" ဒဏ်ရာ "

အရက်တွေမှ ကြိုက်ရင်
အရက်ကိုပဲသောက်

ဆေးလိပ်တွေမှကြိုက်ရင်
ဆေးလိပ်ကိုပဲသောက်

အေးတိအေးစက်သာဖမ်းဆုပ်တတ်တဲ့
တစ်စုံတစ်ယောက်ရဲ့ဘဝထဲကိုတော့
ခြေစုံပစ်ပြီးတိုးမဝင်လိုက်နဲ့

အဲ့ဒါ
ကိုယ့်ရဲ့ပျော်ရွှင်ခြင်းကို
ကိုယ်ကိုယ်တိုင်
အမိန့်ပြန်တမ်း ပြန်ရဖို့လမ်းအစပဲ

အရက်တွေသောက်ရင်
အသည်းတစ်ခုတော့ ရင်းရလိမ့်မယ်

ဆေးလိပ်တွေသောက်ရင်
အဆုတ်တစ်ခုတော့ ရင်းရလိမ့်မယ်

အေးတိအေးစက်သာဖမ်းဆုပ်တတ်တဲ့
တစ်စုံတစ်ယောက်ရဲ့ဘဝထဲကို
ခြေစုံပစ် တိုးဝင်လိုက်မယ်ဆိုရင်တော့
ရင်းရမှာက အရာရာ 

အဲ့ဒီအရာရာထဲမယ်
ဘဝတွေလည်း ပါသွားနိုင်တယ်....။

စိတ္တ ( မြူ )

Respect & Credit to Poet Sateta (Mhu) 

Comments

  1. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  2. ဒါကြောင့်ပဲတျောက်တည်းနေခဲ့တယ်😁😁

    ReplyDelete
    Replies
    1. 🤔🤔🤔
      တျောက်တည်းဆိုတာ
      ယုံလိုက်ပါ့မယ်
      😁😁😁

      Delete
    2. ခုတော့နှစ်ယောက်🤭

      Delete
    3. ခုတစ်ယောက်တည်းပြန်ဖြစ်သွားပြန်ပြီ😅🤭

      Delete
    4. ဖြစ်ပျက် မြန်လိုက်တာ မတ်မတ်လင်း

      Delete
    5. သင်တဲ့အခါရတယ့်
      သင်္ခါရ
      😂😂

      Delete
  3. 🙂 ရင်လေးရတယ် ...

    @ အကွဲကွဲအပြားပြားနဲ့ ...
    အဆူဆူက ဗျာများ
    ပဲများနေတဲ့ သူတစ်လူ
    ငါတစ်မင်းဖြစ်တဲ့ နိုင်ငံတော်
    ဘယ်သူက ကယ်ပါလိမ့်
    အင်း ... ရင်လေးရတယ်လေး။

    စစ်မင်းထက်သာ

    ReplyDelete
  4. Till the end
    Fighting together 💪

    ReplyDelete
  5. နေညိုရင် ရေတစ်ဝက် နဲ့ ဇေ တစ်ဝက်
    ကို အနှောင်းအဖွဲ ကင်းကင်း နဲ့
    ဂုဏ်သိက္ခာရှိရှိ သောက်လိုက်တဲ့
    အရသာက မခင်နှောင်း ပေးတဲ့
    အလွမ်း ကို နိဂုံးချုပ်စေခဲ့ပါတယ်
    သောက်ခွင့်ပြု ပါမခင်နှောင်း။
    #Wai.

    ReplyDelete
    Replies
    1. အဲသလိုနဲ့
      နေညိုချိန်"ဘား"လေးကမှာ
      ဘဝကို ခပ်ပါးပါးလှီးရင်း
      ကမ္ဘာလောကကြီးကိုလည်း
      အရက်နဲ့ မြည်းတတ်ခဲ့ပြီ

      _မောင်ချောနွယ်

      Delete
  6. ဒဏ်ရာဒဏ်ချက်တွေက
    သင့်ကိုသန်မာရဲရင့်စေနိုင်ပါ၏

    ReplyDelete
  7. ဒါပေမယ့် အဆင်ပြေချင်မှ ပြေပါလိမ့်မယ်။
    အဆင်ပြေချင်မှ ပြေပါလိမ့်မယ်။

    ယောက်ျားပဲ ဒါပေမယ့် အဆင်ပြေချင်မှ ပြေလိမ့်မယ်။
    ယောက်ျားကြီးများလဲ အဆင်မပြေပါဘူး။

    အဆင်မပြေဘူးလေ
    အဆင်မှ မပြေတာ
    ဘယ်လိုလုပ်မလဲ။

    အောင်ချိမ့်

    ReplyDelete
  8. Replies
    1. အ့ကြောင့် kdrama တွေပဲ ဖက်တွယ်နေတာ အနည်းဆုံးတော့ ပါဝါတိုးသေးတယ် 😂😂😂

      Delete
  9. This comment has been removed by the author.

    ReplyDelete
  10. မင်အောင်လိူင် မအေလိုး

    ReplyDelete
  11. အေးတိအေးစက်သာဖမ်းဆုပ်တတ်တဲ့
    တစ်စုံတစ်ယောက်ရဲ့ဘဝထဲကို
    ခြေစုံပစ် တိုးဝင်လိုက်မယ်ဆိုရင်တော့
    ရင်းရမှာက အရာရာ

    ReplyDelete
  12. This comment has been removed by the author.

    ReplyDelete
  13. ရှိခြင်း မရှိခြင်း
    ပျော်ခြင်း မပျော်ခြင်း
    ခြင်း..ပေါင်းများစွာသည်
    သင့်နဲ့ဘဲသက်ဆိုင်ပါ၏

    ReplyDelete
  14. 🥷 လေ့လာပါ ...
    မှတ်သားပါ
    လုပ်သင့်တာတွေးပါ
    အမြန်လိုက်လုပ်ပါ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  15. Coffee ပဲကြိုက်ပါတယ် ☺️

    ReplyDelete
  16. 🥷 အသေအချာ ...

    @ သေချာတာကတော့ ...
    ကျနော်တို့၏ပြည်သူပြည်သားများ
    အနီးကပ်ဆုံးရန်သူကို ...
    နှိမ်နှင်းတွန်းလှန်ကြ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  17. ဒဏ်ရာ‌တွေကိုကြောက်လို့...
    ကိုယ့်ကို မကြိုဆိုတဲ့ တစုံတယောက်ရဲ့ ဘ၀ထဲ အတင်းတိုးမ၀င်ဖြစ်တော့သလို
    ကိုယ့်ဘ၀ထဲကိုလည်း ဘယ်တစုံတ‌ယောက်ကိုမျှ ၀င်ခွင့်မပြုတော့ပါ....

    ReplyDelete
  18. 🏇 ဝဋ် ...

    @ အရင်တုံးက ...
    လေလှိုင်းအစိုးရလို့
    ကဲ့ရဲ့ခဲ့သူက !
    အခုကျတော့ ...
    နိုင်ငံအတွင်းလှည့်တော့လည်းလေပေါ်က!
    စစ်တိုက်ပြန်တော့လည်းလေပေါ်က!
    ကဲ ... ဘယ့်နှယ့်ရှိစ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  19. Fb မှာ အကြိုက်စာတွေရေး
    Like တွေဘာတွေပေး
    ရင်နာပြလည်းအကျိုးမရှိ
    ငိုယိုပြလည်းအကျိုးမရှိ
    နေ့စဥ် Click မှအကျိုးရှိ
    မြန်မြန်အောင်ချင် များများကလစ် Fighting💪💪💪
    Brave Rose🌹🌹🌹

    ReplyDelete
  20. 🙂 တွေးပြီးနာတတ်လာရင် ...

    @ လူတိုင်းလူတိုင်း ...
    ပြည်သူတိုင်းပြည်သူတိုင်းက
    ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာတွေတွေ့တိုင်း
    ငါတို့အသွေး၊ငါတို့အသားလို့ ...
    တွေးတွေးပြီးနာနာတတ်လာရင် !!!
    ရွာစဉ်မီးရှို့၊လုယူမုဒိမ်းပြုတာတွေတွေ့တိုင်း
    ငါတို့ရွာ၊ငါတို့အသွေးအသားလို့ ...
    တွေးတောစဉ်းစားနာကျည်းတတ်လာရင် !!!
    နေစရာအိမ်မရှိ၊ပြေးလွှားနေရတဲ့ဘဝတွေ
    စားစရာဘယ်ဝယ်မသိ၊ဒုက္ခသုက္ခအဝေဝေ
    မိုးမလုံလေမလုံ၊တောအထပ်ထပ်ဘဝတွေ
    ကိုယ့်ခလေးစာမသင်ရတဲ့ဘဝတွေကို
    ငါတို့ဘဝတွေကတယ်ဆိုးပါလားလို့ ...
    တွေးတောစဉ်းစား၊ထကြွတတ်လာရင် !!!
    ငါတို့တော်လှန်ရေး၊ချက်ချင်းအောင်ပြီ !!!

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  21. ဘဝနဲ့ ရင်းထားမှ​တော့
    လှလှပပ ခင်းကျင်း
    အဆင်းအတက်​တွေနဲ့ မျက်လှည့်ပြသွားဖို့
    တာဝန်ယူထားလိုက်မယ်
    စိတ်ချ 😁

    ReplyDelete
  22. Wheel............dope.🏹🏹🏹

    ReplyDelete
  23. အဲ့ဒီအရာရာတွေထဲမှာ

    ဘဝ​တွေလည်းပါတယ်။

    ReplyDelete
  24. ကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ

    ReplyDelete
  25. ရင်းရမှာတော့ အရာရာ
    အဲ့ဒီထဲမှာ ဘဝတွေလည်း
    ပါသွားနိုင်တယ်။

    ReplyDelete

Post a Comment

Popular posts from this blog