သဲနာရီ

ဒုက္ခကိုပျားရည်ဆမ်းတာ
သစ်သီးကိတ်တလုံးဖြစ်မလာပေမဲ့
ချာလီချက်ပလင်မျက်ရည်ကျတော့
လူတွေကရယ်ကြတယ်။

တကယ်မငတ်ဖူးခင်တုန်းကတော့
ဖိနပ်ကိုစွတ်ပြုတ်လုပ်သောက်တာ
ရယ်စရာပေါ့အချစ်ရယ်၊

မြစ်ဟာ တံတားအောက်မှာ ပြန်ကွေ့ဖို့မလွယ်
နာကျင်မှုမှာ ပိတ်ရက်မရှိ
ပျော်ရွှင်ဖွယ်ကောင်းသော ဖုန်းမမြည်၊

ဟယ်လင်
မင်းပဲမှားသလား၊ ငါပဲမှားသလား
စစ်ပွဲကတော့ဖြစ်ခဲ့ပြီ။       ။

နှင်းခါးမိုး

Respect & Credit to Poet Nhin Kha Moe 

Comments

  1. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  2. ဘယ်သူမှားလဲတော့မသိတော့ဘူး
    အမှန်တရားကို မြတ်နိုးတန်ဖိုးထားတတ်ဖို့ကတော့ ကိုယ့်တာဝန်ပါနော်😘

    ReplyDelete
  3. 🙂 ရင်လေးရတယ် ...

    @ အကွဲကွဲအပြားပြားနဲ့ ...
    အဆူဆူက ဗျာများ
    ပဲများနေတဲ့ သူတစ်လူ
    ငါတစ်မင်းဖြစ်တဲ့ နိုင်ငံတော်
    ဘယ်သူက ကယ်ပါလိမ့်
    အင်း ... ရင်လေးရတယ်လေး။

    စစ်မင်းထက်သာ

    ReplyDelete
  4. Till the end
    Fighting together 💪

    ReplyDelete
  5. အမှန်နဲ့အမှားကြား
    မြေဇာပင်တွေအတွက်
    တရားမျှတမှုကိုရှာရင်း
    မျှော်လင့်ချက်ရောင်နီတွေ
    လင်းနိုင်ပါစေ

    ReplyDelete
  6. နိုင်ငံရေးဆိုတာ
    စီးပွားရေးပဲ

    အချစ်ရေးဆိုတာ
    လူမှုရေးပဲ

    ငါတိုအခန်းလေးကို
    မီးပိတ်

    ငါတိုအိပ်ရာလေးကို
    ဖြန့်ခင်း

    စစ်ကြီးပြီးရင်
    အချစ်သီချင်းလေးတွေပဲနားထောင်ကြမယ်

    ချစ်သူများသာ
    အဓွန့်ရှည်ပါစေ ။

    ~ကြည်ဇော်အေး

    ReplyDelete
  7. This comment has been removed by the author.

    ReplyDelete
  8. 🥷 လေ့လာပါ ...
    မှတ်သားပါ
    လုပ်သင့်တာတွေးပါ
    အမြန်လိုက်လုပ်ပါ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  9. 🥷 အသေအချာ ...

    @ သေချာတာကတော့ ...
    ကျနော်တို့၏ပြည်သူပြည်သားများ
    အနီးကပ်ဆုံးရန်သူကို ...
    နှိမ်နှင်းတွန်းလှန်ကြ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  10. Wheel............dope.🏹🏹🏹

    ReplyDelete
  11. https://adshnk.com/Se0v4B

    ReplyDelete
  12. Fighting
    Click,click,click..........

    ReplyDelete

Post a Comment

Popular posts from this blog