှောမလိုက်မိစေနဲ့
သူငယ်ချင်း...

တကယ်တမ်း
ကိုယ့်ကျောပေါ် ကျာပွတ်ကျလာပြီဆိုမှ
မျက်နှာပျက်ခွင့် မရတာမျိုး
မင်းကိုလည်း မကြုံစေချင်
ငါလည်း မကြုံချင်၊

အချိန်လေးရှိတုန်း
အရှိန်လေးရှိတုန်း
ငါတို့ အတူတူရုန်းဖို့လိုတယ်။

ဘယ်မီးမဆို.....
အချိန်အကန့်အသတ်ရှိတယ် မဟုတ်လား။        ။

ရင်သွေး

Comments

  1. -ပို၍လှတဲ့မနက်ခင်းလေးတစ်ခုပိုင်ဆိုင်ချင်တယ်...
    -ဒီနေ့ထက်ပိုလှတဲ့သောက်ကြာနေ့ကိုရောက်ချင်တယ်...

    -အနာဂတ်မှာရင့်ကျက်ပြီးတည်ငြိမ်တဲ့သူတယောက်လောက်ပဲမိတ်ဖွဲ့ချင်တော့တယ်...

    -နောက်ကျောဓားနဲ့ထိုးဖို့စောင့်နေတဲ့သူငယ်ချင်းအမည်ခံလေးတွေလဲမေ့ပစ်ချင်တယ်....

    -ဟာလာဟင်လင်း ရင်ဘတ်ကြီးကိုလဲ ချစ်တတ်အောင်ကျင့်ပေးခြင်တယ်...

    -ပန်းရနံ့သင်းပျံနေတဲ့ ခရမ်းရောင်အိပ်မက်လေးတစ်ခုလောက်ပဲမက်ချင်မိတော့တယ်...

    -လေးလံနေတဲ့စိတ်တွေကို သဘာဝတရားကြီးဆီလက်ဆောင်ပေးလိုက်ချင်တယ်...

    -ဒီနေ့ထက်ပိုသင့်တော်တဲ့ရင့်ကျက်မှုတစ်ခု မနက်ဖြန်ငါပိုင်ဆိုင်ချင်ပြီ....

    -အားလုံးထက် ပိုကောင်းတဲ့စိတ်လေးထားဖို့ ငါကြိုးစားနေဆဲ...

    -တခြားသူမဟုတ်တဲ့မင်းဆီက အကြင်နာစကားလေးလဲကြားဖူးချင်တယ်.......

    I want to have a more beautiful morning ...
    I want to have a better friday than today ...

    I want to make friends with someone who is mature and stable in the future ...

    I also want to forget the names of my friends who are waiting to be stabbed in the back...

    - I want to train my heart to love In my bosom that no longer feel anything like robots...

    I just want to have a purple dream that smells like flowers ...

    I want to give a heavy heart as a gift to nature ...

    Tomorrow I want to have a more appropriate maturity than today ....

    I'm still trying to be a better person ...

    I want to hear a kind word of love from you who is not someone else .......

    ............❤Htet............

    ReplyDelete
  2. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  3. အိုခေ
    အချိန်ရှိတုန်းလေး
    ကြိုးစားပေးကြမယ်😘

    ReplyDelete
  4. အတူတူရုန်းကြပါစို့

    ReplyDelete
  5. အချိန်ရှိတုန်း
    အရှိန်ရှိတုန်း
    အတူတူရုန်းကြရအောင်ပါ 💝

    ReplyDelete
  6. သူငယ်ချင်းထံ ပေးစာလေးကလည်း အမြဲထိမိနေရော🤗
    အတူတူ ရုန်းကြစို့ကွာ✊️

    ReplyDelete
  7. 🙂 တိုက် ...

    @ တိုက် ...
    ရဲရဲတိုက်
    မျက်စိနားစွင့်တိုက်
    စုစုစည်းစည်းတိုက်
    ညီညီညွတ်ညွတ်တိုက်
    ဘာခံနိုင်မလဲ ရန်သူ။

    စစ်မင်းထက်သာ

    ReplyDelete
  8. This comment has been removed by the author.

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
  9. This comment has been removed by the author.

    ReplyDelete
  10. 🙂 နိုင်ရမည် ...

    @ ငါတို့ ...
    အမုန်းကိုမကြိုက်
    ဓမ္မကိုတော့ကြိုက်၏
    ထို့ကြောင့် ...
    ငါတို့ တိုက်ရ၏
    နိုင်ကို နိုင်ရမည်။

    စစ်မင်းထက်သာ

    ReplyDelete
  11. This comment has been removed by the author.

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
  12. အတူရုန်းကန်ကြစို့

    ReplyDelete
  13. 🙂 လောကပျက်မယ့်ပွဲ ...

    @ သူ့ဘက် ...
    ကိုယ့်ဘက်၊လွန်ဆွဲတဲ့ပွဲ
    ဘယ်ဘက်ပါပါ ...
    သောကတွေဝေ၊ဒုက္ခတွေဝေတဲ့ပွဲ
    အင်း...ဓမ္မဘက်လမ်းမမြင် ...
    အစွန်းနှစ်ဘက်၊အားပြိုင်ဝင်ရင်တော့
    လောက ပျက်မယ့်ပွဲ။

    စစ်မင်းထက်သာ

    ReplyDelete
  14. ​ခေတ်ဆိုးကြီးမှာ
    ယစ်မျိုးကြီး​တွေက
    ဟိုဖက်ယိမ်းလိုက် ဒီဖက်တိမ်းလိုက်။

    ငါ့မိသားစုကို မထိသ​ရွေ့​တော့
    မသိသလို​လေး ​နေလိုက်တာ
    ​လေစိမ်းတိုက်လို့ အခံခက်​တော့မှ
    အသံ​တွေ ထွက်လာတယ်။

    ​နောက်ကျတဲ့​ခြေ​ထောက်
    သစ္စာ​ဖောက်လို့ မဆိုရက်​ပေမယ့်
    အသက်​တွေ ​ပေးခဲ့ရတာ​တွေက အနန္တ
    ​သွေး​မြေ​တွေကျခဲ့ရတာ
    မင်းတို့ ​ခုလို နောက်ကျ​နေလို့ကွ။

    ReplyDelete
  15. 🥷 ရာဇသံ ...

    @ အာဏာဆိုတာ ...
    ပြည်သူ့ထံက လာတာ
    ပြည်သူက မကြည်ဖြူလျှင်တော့
    မင်းတို့ ဆင်းပေးလိုက်ပေါ့၊

    @ ပါဝါဆိုတာ ...
    ပြည်သူပေးမှဖြစ်တာ
    ပြည်သူက ချဉ်နေပြီဖြစ်တော့
    မင်းတို့ ဒိုးလိုက်ပေါ့၊

    🥷 စစ်မင်းထက်သာ

    ReplyDelete
  16. This comment has been removed by the author.

    ReplyDelete
  17. လူအများစုကလက်သည်းဆိတ်မှလက်ထိပ်နာတတ်ကြာတာကလား

    ReplyDelete
  18. ရုန်းခွင့်ရှိတုန်းလွတ်အောင်ရုန်း
    အခွင့်ရေးဆိုတာနှစ်ခါလာတတ်တဲ့အမျိုးမဟုတ်ဘူး......

    ReplyDelete
  19. We click till the end

    ReplyDelete
  20. နောင်တမရဖို့ အချိန်ရှိတုန်း ကလစ်စို့ ✊

    ReplyDelete
  21. ခွင့်သာခိုက်မှ မလိုက်ချင်လျှင်
    အမိုက် နင့်ပြင် ရှိလိမ့်​သေးလား။

    ခွင့်သာတုန်းမှ မရုန်းချင်လျှင်
    အမိုက်နင့်ပြင် ရှိလိမ့်​သေးလား။

    ခွင့်သာဆဲမှ မခဲချင်လျှင်
    အမိုက်နင့်ပြင် ရှိလိမ့်​သေးလား။

    ReplyDelete
  22. စစ်​ခွေးနိဂုံး ၂၀၂၃ ✊

    Till the end
    Fighting together 💪

    ReplyDelete
  23. Wheel............dope.🏹🏹🏹

    ReplyDelete
  24. အဲ့မီးကို ထပ်ပျိုးတာပေါ့
    လောင်စာထပ်တည့်တာပေါ့
    ချုပ်ငြိမ်းမှ နားတာပေါ့

    ReplyDelete

  25. ဘယ်မီးမဆို.....
    အချိန်အကန့်အသတ်ရှိတယ် မဟုတ်လား။ ။

    ရင်သွေး

    ReplyDelete

Post a Comment

Popular posts from this blog