သူငယ်ချင်းထံပေးစာ (၁၁)

"လောကကြီးဟာ စိတ်ဆင်းရဲစရာ
စိတ်မချမ်းသာစရာ လောကကြီးရယ်လို့
ဘယ်သောအခါမှ ကျနော်မအောက်မေ့ခဲ့ပါဘူး" တဲ့
အဲ့လို... အဲ့ဒီလို
ဗိုလ်အောင်ဒင် လေ နဲ့
ငါ တသက်လုံး ရင်ခုန်လာခဲ့ပေရယ့်

ထင်သလောက် မလွယ်ဘူးလို့
သိရတဲ့အခါ
ငါ့မှာ...
ငါ့ကိုယ် ငါထက်
လွမ်းမောရင်နာစရာ ဘဝတွေကို
ငါ စာနာခဲ့မိပါတယ်

ခက်တယ်ဟေ့ နော်
မီးမရတဲ့အရပ်က လျှပ်စစ်မီးကို
ပိုတန်ဖိုးထားတယ်၊
လမ်းမသာတဲ့အရပ်က
လမ်းကောင်းတန်ဖိုးကို ပိုသိတယ်
ဘယ်အစိုးရတက်တက် ဘာမှမထူးဘူးလို့
တကယ်မထူးတဲ့သူတွေက တွေးကြတယ်လေ

ငါ့မှာ...
ရင်နာရ စာနာရ
လေးစားရ ချစ်ရ၊

လူ့ဘဝမှာလေ
ကျောမွဲတွေဟာ 
ကျောချင်းကပ်ကြတယ် ဆိုတဲ့အကြောင်း
ငါ့မှာ
ရင်နာနာနဲ့ ခိုင်ခိုင်မာမာ ယုံကြည်ရပါ ပကောလား
ငါတို့ အသက်ရှည်ကြစေသား။       ။

ရင်သွေး 

Comments

  1. ဘဝဟာ ထင်သလောက်မလွယ်ကူခဲ့ပါဘူး 🤜🤛

    ReplyDelete
  2. ကျောချင်းကပ်တာလည်း ကျောမွဲတွေပဲရှိတာပါပဲ

    ReplyDelete
  3. အသက်လည်းမရှည်ချင်တော့ပါဘူး...
    ရှင်သန်ချိန်ခဏ လူပီသအောင်ပဲနေတော့မယ်(သူတော်ကောင်းလည်းမဖြစ်ချင်ဘူး)

    ReplyDelete
    Replies
    1. လူပီသတာလေးကိုရော🤗

      Delete
    2. ကလစ်ကာတွေအားလုံး လူပီသတဲ့ လူသားတွေပါခင်ဗျာ...

      Delete
    3. ဟုတ်ကဲ့ပါ😁

      Delete
  4. ငါ Clickမှဖြစ်မယ်ဆိုတဲ့စိတ်နဲ့ငါနေ့တိုင်းClickတယ်
    ငါ့နိုင်ငံရဲ့ လူဉီးရေသိန်း ၅၀၀ ကျော်ထဲ
    ငါ့လိုလူမျိုး ၁သိန်းလောက်ရှိဖိုလဲငါမျှော်လင့်တယ်
    တက်နိုင်သလောက်လေး clickကြပါ

    ReplyDelete
  5. "ငါ့ကိုယ် ငါထက်
    လွမ်းမောရင်နာစရာ ဘဝတွေကို
    ငါ စာနာခဲ့မိပါတယ်"

    ReplyDelete
  6. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  7. ရင်နာရ စာနာရ
    လေးစားရ ချစ်ရ😔

    ReplyDelete
  8. မေတ္တာ ထားပြီးရှေ့ဆက်မယ်
    မအလနဲ့ အပေါင်းအပါတွေကိုတော့ မေတ္တာ မထားနိုင်ဘူး

    ReplyDelete
  9. လူ့ဘဝမှာလေ
    ကျောမွဲတွေဟာ
    ကျောချင်းကပ်ကြတယ်

    ReplyDelete
  10. 🥷 စိတ်ကူး ...

    @ တစ်ခါတစ်လေ ...
    တစ်ချို့သူတွေကို
    ဝါးစိမ်းတုတ်နဲ့ ...
    ရာဇသံပေးပြီး
    နောက်ကနေနွားမောင်းသလို
    မောင်းရင်မောင်းရပါလိမ့်မယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  11. C4K❤️❤️💪💪

    ReplyDelete
  12. 🥷 Postတက်လာလို့ ...

    @ ခြုံပြောရရင် ...
    လူတန်းစားပေါင်းစုံအဆင်မပြေဘူး၊
    ဒါကို ...
    အဲ့ဒီလူတန်းစားပေါင်းစုံ အကုန်သိတယ်
    နဖူးတွေ့ဒူးတွေ့ ခံစားနေကြရတာ၊
    အဲ့တော့ ...
    ရမယ်ရှာပြီး ဂျင်းထဲ့မနေနဲ့
    ငြိမ်နေကြတာအကောင်းမဟုတ်ဘူး၊
    မင်းတို့ကို ...
    ခုတ်ဘို့ ဒါးသွေးစောင့်နေကြတာ၊
    အပိုတော့မပြောတော့ဘူး ...
    One by One တဲ့။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  13. 🥷 အမြဲတမ်း ...

    😡 မင်းတို့ ...
    မအလတစ်သိုက်နဲ့
    ဘောမတစ်သိုက်ကို
    ဘယ်လိုဒုက္ခပေးရမလဲ ?
    ဘယ်လိုနှိပ်စက်ရမလဲ ?
    ဘယ်လိုဖြိုရမလဲ ?
    ငါအမြဲတမ်းစဉ်းစားတယ်
    လက်တွေ့လည်းလုပ်နေတယ်။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  14. This comment has been removed by the author.

    ReplyDelete
  15. ヾ⁠(⁠˙⁠❥⁠˙⁠)⁠ノ

    ReplyDelete
  16. ထင်သလောက် မလွယ်ဘူးလို့
    သိရတဲ့အခါ
    ငါ့မှာ...
    ငါ့ကိုယ် ငါထက်
    လွမ်းမောရင်နာစရာ ဘဝတွေကို
    ငါ စာနာခဲ့မိပါတယ်
    ✊🍀🕊️

    ReplyDelete
  17. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  18. Wheel............dope.🏹🏹🏹

    ReplyDelete
  19. 🙂 တစ်ချို့တစ်ချို့ ...

    @ တစ်ချို့တစ်ချို့ ...
    အလိုတော်ရိစိတ် မပျောက်သေးဘူး
    သာတဲ့ဘက်ကူးတဲ့စိတ် ရှိပြန်သေးတယ်
    ခြေထိုးခံတဲ့စိတ် မွေးထားသေးတယ်
    အာဏာရူးတဲ့စိတ် ပြန်ပေါ်လာပြန်တယ်
    ဒီလိုသာ ...
    ဒီလူတွေနဲ့ဆက်သွားနေရင်တော့
    ပန်းတိုင်ရောက်ဘို့ ...
    အထစ်အငေါ့တွေနဲ့အလှမ်းဝေးနေအုံးမှာဘဲ

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  20. နိုင်မှာသေချာတဲ့ပွဲမို့
    အဓ္ဓမလူတွေကြောင့်
    ဘယ်လောက်ပဲခက်ခဲပါစေ အားတင်းရင်းရှေ့ဆက်ကြစို့
    Yawng hpe grai tsawra ai yaw❤️

    ReplyDelete
  21. ဟုတ် မညိုပြာ

    ReplyDelete
  22. ငါ့မှာ...
    ရင်နာရ စာနာရ
    လေးစားရ ချစ်ရ

    ReplyDelete
  23. Fighting
    Click,click,click.............

    ReplyDelete
  24. ငါတို့ အသက်ရှည်ကြစေသား

    ReplyDelete

Post a Comment

Popular posts from this blog