အချစ် 

ဖရိုဖရဲ အခြေအနေတွေထဲမှာတင်
မထင်မှတ်ဘဲ ဆုံစည်းခဲ့တယ်
အမှတ်တမဲ့တွေက
အမှတ်တရတွေ ဖြစ်ကုန်ကြတယ်။

'ခဏတာ' ကံတရားဟာ 
ဘဝရဲ့အခိုက်အတန့်တစ်ခုဖြစ်ခဲ့ပြီး
စိတ်ခံစားချက်တွေကို
အကုန်သိမ်းကျုံးယူသွားတယ်။

နာကျင်မှုက မင်းလိုပဲလှပတော့
ထပ်ခါထပ်ခါ လိုချင်နေမိတယ်
မင်းနဲ့ကိုယ်ရဲ့ အထိအတွေ့တွေကြား
အချစ်ဟာ.....
ငြိမ်းချမ်းရေး နဲ့ အောက်ချင်းငှက်တွေ
သယ်ဆောင်လာခဲ့ပေမဲ့
မျက်ရည် နဲ့ ဝေးကွာရခြင်းဟာ...
ကျောနောက်မှာ ကပ်လျက်ပါလာခဲ့တယ်။        ။

ကျွန်တော်

Comments

  1. -ပို၍လှတဲ့မနက်ခင်းလေးတစ်ခုပိုင်ဆိုင်ချင်တယ်...
    -ဒီနေ့ထက်ပိုလှတဲ့သောက်ကြာနေ့ကိုရောက်ချင်တယ်...

    -အနာဂတ်မှာရင့်ကျက်ပြီးတည်ငြိမ်တဲ့သူတယောက်လောက်ပဲမိတ်ဖွဲ့ချင်တော့တယ်...

    -နောက်ကျောဓားနဲ့ထိုးဖို့စောင့်နေတဲ့သူငယ်ချင်းအမည်ခံလေးတွေလဲမေ့ပစ်ချင်တယ်....

    -ဟာလာဟင်လင်း ရင်ဘတ်ကြီးကိုလဲ ချစ်တတ်အောင်ကျင့်ပေးခြင်တယ်...

    -ပန်းရနံ့သင်းပျံနေတဲ့ ခရမ်းရောင်အိပ်မက်လေးတစ်ခုလောက်ပဲမက်ချင်မိတော့တယ်...

    -လေးလံနေတဲ့စိတ်တွေကို သဘာဝတရားကြီးဆီလက်ဆောင်ပေးလိုက်ချင်တယ်...

    -ဒီနေ့ထက်ပိုသင့်တော်တဲ့ရင့်ကျက်မှုတစ်ခု မနက်ဖြန်ငါပိုင်ဆိုင်ချင်ပြီ....

    -အားလုံးထက် ပိုကောင်းတဲ့စိတ်လေးထားဖို့ ငါကြိုးစားနေဆဲ...

    -တခြားသူမဟုတ်တဲ့မင်းဆီက အကြင်နာစကားလေးလဲကြားဖူးချင်တယ်.......

    I want to have a more beautiful morning ...
    I want to have a better friday than today ...

    I want to make friends with someone who is mature and stable in the future ...

    I also want to forget the names of my friends who are waiting to be stabbed in the back...

    - I want to train my heart to love In my bosom that no longer feel anything like robots...

    I just want to have a purple dream that smells like flowers ...

    I want to give a heavy heart as a gift to nature ...

    Tomorrow I want to have a more appropriate maturity than today ....

    I'm still trying to be a better person ...

    I want to hear a kind word of love from you who is not someone else .......

    ............❤Htet............

    ReplyDelete
  2. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
    Replies
    1. "If nothing saves us from death,
      May love at least save us from life."
      -Pablo Neruda

      🤍🍀

      Delete
  3. အမှတ်တမဲ့ကနေ ဖြစ်တည်လာတဲ့
    အမှတ်တရလေးတွေက
    သိပ်ကိုအဖိုးတန်ပါတယ်

    ReplyDelete
  4. အမှတ်တမဲ့သာ မဖြစ်ခဲ့ရင်
    အမှတ်တရ ဆိုတာ ဘယ်ဆီမှာလဲ။
    ဒါ​ကြောင့်
    အမှတ်တမဲ့ မဖြစ်​အောင်
    သတိ​ဆောင်​​စေသတည်း။ ။
    😁🙂

    ReplyDelete
  5. "ခဏတာ ကံတရားဟာ
    ဘဝရဲ့အခိုက်အတန့်တစ်ခုဖြစ်ခဲ့ပြီး
    စိတ်ခံစားချက်တွေကို
    အကုန်သိမ်းကျုံးယူသွားတယ်။"

    ReplyDelete
  6. Till the end
    Fighting together 💪

    ReplyDelete
  7. ဆန့်ထုတ်လိုက်တဲ့ မီးခိုးငွေ့ထဲ
    စိတ်ဝိညာဉ်တွေ အရိုးပြိုင်းပြိုင်းထ
    ငါနဲ့ ငါ့ အကြား
    ဆက်သွယ်ထားတဲ့ အချိတ်အဆက်တွေ
    မြည်တွန်တောက်တီးကြ။
    ခြောက်ကပ်ကပ်
    မတွေးနဲ့တော့လို
    သူငယ်ချင်းက ပြောတယ်။
    ငါက အရည်ကျဲကျဲ ပဲဟင်းတစ်ခွက်ဝယ်
    အိမ်ပြန်ခဲ့တယ်။
    ➣မိုးဝေး

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
  8. 🙂 တိုက် ...

    @ တိုက် ...
    ရဲရဲတိုက်
    မျက်စိနားစွင့်တိုက်
    စုစုစည်းစည်းတိုက်
    ညီညီညွတ်ညွတ်တိုက်
    ဘာခံနိုင်မလဲ ရန်သူ။

    စစ်မင်းထက်သာ

    ReplyDelete
  9. ကျွန်တော်ရဲ့ကဗျာတွေကျွန်တော်ကြိုက်တယ်လို့ကျွန်တော်ကို ကျွန်တော်ပြောမယ်😁

    ReplyDelete
  10. နှလုံးသားကိုဓားလိုသွေးပြီး
    ဦးနှောက်ကိုမက်စ်စေ့ပိုတယ်
    ဦးနှောက်ကအတွေးကိုဓားလိုသွေးပြီး
    စကားလုံးအဖြစ်ချရေးဖို
    ငါတိုတွေလက်ရည်သွေးနေရတယ်
    စလုံးပေါင်းသတ်ပုံမှန်ဖို...
    ဖတ်မိတဲ့သူတွေ အထိအရှလေးဖြစ်ဖို
    ကျွန်တော်တိုတွေ
    ဒဏ်ရာရဲ့ နာကျင်မှုကို နေ့စဥ်နဲ့အမျှ
    သွေးနေရတယ်

    #ခန့်ထည်

    ReplyDelete
  11. 🙂 နိုင်ရမည် ...

    @ ငါတို့ ...
    အမုန်းကိုမကြိုက်
    ဓမ္မကိုတော့ကြိုက်၏
    ထို့ကြောင့် ...
    ငါတို့ တိုက်ရ၏
    နိုင်ကို နိုင်ရမည်။

    စစ်မင်းထက်သာ

    ReplyDelete
  12. This comment has been removed by the author.

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
  13. ဘေးကင်းပါစေ

    ReplyDelete
  14. 🙂 လောကပျက်မယ့်ပွဲ ...

    @ သူ့ဘက် ...
    ကိုယ့်ဘက်၊လွန်ဆွဲတဲ့ပွဲ
    ဘယ်ဘက်ပါပါ ...
    သောကတွေဝေ၊ဒုက္ခတွေဝေတဲ့ပွဲ
    အင်း...ဓမ္မဘက်လမ်းမမြင် ...
    အစွန်းနှစ်ဘက်၊အားပြိုင်ဝင်ရင်တော့
    လောက ပျက်မယ့်ပွဲ။

    စစ်မင်းထက်သာ

    ReplyDelete
  15. အာရုံရှိမှ အချစ်ရှိပါတယ်
    အမြဲတမ်း မချစ်နိုင်သလို
    အမြဲတမ်း မလွမ်းနိုင်ပါဘူး
    ​တစ်အာရုံမှာ တစ်ချစ်မို့
    အပြည့်သာချစ်
    လွန်​တော့ မလွန်​စေနဲ့
    ပြီးရင် အဝစား အဝအိပ်
    ​တော်လှန်​ရေးအတွက် အား​မွေးလိိုက်။

    ReplyDelete
  16. အမှတ်တမဲ့ မှ အမှတ်တရ
    အမှတ်တရ မှ ထာဝရ
    ဖြစ်ချင်ခဲ့တာ ငါမှားလား
    ဘာမှမတွေးချင်ဘူး
    ဘာမှမသိဘူး
    ကလစ်ရမှာနဲ့ ချစ်ရမှာနဲ့ပဲသိတယ်
    😜ကခမ

    ReplyDelete
    Replies
    1. ကလစ်ကမ္ဘာမှာအချစ်ရှာကြမယ်😁😁😁

      Delete
    2. ချစ်တတ်လွန်းသူကြီ
      🤜🤛😁

      Delete
    3. အပြစ်အနာအဆာတွေကြား
      ချစ်စရာတွေပါလား😍

      Delete
  17. 🥷 ကျွန်ုပ်၏ယုံကြည်ချက် ...

    @ ရှေ့မှဦးဆောင် ...
    တိုက်ပေးမယ့်သူရှိလာလျှင်
    နောက်မှလိုက်မယ့် ...
    ဒါးသွေးစောင့်နေတဲ့သူ
    မြို့အနှံ့နယ်အနှံ့မှပြည်သူ
    အများကြီးရှိနေပြီလို့ ...
    ကျွန်ုပ်ယုံကြည်တယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  18. 🥷 ကြောက်ကြောက် ...
    သေအောင်ကြောက်
    အသေကြောက်၊
    ဖားဖား ...
    သေအောင်ဖား
    ဘောမပါတီများ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  19. အမှတ်တမဲ့

    ReplyDelete
  20. Wheel............dope.🏹🏹🏹

    ReplyDelete
  21. မျက်ရည် နဲ့ ဝေးကွာရခြင်းဟာ...
    ကျောနောက်မှာ ကပ်လျက်ပါလာခဲ့တယ် ...

    ReplyDelete
  22. Fighting
    Click,click,click.......

    ReplyDelete

Post a Comment

Popular posts from this blog