အမှိုက်များ လေထဲလွင့်နေသည်

မနက်ခင်းဆိုတာ
လေသန့်မှ ကြည်လင်တယ်ဆိုရင်
ငါတို့နိုင်ငံက ညသန်းခေါင်မှာ 
အချိန်တွေ ရပ်နေတုန်းဖြစ်မယ်။

တောက်!...
ငါတို့အနားကို လူတွေမကပ်နိုင်ကြဘူး
တော်လှန်အနံ့တွေ ငြိနေလို့တဲ့။

ခင်ဗျားတို့လို
ကျွန်ဆပ်ပြာမသုံးတော့ မကျွတ်ဘူးနေမယ်
မိလ္လာအိုင်ထဲ သွန်ချလိုက်တဲ့အထဲ 
ဦးနှောက်တွေက အနံ့တွေစွဲလို့ပေါ့။

ပါးစပ်တွေက ဟောင်ဖွာဟောင်ဖွာ
ဒီ...ခွေးသူတောင်းစားတွေကွာ
စာမဖတ်တတ်ဘူး 
လူလို နားမလည်ဘူးထင်တယ်။

ဤနေရာတွင် အမှိုက်မပစ်ရ
အမှိုက်နံ့များ.....
နှာခေါင်းမှာ စွဲပြီးမှတော့လည်း 
ရိုးနေပြီပေါ့လေ

မြောင်းပုပ်ထဲက ဤတိုင်းပြည်
ရေသေအိုင်ထဲ.....
ပက်လက်လန်နေလေတော့သည်။        ။

Tommy

Comments

  1. ..ခေတ်ဆိုးစနစ်ဆိုးထဲမှာမွေးဖွားလာတယ်.

    ..ဟိုးအနာဂတ်အတွက်တွေးပြီပူမနေတော့ဘူး.ပြီးခဲ့တဲ့အတိတ်နေ့ရက်တွက်လဲနောင်တမရချင်တော့ဘူ..

    ..နက်ဖြန်အတွက်သေချာတဲ့အနာဂတ်ဘယ်သူဆီမှရှိမနေဘူး..

    -ဒီနေ့ကငါတို့အတွက်အကောင်းဆုံးနေ့ပဲ..

    ..သေချာတာထက်ပိုသေချာတဲ့အလုပ်တစ်ခုကိုဆွဲမြဲလုပ်နေတယ်..

    ..ယုံကြည်တာထက်ပိုယုံကြည်ရသူတွေနဲ့လက်တွဲလုပ်နေတယ်..

    ..အနာဂတ်ဟာ တောက်ပနေလားမှေးမှိန်သွားမလားမတွေးဖြစ်ဘူး..

    ...ကြွေသွားတဲ့ကြယ်တွေကိုအာနာလို့....

    .. I was born into a bad time bad system..

    ..I no longer worry about the future, and I do not want to regret the days that have passed..

    ..No one has a secure future for tomorrow..

    ..Today has been a wonderful day for us..

    ..I choose to do more specific tasks..

    ..I working with people I trust more than I believe ..

    ..I do not think the future is bright or gloomy..

    .. Empathy for pain upset of the falling stars..

    ............❤Htet.............

    ReplyDelete
    Replies
    1. ကျုပ်တို့ရင်ဘတ်တွေလဲ
      အပေါက်တွေကြီးပါပဲဗျာ

      Delete
    2. မနေရက်သူတွေ ကြွေခဲ့ ကြွေဆဲပေမယ့်.......
      ငါတို့ကတော့ဆက်ပြီချီတက်နေဆဲပါဘဲယနေ့တိုင်......ယုံကြည်သူတွေအသက်နဲ့ထုဆစ်ခဲ့တဲ့အိပ်မက်များ........

      Delete
  2. ညသန်းခေါင်မှာရပ်နေတဲ့ ငါတို့တိုင်းပြည်ကြီးကို မိုးသောက်ရောင်နီသန်းလာဖို့ ကလစ်ကာတွေ အတူတူကြိုးစားကြမယ်လေ🤜🤛

    ReplyDelete
  3. အား...ကဗျာက အရမ်းထိတယ်။
    ဟုတ်တယ်! ခင်ဗျားတို့လို ကျွန်ဆပ်ပြာမသုံးဘူး။

    ReplyDelete
  4. တော်လှန်အနံ့တွေ လှိုင်နေပါစေ....
    ကျွန်ဆပ်ပြာတော့ မသုံးဘူး

    ReplyDelete
  5. ဆန့်ထုတ်လိုက်တဲ့ မီးခိုးငွေ့ထဲ
    စိတ်ဝိညာဉ်တွေ အရိုးပြိုင်းပြိုင်းထ
    ငါနဲ့ ငါ့ အကြား
    ဆက်သွယ်ထားတဲ့ အချိတ်အဆက်တွေ
    မြည်တွန်တောက်တီးကြ။
    ခြောက်ကပ်ကပ်
    မတွေးနဲ့တော့လို
    သူငယ်ချင်းက ပြောတယ်။
    ငါက အရည်ကျဲကျဲ ပဲဟင်းတစ်ခွက်ဝယ်
    အိမ်ပြန်ခဲ့တယ်။
    ➣မိုးဝေး

    ReplyDelete
    Replies
    1. အရည်ကျဲကျဲ ပဲဟင်းတစ်ခွက်

      Delete
    2. This comment has been removed by the author.

      Delete
    3. This comment has been removed by the author.

      Delete
  6. 🙂 တိုက် ...

    @ တိုက် ...
    ရဲရဲတိုက်
    မျက်စိနားစွင့်တိုက်
    စုစုစည်းစည်းတိုက်
    ညီညီညွတ်ညွတ်တိုက်
    ဘာခံနိုင်မလဲ ရန်သူ။

    စစ်မင်းထက်သာ

    ReplyDelete
  7. နှလုံးသားကိုဓားလိုသွေးပြီး
    ဦးနှောက်ကိုမက်စ်စေ့ပိုတယ်
    ဦးနှောက်ကအတွေးကိုဓားလိုသွေးပြီး
    စကားလုံးအဖြစ်ချရေးဖို
    ငါတိုတွေလက်ရည်သွေးနေရတယ်
    စလုံးပေါင်းသတ်ပုံမှန်ဖို...
    ဖတ်မိတဲ့သူတွေ အထိအရှလေးဖြစ်ဖို
    ကျွန်တော်တိုတွေ
    ဒဏ်ရာရဲ့ နာကျင်မှုကို နေ့စဥ်နဲ့အမျှ
    သွေးနေရတယ်

    #ခန့်ထည်

    ReplyDelete
  8. This comment has been removed by the author.

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
  9. 🙂 နိုင်ရမည် ...

    @ ငါတို့ ...
    အမုန်းကိုမကြိုက်
    ဓမ္မကိုတော့ကြိုက်၏
    ထို့ကြောင့် ...
    ငါတို့ တိုက်ရ၏
    နိုင်ကို နိုင်ရမည်။

    စစ်မင်းထက်သာ

    ReplyDelete
  10. မနက်ခင်းဆိုတာ
    လေသန့်မှ ကြည်လင်တယ်ဆိုရင်
    ငါတို့နိုင်ငံက ညသန်းခေါင်မှာ
    အချိန်တွေ ရပ်နေတုန်းဖြစ်မယ်။
    တဲ့

    အမှန်ပါပဲ
    အမှောင်အမိုက်ဆုံးအချိန်ကြီးမှာ ရပ်နေခဲ့တာပေါ့
    ခုတော့ ရောင်နီမြင်နေရပါပြီ 😊

    ReplyDelete
    Replies
    1. အဲ့ မြင်နေရတဲ့ ရောင်နီ ဘယ်နားရောက်နေပြီလဲ ???????

      Delete
    2. နောက်မယ်😂February 16, 2023 at 8:05 PM

      C4k မှာဘဲရှိတုန်း🤭

      Delete
    3. ငပြောင်လေးနော် 😄

      Delete
  11. အားလုံးဘေးကင်းကြပါစေ

    ReplyDelete
  12. 🙂 လောကပျက်မယ့်ပွဲ ...

    @ သူ့ဘက် ...
    ကိုယ့်ဘက်၊လွန်ဆွဲတဲ့ပွဲ
    ဘယ်ဘက်ပါပါ ...
    သောကတွေဝေ၊ဒုက္ခတွေဝေတဲ့ပွဲ
    အင်း...ဓမ္မဘက်လမ်းမမြင် ...
    အစွန်းနှစ်ဘက်၊အားပြိုင်ဝင်ရင်တော့
    လောက ပျက်မယ့်ပွဲ။

    စစ်မင်းထက်သာ

    ReplyDelete
  13. Replies
    1. မြောင်းပုပ်ထဲက ဤတိုင်းပြည်
      ရေသေအိုင်ထဲ.....
      ပက်လက်လန်နေလေတော့သည်။ ။

      Delete
  14. This comment has been removed by the author.

    ReplyDelete
  15. 🥷 ရာဇသံ ...

    @ အာဏာဆိုတာ ...
    ပြည်သူ့ထံက လာတာ
    ပြည်သူက မကြည်ဖြူလျှင်တော့
    မင်းတို့ ဆင်းပေးလိုက်ပေါ့၊

    @ ပါဝါဆိုတာ ...
    ပြည်သူပေးမှဖြစ်တာ
    ပြည်သူက ချဉ်နေပြီဖြစ်တော့
    မင်းတို့ ဒိုးလိုက်ပေါ့၊

    🥷 စစ်မင်းထက်သာ

    ReplyDelete
  16. 🥷 ကြောက်ကြောက် ...
    သေအောင်ကြောက်
    အသေကြောက်၊
    ဖားဖား ...
    သေအောင်ဖား
    ဘောမပါတီများ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  17. Keep it up clickers

    ReplyDelete
  18. 😀 မဖမ်းတော့ဘူးတဲ့ ...

    @ ရန်သူတွေမှမဟုတ်တာ ...
    သူ့ကိုကိုယ်ဖမ်း၊သူကကိုယ့်ပြန်သတ်
    ဒီစက်ဝန်းကြီး၊ဘယ်တော့ပြီးမှာလည်း
    အဲ့ဒီတော့ ...
    သူလည်းရန်အေး၊ကိုယ်လည်းဘေးဝေး
    ဒီလိုဘဲလုပ်ကြရမှာ။

    😀 စစ်မင်းထက်သာ

    ReplyDelete
  19. 😡 တင်းတယ် ...

    @ ဓမ္မနဲ့အဓမ္မစစ်ပွဲမှာ ...
    လူအစုအဖွဲ့ချင်းတိုက်ကြတာ
    ယောက်ျားမှန်ရင် ...
    အပြစ်မရှိတဲ့ပြည်သူတွေ
    သေကြေမပျက်စီးပါစေနဲ့
    ငါတို့ဓမ္မဘက်ကတော့ ...
    တရားတဲ့စစ်ဖြစ်လို့ မင်းတို့ကို
    အမြဲတမ်းအဆင်သင့်ဘဲ။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  20. မွန်းကြပ်စွာရှင်သန်‌ေနရပေမဲ့ ကလစ်ရင်းလိပ်ပြာလုံဖို့ကြိုးစားနေရတယ်

    ReplyDelete
  21. 🙂 ဆင်ခြင်ဘို့နဲ့ဆင်ခြင်စို့ ...

    @ ကျနော်၏ပြည်သူများ ...
    ဗုဒ္ဓဘာသာအများစုဖြစ်တဲ့အတွက်
    ဘာသာ၊သာသနာပွဲတော်များတွင်
    စည်ကားသိုက်မြိုက်စွာ ...
    သွားလာပြုလုပ်‌နေခြင်းများကို
    အကြွင်းမဲ့လက်ခံပါသည်
    သို့သော် ...
    အချိန်အခါကိုကြည့်၍
    ဆင်ခြင်သင့်တာကိုဆင်ခြင်ပြီး
    အပျော်လွန်ခြင်းမရှိအောင်တော့
    ဆင်ခြင်ကြပါစို့လို့တော့ပြောပါရစေ။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  22. ​မြောင်းပုပ်ထဲက တိုင်းပြည်

    ReplyDelete
  23. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  24. Wheel............dope.🏹🏹🏹

    ReplyDelete
  25. သန်းခေါင်ယံမှာ
    ရပ်နေတဲ့
    နာရီလက်တံကြီးကို
    ရောင်နီလာချိန်အထိ
    အတူ ဝိုင်း၍
    ရွေ့ကြရအောင်။
    ဖိုက်တင်း။

    ReplyDelete
  26. Fighting
    Click,click,click........

    ReplyDelete

Post a Comment

Popular posts from this blog