“ ချောင်းကြည့်ပေါက်များ ”

သူ့အလို
အထက် အဆိုပါအကြောင်းများအရ
တွေးဆချက်များမှာ

(၁)
“စကားလုံးများ” ဟာ “အတု”ဖြစ်ပြီး
“စိတ်”သည်“အစစ်အမှန်” ဖြစ်တယ် တဲ့။

(၂)
“ခြေထောက်တွေ” ဟာ “လမ်း”ဖြစ်ပြီး
“ငါ” သည် “ခရီးဆုံး” ဖြစ်တယ် တဲ့။

(၃)
ဆိုတော့ကာ
အဲဒီခြေထောက်အတုတွေနဲ့
အဲဒီ စကားလုံးတင်းကြမ်းပြည့်လမ်းကိုပဲ
စီးစီးပြီး သွားနေရတာ တဲ့။
အဲဒီခရီးဆုံးမှ ရောက်ပါ့မလား
အဲဒီအစစ်အမှန်ရော ဟုတ်ပါ့မလား
အဲဒီစိတ်ကြီးကို ကုန်လွန်းလို့
အဲဒါ 'ငါ' ကဖြင့်တဲ့။
အင်း...
ပျင်းတယ်ဆိုတာကြီးပဲ
ကြိတ်မနိုင် ခဲမရ။      ။
                            
ထူးအိမ်သင်
ရုပ်ရှင်တေးကဗျာ ( ၂၀၀၂  )

Respect & Credit to Artist Htoo Eain Thin

Comments

  1. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  2. 🙂 ရင်လေးရတယ် ...

    @ အကွဲကွဲအပြားပြားနဲ့ ...
    အဆူဆူက ဗျာများ
    ပဲများနေတဲ့ သူတစ်လူ
    ငါတစ်မင်းဖြစ်တဲ့ နိုင်ငံတော်
    ဘယ်သူက ကယ်ပါလိမ့်
    အင်း ... ရင်လေးရတယ်လေး။

    စစ်မင်းထက်သာ

    ReplyDelete
  3. “စကားလုံးများ” ဟာ “အတု”ဖြစ်ပြီး
    “စိတ်”သည်“အစစ်အမှန်” ဖြစ်တယ်....

    ReplyDelete
  4. Till the end
    Fighting together 💪

    ReplyDelete
  5. တနေ့.....တရက်
    အမေ့ခက်သည်...
    ရင်တွင်းအချစ်...
    အနှစ်ဖြစ်၍...
    လွမ်းရရက်တွေ
    အသင်္ချေ.....။

    -မောင်စိန်၀င်း(ပုတီးကုံး)

    ReplyDelete
  6. ကြီးမြတ်သူဖြစ်ဖြစ်....သာမန်လူဖြစ်ဖြစ်....အဆုံးသတ်ချိန်ကြတော့ လူတွေအားလုံး ..မီးခိုးနဲ့ပြာ မင်းလားငါလား...ရှာဖွေကြည့်စမ်းပါ ...ဓနနဲ့ငွေများအား ယူသွားလို့ရမလား......
    အတ္တရမ္မက်များ နတ္ထိလူသား အချည်းနှီလစ်ဟာခြင်း ....သုည...

    ReplyDelete
  7. အတုတွေ မလိုချင်ပါ

    ReplyDelete
    Replies
    1. အစစ်တွေက စျေးတတ်ပြီး
      ပစ္စည်းပြတ်နေလို့ဗျ။😁

      Delete
    2. ကိုယ့်ဘာသာ မြှားပစ်နေပါအေ 🤭😁

      Delete
  8. 🥷 လေ့လာပါ ...
    မှတ်သားပါ
    လုပ်သင့်တာတွေးပါ
    အမြန်လိုက်လုပ်ပါ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  9. ပျင်းတယ်

    ReplyDelete
  10. 🥷 အသေအချာ ...

    @ သေချာတာကတော့ ...
    ကျနော်တို့၏ပြည်သူပြည်သားများ
    အနီးကပ်ဆုံးရန်သူကို ...
    နှိမ်နှင်းတွန်းလှန်ကြ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  11. 🏇 ဝဋ် ...

    @ အရင်တုံးက ...
    လေလှိုင်းအစိုးရလို့
    ကဲ့ရဲ့ခဲ့သူက !
    အခုကျတော့ ...
    နိုင်ငံအတွင်းလှည့်တော့လည်းလေပေါ်က!
    စစ်တိုက်ပြန်တော့လည်းလေပေါ်က!
    ကဲ ... ဘယ့်နှယ့်ရှိစ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  12. 🙂 တွေးပြီးနာတတ်လာရင် ...

    @ လူတိုင်းလူတိုင်း ...
    ပြည်သူတိုင်းပြည်သူတိုင်းက
    ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာတွေတွေ့တိုင်း
    ငါတို့အသွေး၊ငါတို့အသားလို့ ...
    တွေးတွေးပြီးနာနာတတ်လာရင် !!!
    ရွာစဉ်မီးရှို့၊လုယူမုဒိမ်းပြုတာတွေတွေ့တိုင်း
    ငါတို့ရွာ၊ငါတို့အသွေးအသားလို့ ...
    တွေးတောစဉ်းစားနာကျည်းတတ်လာရင် !!!
    နေစရာအိမ်မရှိ၊ပြေးလွှားနေရတဲ့ဘဝတွေ
    စားစရာဘယ်ဝယ်မသိ၊ဒုက္ခသုက္ခအဝေဝေ
    မိုးမလုံလေမလုံ၊တောအထပ်ထပ်ဘဝတွေ
    ကိုယ့်ခလေးစာမသင်ရတဲ့ဘဝတွေကို
    ငါတို့ဘဝတွေကတယ်ဆိုးပါလားလို့ ...
    တွေးတောစဉ်းစား၊ထကြွတတ်လာရင် !!!
    ငါတို့တော်လှန်ရေး၊ချက်ချင်းအောင်ပြီ !!!

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  13. Wheel............dope.🏹🏹🏹

    ReplyDelete
  14. Click,click,click...............

    ReplyDelete
  15. Fighting
    Click,click,click.............

    ReplyDelete

Post a Comment

Popular posts from this blog