ယုံသလို နေခဲ့ပြီ
ကြုံသလို နေခဲ့ပြီ.....

စျေးဆစ်ခံလိုက်ရတဲ့ ပန်းချီကား တစ်ချပ်အတွက်
စျေးဆစ်သူရဲ့ လျှာကိုပဲ ဖြတ်ရမလား
ပန်းချီဆရာရဲ့ လက်ကိုပဲ ဖြတ်ရမလား။

ကဗျာတွေ ရှင်ချင်ရင်
ကဗျာဆရာ သေဖို့သာ ပြင်ပေတော့။

ကိုယ့်အကြောင်း ကိုယ် မေ့ထားချင်လို့
သူများအကြောင်း လျှောက်ပြောနေတာ။        ။

- လှသန်း -

Respect & Credit to Poet Hla Than

Comments

  1. Till the end
    Fighting together 💪

    ReplyDelete
  2. Replies

    1. Click with love 💕
      🍀🍀🍀🍀🍀

      Comment တွေပျောက်ပျောက်သွားလို့ ကိုကြီးမင်းမင်းနားမှာ ကပ်ရေး မယ် ခင်ဗျာ :D

      Delete
  3. 🙂 တစ်ချို့ ...

    @ တစ်ချို့ဆိုတာ ...
    အကုန်ပါသည်လို့ မဆိုလို
    သို့သော် ...
    ကိုယ့်ကိုယ်ကိုယ်
    ဆန်းစစ်ဘို့ လိုပြီထင်၊

    @ ဆန်းစစ်ကြည့်ရအောင် ...
    အစစအရာရာ " ပြည်သူ" သာအဓိကတဲ့
    ဝန်ထမ်းအားလုံး ပြည်သူထဲက
    အစိုးရအဆက်ဆက်ကကော ...
    လွှတ်တော်အမတ်များကကော
    ဘာသာရေးခေါင်းဆောင်များကကော
    ပြည်သူထဲကပါဘဲလေ၊

    @ ဒါဆို ... ပြည်သူ ...
    ပြည်သူသာ အဓိကပေါ့
    လူအမျိုးမျိုးမွေးဖွားရာ ဌာန
    ဒီဌာနကို ပြုပြင်ရန်လိုလေပြီ
    ပြောင်းလဲရန်လည်း လိုလေပြီ၊

    @ ဘယ်အရာတွေ ...
    ပြုပြင်ရန် လိုမလဲ ?
    ပြောင်းလဲရန်လိုမလဲ ?‌ ပေါ့
    အကြောက်တရားတွေ ဖျောက်ရမည်
    ဗဟုသုတတွေ၊ပညာတွေ ပေးဝေရမည်
    ကိုယ်ချင်းစာတရားတွေ သင်ပေးရမည်
    တာဝန်ယူမှု၊တာဝန်ခံမှုတွေ ထဲ့ပေးရမည်
    အများကြီးလိုလေပြီ၊လိုနေပြီ။

    စစ်မင်းထက်သာ


    @

    ReplyDelete
  4. This comment has been removed by the author.

    ReplyDelete
  5. 🥷 အမှားနဲ့အမှန် ...

    @ သုံးသပ်ချက် ...
    ဘက် နှစ်ဘက်ရှိတဲ့နေရာမှာ
    သူ့ဘက်ကလည်း မှန်တယ်လို့ထင်သလို
    ကိုယ့်ဘက်ကလည်း မှန်တယ်ပေါ့ဗျာ
    ဒါဆို ပွဲကပြီးမှာမဟုတ်တော့ဘူး၊

    @ အမှားအမှန်ဆုံးဖြတ်ဘို့ ...
    ၁.အချက်အလက်ရှိရမယ်
    ၂.ဒိုင်/ကြားအဖွဲ့ရှိရမယ်
    ၃.ဆုံးဖြတ်ချက် ၂ဘက်လုံးလက်ခံရမယ်၊

    @ ဒိုင်/ကြားအဖွဲ့အနေနဲ့ စဉ်းစားကြည့်ရ
    အောင် ...
    ၁.ဒီပြဿနာ အရင်းအမြစ်
    အဓိက၊Covid19လှိုင်းမပြီးသေးခင်၊
    ပြည်သူတွေဒုက္ခရောက်နေချိန်၊*အာဏာဆွဲ
    ထိမ်း/သိမ်းတာ ပြဿနာအရင်းအမြစ်ဘဲ။
    ၂.ဒုတိယအချက် အမှား
    မဲလိမ်တယ်ပြောတယ်၊ပြည်သူက,ကိုယ်
    ကိုယ်တိုင်ထည့်ခဲ့တဲ့အတွက်၊မှားနေကြောင်း
    ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တယ်၊*ခေါင်းကို
    သေနတ်နဲ့ပစ်ပြီးနှိမ်နှင်းတယ်။
    ၃.တတိယအမှား
    ကိုယ့်ဘက်မတူ ကိုယ့်ရန်သူအနေနဲ့၊ပါး
    စပ်ဥပဒေတွေနဲ့၊အကုန်ဖမ်းဆီးနှိပ်စက်၊သ
    တ်ဖြတ်ပစ်တဲ့အဆင့်အထိနှိပ်ကွပ်တယ်၊*အဲ့
    ဒါ-တတိယအမှား။
    ၄.စတုတ္ထအမှား
    ကိုယ့်အိမ်ကိုယ်နေလို့မရတာရယ်၊နာကျ
    ည်းချက်တွေကြောင့်၊ပြည်သူ/အထူးသဖြင့်
    Gene-Zတွေက လက်နက်ကိုင်တော်လှန်ရေး
    လုပ်တယ်၊အခုထိနောင်တမရဘဲ၊ပြည်သူ့လ
    က်နက်နဲ့ ပြည်သူပြန်သတ်နေတယ်၊* အဲ့ဒါ
    စတုတ္ထအမှား။
    ၅.ပဉ္စမအမှား
    ဒီအမှားက အဆိုးဆုံး၊အခုထိပြန်လည်
    သုံးသပ်မှုမရှိ၊ကိုယ့်ကိုယ်ကိုယ် မှားမှန်းမသိ၊
    ဘေးက ရန်နေတဲ့သူတွေကလည်း ဒီအတိုင်း
    ဘဲ၊အမှားကို အမှန်လုပ်ပြီး၊အလုံးစုံ နှိပ်ကွပ်
    ရေး ဝိုင်းလုပ်နေကြတာ။

    @ စာရှည်မှာစိုးလို့ ...
    အကျဉ်းချုပ်တင်ပြထားတာ၊* လူဆိုတာ
    ၁.မလုပ်သင့်တာ မလုပ်ရဘူး၊
    ၂.လုပ်မိလို့/လုပ်ရင်းနဲ့ မှားမှန်းသိရင်၊ရိုးရိုး
    သားသားတောင်းပန်ပြီး၊နောက်ဆုတ်ပေး
    ရတယ်၊ဆက်မမှားသင့်ဘူး၊
    ၃.အပြုသဘောနဲ့ ဆွေးနွေးညှိနှိုင်းရမယ်၊
    ၄.ဘာဘဲဖြစ်ဖြစ်၊ ဆုံးရှုံးနစ်နာနေရတာက...
    ကိုယ့်ပြည်သူတွေနဲ့ကိုယ့်တိုင်းပြည်ဗျ၊တစ်ကယ်ချစ်တဲ့ခေါင်းဆောင်ဆိုရင်၊နောက်
    ဆုတ်ရမယ်ဗျ၊ဆက်မလုပ်ရဘူး၊
    ၅.အရာရာမှာ၊* စဉ်းစားတွေးခေါ်မှု၊*မှန်ကန်
    တဲ့တွေးခေါ်ဆုံးဖြတ်မှု၊*ဆင်ဆင်ချင်ချင်
    လုပ်ဆောင်မှု၊*ပြန်လည်သုံးသပ်မှု၊*ပြုပြင်
    ထိမ်းကျောင်းမှု၊*မှန်ကန်တည့်မတ်စွာ ပြန်
    လည်အကောင်အထည်ဖော်မှု၊ စသည်ဖြင့်
    ရှိရမယ်ဗျ။

    စစ်မင်းထက်သာ

    ReplyDelete
  6. အမေ့အိမ်ကိုလဲလွမ်းတယ်
    ကျဆုံးသွားတဲ့ရဲဘော်တွေကိုလွမ်းတယ်
    ကမ္ဘာပျက်နေပြီဆိုတာမင်းသိတယ်
    နိုင်ငံလဲပျက်စီးနိုင်တာထက်ကိုပိုပျက်စီးနေပြီ
    လူငယ်တဲ့...တစ်နိုင်ငံလုံးကိုပုခုံးပေါ်ထမ်းထားရတာ
    အမေ့ကိုလွမ်းချိန်မရဘူး
    အချစ်ရေ...လိုရင်ဖွင့်ငိုချိန်မရဘူး
    ငါ့အသက်ငါဖက်နဲ့ထုတ်ပြီးနိုင်ငံတော်ကိုကာကွယ်နေတာ
    ငါတိုကြွေရင်တိတ်တိတ်လေးပဲ
    မင်းတိုရိူးပွဲလောက်လူမစည်ဘူး....ဒါပေမဲ့
    ငါတိုလူပီသခဲ့တယ်။

    #ပိုင်နေလင်းခန့်

    ReplyDelete
    Replies
    1. ​ကောင်းလိုက်တဲ့ကဗျာ

      Delete
  7. This comment has been removed by the author.

    ReplyDelete
  8. 🥷 နောင်တ ...

    @ နောင်တဆိုတာ ...
    အမည်နဲ့လိုက်အောင်
    နောင်မှတကြတာ
    သေရင်တော့ ...
    ဘာမှအကျိုးမရှိဘူး။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  9. 😀 မဖမ်းတော့ဘူးတဲ့ ...

    @ ရန်သူတွေမှမဟုတ်တာ ...
    သူ့ကိုကိုယ်ဖမ်း၊သူကကိုယ့်ပြန်သတ်
    ဒီစက်ဝန်းကြီး၊ဘယ်တော့ပြီးမှာလည်း
    အဲ့ဒီတော့ ...
    သူလည်းရန်အေး၊ကိုယ်လည်းဘေးဝေး
    ဒီလိုဘဲလုပ်ကြရမှာ။

    😀 စစ်မင်းထက်သာ

    ReplyDelete
  10. 🙂 စိတ် ...

    @ Postတစ်ခုတွေ့လို့ ...
    ၁၄/ဖြစ်လို့ရှက်စရာကောင်းလား ?တဲ့
    အမှန်ပြောရရင် ...
    ရုပ်ပိုင်းဆိုင်ရာနဲ့မဆိုင်သလို
    ကိုယ်ခံယူထားတဲ့ ...
    အတွင်းစိတ်နဲ့သာဆိုင်ပါကြောင်း
    ပြောပါရစေ
    ဘယ်သူဖြစ်ဖြစ် ...
    မတရားတာကိုသိပြီး
    ကိုယ်ရဲ့စိတ်ကတွန်းလှန်နေတဲ့စိတ်
    တာဝန်ယူလိုတဲ့စိတ်နဲ့အနိုင်ယူလိုတဲ့စိတ်
    ရှိနေရင်ရပါပြီ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  11. Wheel............dope.🏹🏹🏹

    ReplyDelete
  12. Fighting
    Click,click,click........

    ReplyDelete

Post a Comment

Popular posts from this blog