သူငယ်ချင်းထံပေးစာ (၁၂)

ဘဝမှာ...
ကိုယ်ချစ်တဲ့သူတွေကို
အက္ခရာ စဥ်ကြည့်မိတော့
သောက်ရူးတွေဖြစ်နေတာကိုတွေ့ရ၊

တကယ်ထူးထူးခြားခြား
ကိုယ်တူးတူးခါးခါး မုန်းတဲ့စာရင်း ချရေးမိပြန်တော့
ရူးပါး ပါးတဲ့သူတွေ အများသား၊

သူငယ်ချင်းရေ...
မင်းပုံစံအတိုင်း
ရိုးရိုးသားသား ရူးစမ်းပါ
ရူးစမ်းပါ ရိုးရိုးသားသား၊

ငါ့မှာ မင်းကိုလည်း ချစ်မဝ
မင်းမုန်းတဲ့ အကောင်တွေကိုလည်း ကြည့်မရ၊
ငါတို့ရဲ့ ဝဋ်နာကံနာတွေ အားကောင်းခဲ့ပုံ
ငါတို့ရဲ့ အပြစ်အနာအဆာတွေ ညီမျှခဲ့ပုံ၊

တကယ်ရူးတဲ့သူတွေသာ
တကယ်ချစ်စရာ ကောင်းတယ်လို့
ငါတို့ ဒီလိုယုံခဲ့ကြ...
တယ်လည်း ခါးသီးလှပါဘိကွယ်။         ။

ရင်သွေး

Comments

  1. ကလစ်ပီးရင်းClickကြမယ်

    ReplyDelete
  2. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  3. 🥷 မှေးမှိန်သွားပြီလား ???

    😥 ကမ္ဘာကြီး ...
    နေမကောင်းနေဘူးလား ?
    နိုင်ငံတော်တော်များများလည်း
    ကမ္ဘာ့အလယ်တော်တော်များများမှာ
    မှေးမှိန်နေပြီလေ၊ တစ်ချို့နိုင်ငံတွေ
    ပျောက်တောင်ပျောက်နေပြီ
    အတိတ်တွေမကောင်းခဲ့တာ‌လား !
    နိမိတ်တွေ မကောင်းတော့ဘူးလား !
    အချို့ပြည်သူတွေ ...
    လူလူချင်း အနှိပ်စက်ခံ
    အသတ်ခံနေရတယ် !
    အလုံးစုံပျက်စီးနေကြတယ် !
    ကမ္ဘာကြီးရေ ...
    ဒီအတိုင်း ထိုင်ကြည့်နေမှာလား !
    မင်းရဲ့ပါဝါတွေလည်း ...
    မှေးမှိန်သွားပြီလား ?

    🥷 စစ်မင်းထက်သာ

    ReplyDelete
    Replies
    1. ကမ်ဘာကြီးလည်းဖျားနေတယ်

      Delete
  4. Click တာဟာ ငါ့အတွက် တော်လှန်ရေး အာသာဖြေတာပဲ
    Clickတာဟာ ငါ့အတွက် တော်လှန်ရေးလူရာဝင်စေတာပဲ

    ReplyDelete
  5. "ဘဝမှာ...
    ကိုယ်ချစ်တဲ့သူတွေကို
    အက္ခရာ စဥ်ကြည့်မိတော့
    သောက်ရူးတွေဖြစ်နေတာကိုတွေ့ရ..."

    ReplyDelete
    Replies
    1. အဲ့ဘဲကိုယ်တွေကိုသောက်ရူးစရင်းတရားဝင်သွင်းတာ။😂

      Delete
    2. အံမယ်၊သဘောတောင်လာကျနေသေး။😂

      Delete
    3. Phoe say
      မရူးလို့လား😂

      Delete
    4. ရူးနေကြတာပဲ့လေ အခုတောင် ကလစ်ရူးဖြစ်နေပြီလား😂😂

      Delete
    5. ရွာသာကြီးမှာဒိတ်လိုက်ပြီး။😂😂

      Delete
  6. 🥷 မကြောက်ပါနဲ့ ...

    @ ယောက်ျားဆိုတာ ...
    စကားသိပ်မပြောဘူး
    လက်တွေ့လုပ်တာ၊
    ကလိန်ကကျစ်မကျဘူး ...
    သေချာအောင်စုံစမ်းသေးတာ၊
    ကျိန်းသေပြီဆိုရင်တော့ ...
    မရှင်းဂန်းလိုကျည်မဖြုံးပါ
    Sniperနဲ့တစ်ချက်ချင်းလာမှာ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  7. ဘဝမှာ...
    ကိုယ်ချစ်တဲ့သူတွေကို
    အက္ခရာ စဥ်ကြည့်မိတော့
    သောက်ရူးတွေဖြစ်နေတာကိုတွေ့ရ ...
    (တစ်​ယောက်တစ်မျိုး ရူး​နေကြတာ 😅)

    ReplyDelete
  8. Wheel............dope.🏹🏹🏹

    ReplyDelete
  9. Done💓💜💛

    ReplyDelete

Post a Comment

Popular posts from this blog