စတော်ဘယ်ရီ နဲ့ စီးကရက် ၂

Julyရဲ့ စိုးထိတ်ထိတ်ညတွေကို
စီးကရက်ရဲ့ ပြင်းရှမှုတွေနဲ့ ရောထွေးထားတယ်
မေတ္တာတရားဟာ အသွားအပြန်ရှိတယ်ဆိုတာ
ကျွန်တော် အယုံကြည်ဆုံး ဘာသာတရားပါ

မျက်မှန်အောက်က အကြည့်တွေဟာ
ခန္ဓာကိုယ်တစ်ခုလုံးက
တိမ်းညွှတ်မှုတွေရဲ့ တရားခံဘဲ
ကိုယ်ဟာ ပါရမီထူးတယ် (ရူးမူးတဲ့ပါရမီ)

မင်းရဲ့"ဘယ်တော့မှမခွဲဘူးနော်"ဆိုတဲ့
ပုံပြင်ကို ကမ္ဘာကြီးမှတ်ပြီး
အိပ်ရာဝင်ချိန်တိုင်း
audio သွင်းနားထောင်ခဲ့တယ်

စတော်ဘယ်ရီသီးတွေကို ရင်ဝယ်ပိုက်
ချိုမြိန်ခြင်းတွေနဲ့ ငါ့ဘဝကိုရောဖျော်ပြီး
မင်းဘဝကို ပျော်စေချင်ခဲ့တဲ့ကောင်

ပြာခွက်ထဲကပြာမှုန်တွေကို
မင်းမြင်အောင်ကြည့်
ကိုယ်ရဲ့အလွမ်းတွေလည်း
တစ်မှုန်စီ ဖြန့်ကျဲရောထွေးနေတယ်

အနေဝေးလို့ သွေးအေးသွားရတဲ့
ခေတ်ပေါ် အချစ်ဇာတ်လမ်းတွေကြားထဲ
အနေနီးတိုင်း သွေးမနီးနိုင်ဘူးဆိုတဲ့
ကိုယ်တို့ဇာတ်လမ်းက သူမတူထူးခြားနေမယ်

-ကျွန်တော်

Comments

  1. One child,one teacher,
    one book, one pen, can change the world.

    ...Malala Yousafzai...



    One hand,
    one phone,
    a little bit phone bill or wifi,
    desire to do,
    can change our Country Myanmar.


    ............❤Htet...............

    ReplyDelete
  2. 🙂 ဆုတောင်းမေတ္တာပို့ခြင်း ...

    @ အရဟံ အစရှိသော ...
    ကိုးပါးသောဂုဏ်တော်တို့နှင့်
    ပြည့်စုံတော်မူသော၊သက်တော်ထင်ရှား
    သဗ္ဗညုမြတ်စွာဘုရားကို ရည်မှန်း၍
    တိုင်တည်ဆုတောင်းအပ်ပါသည်
    & ကျွန်ုပ်၏ ...
    မသိအပ်သော အစရှိသော၊ ပြုပြုသမျှ
    ကုသိုလ်ကောင်းမှု အစုစုတို့ကြောင့် ...
    * ကျွန်ုပ်နှင့်ပြည်သူပြည်သားအားလုံးတို့နှင့်
    ပြည်သူအတွက် ဓမ္မဘက်ကရပ်တည်လျှက်
    တော်လှန်ရေးဆောင်ရွက်ပေးနေကြသူအား
    လုံးတို့သည်၊ရှိခဲ့သောရှိပြီးဖြစ်သော ...
    ဝဋ်ကြွေးအပေါင်းတို့သည်၊ ယနေ့ယ္ခု ချက်
    ချင်းကျေပြီးသကာလ၊ အားလုံးအားလုံးတို့
    သည်၊ အရပ်ဆယ်မျက်နှာရှိ ရှိရှိသမျှသတ္တ
    ဝါတို့သည် ကိုယ်ရောစိတ်ပါချမ်းသာလို့ကာ
    ဆင်းရဲမရှိ၊အတိသုခံ၊ဣိစ္ဆိတံ လိုရာပြည့်လို့
    ချမ်းသာအသက်ရှည်ခြင်း လက်ငင်းရကြပါ
    စေ၊အောင်စေ၊အောင်ပါစေ၊အောင်ကြပါစေ၊
    လိုတတိုင်းပြည့်ဝပါစေ၊စေတစ်လုံးပိုင်ကြပါ
    စေ၊သိဒ္ဓိလည်းပေါက်ကြပါစေ၊စိတ်အကြံ
    မြောက်ကြပါစေ၊အဓိဌာန်မြောက်ကြပါစေ၊
    အန္တရာယ်ကင်းရှင်းလိုတရခြင်းတို့နှင့်ပြည့်စုံ
    ကြပါစေဗျာ။

    စစ်မင်းထက်သာ

    ReplyDelete
  3. ဒါပေမယ့် အဆင်ပြေချင်မှ ပြေပါလိမ့်မယ်။
    အဆင်ပြေချင်မှ ပြေပါလိမ့်မယ်။

    ယောက်ျားပဲ ဒါပေမယ့် အဆင်ပြေချင်မှ ပြေလိမ့်မယ်။
    ယောက်ျားကြီးများလဲ အဆင်မပြေပါဘူး။

    အဆင်မပြေဘူးလေ
    အဆင်မှ မပြေတာ
    ဘယ်လိုလုပ်မလဲ။

    အောင်ချိမ့်

    ReplyDelete
  4. This comment has been removed by the author.

    ReplyDelete
  5. This comment has been removed by the author.

    ReplyDelete
  6. 🥷 မှတ်တိုင်တစ်ခု ...

    @ လူရယ်လို့ဖြစ်လာရင် ...
    ဒုက္ခမျိုးစုံတွေ့ကြုံလာရမှာပါဘဲ
    ကပ်ကြီးသုံးပါး၊ရန်သူမျိုးငါးပါး
    တစ်ပါးပါးနဲ့တော့ ...
    မိမိကိုယ်တိုင်ဖြစ်ဖြစ်
    သူများနဲ့ဆက်နွုယ်လို့ဘဲဖြစ်ဖြစ်
    ခံစားဘူးကြမှာပါ
    ဒါပေမယ့် ...
    သေချာတာတစ်ခုကတော့
    ကမ္ဘာ့မှတ်တိုင်စိုက်ထူပေးသလို
    ပြည်သူတွေဒုက္ခရောက်ချိန်တိုင်းမှာ
    ဈေးတက်ရောင်းကြတဲ့ ...
    အယုတ်ညံ့ဆုံးလူတစ်စုရှိနေတာပါဘဲ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  7. ကဗျာ​တွေက ​ကောင်း​နေတာအခုမှ​သေချာသိတယ် အရင်က မသိခဲ့ စာတိုတို​လေးက လည်း ရင်ထဲထိ​ရောက်တယ် C4Kကို ကလစ်တာ မကြာ​သေးဘူး မှန်သွားပြီ
    တ​နေ့ ၂၀၀ ​လောက်ကလစ်တယ် app web youtube မပါ​သေးဘူးရယ်

    ReplyDelete
  8. 🙂 မြန်ဆန်ဘို့လိုပြီ ...

    တွေးခေါ်ပါ ...
    လေ့လာသုံးသပ်ပါ
    မှန်ကန်စွာဆုံးဖြတ်ပါ
    မြန်မြန်ဆန်ဆန်လုပ်ဆောင်ပါ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  9. 🥷. အပေးအယူ ...

    @ လူ့လောကမှာ ...
    သာပေါင်းညာစားတွေများနေသလို
    သာကူးတွေလည်းများလာတယ်
    ဘယ်အရာမှ ...
    အလကားမရဘူးဆိုတာလည်း
    ခေတ်စားလာတယ်
    အမှန်ပြောရရင်တော့ ...
    အပေးအယူတစ်ခေတ်လို့
    ဆိုရတော့မယ်ထင်တယ်။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  10. 🙂 ဟောင်းပြီ
    ဟောင်းပြီတဲ့ ...

    @ သေချာစဉ်းစားကြည့်တော့ ...
    တစ်နှစ်ပြီးတစ်နှစ် နှစ်သစ်ဆီကို
    ကူးပြောင်းသွားတိုင်း လူတွေရဲ့စိတ်
    အတိတ်ကို ထားခဲ့ချင်ကြတယ်
    မကောင်းတဲ့အရိပ်တွေကို ...
    ထားခဲ့သင့်တယ်ဆိုပေမယ့်
    " နွေဦးတော်လှန်ရေး"ဆိုတဲ့
    မေ့မရနိုင်တဲ့ အတိတ်ဆိုးကိုတော့
    ထားမပစ်ခဲ့ကြပါနဲ့
    မနိုင်မချင်း ...
    မအောင်မချင်းတော့
    နှစ်သစ်နှစ်သစ်တွေဆီကို
    "လက်ဆင့်ကမ်း သယ်ဆောင်သွားရမှာပါဘဲ

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  11. Wheel............dope.🏹🏹🏹

    ReplyDelete
  12. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  13. ကိုယ်ရဲ့အလွမ်းတွေလည်း
    တစ်မှုန်စီ ဖြန့်ကျဲရောထွေးနေတယ်

    ReplyDelete
  14. မနီး မ​ဝေး
    မှန်မှန်​လေး
    အပြုံး​​ပေးလို့ ချစ်​နေမယ်​။

    ReplyDelete
  15. Wheel............dope.🏹🏹🏹

    ReplyDelete
  16. Fighting
    Click,click,click......

    ReplyDelete
  17. Fighting
    Click,click,click........

    ReplyDelete
  18. မေတ္တာတရားဟာ အသွားအပြန်ရှိတယ်ဆိုတာ
    ကျွန်တော် အယုံကြည်ဆုံး ဘာသာတရားပါ
    (ဒါ​ပေမယ့် ကျ​နော့ဘက်က အသွားဘဲ ရှိခဲ့ပါတယ်, အပြန်မရှိခဲ့ပါ)

    ReplyDelete

Post a Comment

Popular posts from this blog