သူငယ်ချင်းထံပေးစာ (၉)

သူငယ်ချင်းရေ...
တခါသား
ကပ္ပတိန် ဂျက်စပဲရိုးဟာ
သူ့သံလိုက်အိမ်မြှောင်ကို ဖွင့်ကြည့်တဲ့အခါ
ဘယ်ဖက်လက်ထဲက ရမ်ပုလင်းဆီကို ညွှန်ပြနေသတဲ့၊

အဲဒီမှာ...
ပုလင်းကို ညာဖက်ရွှေ့ပြီး
တခါထပ်ကြည့်ပါရောလား၊

ဘယ်ရမလဲ ရမ်ပုလင်းဆီကိုပဲ
ထပ်ပြီး ညွှန်ပြတာပေါ့၊

ဒါပါပဲကွာ
ကိုယ်တကယ်လိုချင်တာ ကိုယ်သိဖို့
ငါတို့မှာ အဲလို သံလိုက်အိမ်မြှောင်မျိုး
ရှိမှမရှိဘဲကို၊

ကိုယ်ကျင့်တဲ့တရားသာ
ကိုယ်လိုချင်တာ အမှန်အစစ်ဖြစ်ပေလိမ့်။ 

ရင်သွေး

Comments

  1. 🙂 ရင်လေးရတယ် ...

    @ အကွဲကွဲအပြားပြားနဲ့ ...
    အဆူဆူက ဗျာများ
    ပဲများနေတဲ့ သူတစ်လူ
    ငါတစ်မင်းဖြစ်တဲ့ နိုင်ငံတော်
    ဘယ်သူက ကယ်ပါလိမ့်
    အင်း ... ရင်လေးရတယ်လေး။

    စစ်မင်းထက်သာ

    ReplyDelete
  2. Till the end
    Fighting together 💪

    ReplyDelete
  3. အနာဂတ်ဆိုတာ
    အခြား ရွေးချယ်စရာမရှိတဲ့အရာပါပဲ
    ငါ ဘယ်တုန်းကမှ
    တကယ်မပျော်ရွှင်ခဲ့ပါ
    ငါလည်း စစ်လျော်ကြေး
    ရလိုပါတယ်။

    -အောင်ချိမ့်-

    ReplyDelete
  4. ဒါပေမယ့် အဆင်ပြေချင်မှ ပြေပါလိမ့်မယ်။
    အဆင်ပြေချင်မှ ပြေပါလိမ့်မယ်။

    ယောက်ျားပဲ ဒါပေမယ့် အဆင်ပြေချင်မှ ပြေလိမ့်မယ်။
    ယောက်ျားကြီးများလဲ အဆင်မပြေပါဘူး။

    အဆင်မပြေဘူးလေ
    အဆင်မှ မပြေတာ
    ဘယ်လိုလုပ်မလဲ။

    အောင်ချိမ့်

    ReplyDelete
  5. fight together till the end
    unity is strength , victory is in our hands

    ReplyDelete
  6. Replies
    1. ရှိတာအကုန်ထုတ်။😂

      Delete
    2. ချမ်းသာတာဆိုလို့အမေပေးတဲ့အ‌ေမွလေးပဲရှိတယ်😛

      Delete
    3. မထုတ်နဲ့တော့🤣

      Delete
  7. 🥷 လေ့လာပါ ...
    မှတ်သားပါ
    လုပ်သင့်တာတွေးပါ
    အမြန်လိုက်လုပ်ပါ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  8. 🥷 အသေအချာ ...

    @ သေချာတာကတော့ ...
    ကျနော်တို့၏ပြည်သူပြည်သားများ
    အနီးကပ်ဆုံးရန်သူကို ...
    နှိမ်နှင်းတွန်းလှန်ကြ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  9. 🏇 ဝဋ် ...

    @ အရင်တုံးက ...
    လေလှိုင်းအစိုးရလို့
    ကဲ့ရဲ့ခဲ့သူက !
    အခုကျတော့ ...
    နိုင်ငံအတွင်းလှည့်တော့လည်းလေပေါ်က!
    စစ်တိုက်ပြန်တော့လည်းလေပေါ်က!
    ကဲ ... ဘယ့်နှယ့်ရှိစ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  10. 🙂 တွေးပြီးနာတတ်လာရင် ...

    @ လူတိုင်းလူတိုင်း ...
    ပြည်သူတိုင်းပြည်သူတိုင်းက
    ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာတွေတွေ့တိုင်း
    ငါတို့အသွေး၊ငါတို့အသားလို့ ...
    တွေးတွေးပြီးနာနာတတ်လာရင် !!!
    ရွာစဉ်မီးရှို့၊လုယူမုဒိမ်းပြုတာတွေတွေ့တိုင်း
    ငါတို့ရွာ၊ငါတို့အသွေးအသားလို့ ...
    တွေးတောစဉ်းစားနာကျည်းတတ်လာရင် !!!
    နေစရာအိမ်မရှိ၊ပြေးလွှားနေရတဲ့ဘဝတွေ
    စားစရာဘယ်ဝယ်မသိ၊ဒုက္ခသုက္ခအဝေဝေ
    မိုးမလုံလေမလုံ၊တောအထပ်ထပ်ဘဝတွေ
    ကိုယ့်ခလေးစာမသင်ရတဲ့ဘဝတွေကို
    ငါတို့ဘဝတွေကတယ်ဆိုးပါလားလို့ ...
    တွေးတောစဉ်းစား၊ထကြွတတ်လာရင် !!!
    ငါတို့တော်လှန်ရေး၊ချက်ချင်းအောင်ပြီ !!!

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  11. ကလစ်ပီးရင်းClick

    ReplyDelete
  12. Wheel............dope.🏹🏹🏹

    ReplyDelete
  13. Fighting
    Click,click,click..............

    ReplyDelete
  14. ကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ

    ReplyDelete
  15. Fighting
    Click,click,click..........

    ReplyDelete

Post a Comment

Popular posts from this blog