ကရင်က ကရင်ကိုကယ်
ကချင်က ကချင်ကိုကယ်
ရှမ်းက ရှမ်းကိုကယ်
ဗမာတွေကျ ငါလိုးမ
အဲ့သလိုဆဲကြ
ကရင်တကျပ် ဗမာတကျပ် 
ငါတို့က ငရဲနှစ်ထပ်နဲ့

ဘာသာခြားတွေရဲ့ အခါးတွေ
ငါတို့ကိုကူးစက်
လူမျိုးခြားတွေရဲ့ အခါးတွေ
ငါတို့ကိုကူးစက်
တိုင်းရင်းသားတွေရဲ့ အခါးတွေ
ငါတို့ကိုကူးစက်
ကျောမွဲတွေရဲ့ အခါးတွေ
ကျောမွဲတွေကို ကူးစက်
အဲ့သလို ကူးစက်ရောဂါသည်တွေအဖြစ်
နှစ်ပေါင်းများစွာ
ကူးစက်ရောဂါရဲ့ လက္ခဏာအဖြစ်
ဆဲဆိုမြည်တွန်ခြင်းကို တွေ့ခဲ့ရ
အရိုင်းစိုင်းတွေပါပဲ အရိုင်းအစိုင်းတွေလေ
ဆဲရင်းဆဲရင်း ဆင်းရဲခဲ့တယ်ဆိုသလို

အရိုင်းပန်းတွေလို တောပန်းတွေလို
လမ်းဘေးနားကပန်းတွေလို
ဒို့တာဝန်အရေးသုံးပါး မပါဘဲ ပွင့်ခဲ့ကြ

အဝေးမှာတော့
ဂန္ဓမာတွေ၊ နှင်းဆီတွေ၊ 
စပါယ်တွေ၊ ကံ့ကော်တွေ၊ 
ဂြိုလ်တုသတင်းက မွှေးရနံ့ရ
တပတ်အတွင်း နိုင်ငံတကာသတင်းကို
မြိန်ရေ ယှက်ရေကြည့်ကြ
တက်ဒီရှယ်ရင်ဂန်ရယ် မက်စ်မာနာမန်ရယ် 
အလန်ရှီးယားရယ် ပေါဂတ်စ်ကွိုင်းရယ် 
သို့သော်..အင်္ဂလန်ဖလားမရ 
အဲ့သလို ငါတို့ ဖလားမရခဲ့ပါဘူး

သောကပန်းတွေလား သောကပမ်းတွေလား
အနံ့တော့ရှိတယ် မမွှေးပျံ့ရဲဘူး
ရှက်ဖွယ်...

အလှုဒါန ပြုကြသူငှါတဲ့
စစ်ဝတ်စုံမှာ ပိတ်ဖြူစင်စလွယ်စနဲ့
ငါလိုးမဘဝ
အဲ့သလို 'တောက်' ခေါက်ကြ
ပိတ်စမ်း ပိတ်လိုက်စမ်း အဲ့ဒီ တီဗီကိုပိတ်လိုက်
လူသတ်သမားရဲ့ အပြုံးကို မှတ်ကြ
ဝိုင်ခွက်ကို မြှောက်ထားတဲ့ 
သူခိုးစောက်ခွက်ကို မှတ်ကြ

တဖက်မှာ...
ရာသက်ပန်နာယကကို ဂါရဝပြုကြ
မသေချင်ဘဲ သေကြရ
သေချင်လျက်နဲ့ စိတ်လိုလက်ရ 
တချို့လဲသေချင်းဆိုးနဲ့သေကြရ
နိုင်ငံရေးမလုပ်ရ အောင်ဆန်းစုကြည် ကုလားမ
မင်းတို့ပါးစပ်က မထွက်ကြနဲ့ 
ကြားရဲ့လားတဲ့
လမ်းလူကြီးက အဲ့ဒီခေတ်က 
လမ်းလူကြီးဆိုတာ လီးလူကြမ်းပါပဲ

ငရဲကြီးနှစ်ထပ်ကို 
ကျရည်နှပ်ပြီး သောက်ပစ်တယ်
ဟဲဗီးမက်တယ် ဘောလယ်သီချင်းတွေ 
ငါတို့မဆိုချင်ဘဲ ဆိုကြရ
လည်ပင်း ကြယ်သီးစေ့စေ့တပ်ရ
ပထွေးကို အဖေခေါ်ရသလို 
နိုင်ငံတော်သီချင်းကို ဆိုကြရ
မကြည်ညိုလိုက်ပုံများလေ 
ဥပဒေပြုတောင် ပြုရပါသတဲ့
ဦးနုခေတ်က အမဲသားကို 
တိုးတိုးသားလို့ ခေါ်သလိုပေါ့
တိုးတိုး တိုးတိုးနဲ့ ဆဲရတယ်
၈နာရီသတင်းထဲ တာရိုးကနွားတွေ
တပြုံးပြုံး 

ကမ္ဘာကသိတယ် 
ဘာမှမရှိဘဲ ချကြတာကို
ကိုယ့်အနာ ကိုယ်ပြရင်း
သမိုင်းကို အဲ့သလိုရေးခဲ့ရ
အချစ်ရေ အချစ်ရေလို့ အဲ့သလိုသီချင်းကို
သံဃာတော်တွေ 
သွေးမြေကျကုန်ကြပြီဘုရာ့လို့ အော်နေကြပုံများ
သြော် !
မာမာအေးဟာ မာမာအေးပါပဲ

သံဃံသရဏံ ဂန်းစာမိပါဘုရားတဲ့
နာကျင်ရပြန်ပကော
အသည်းတွေ မာရပြန်ပကော
အဲ့သလို...
ဆီမီးဖိုင်နယ်မှသည် မဂ်လာဒုံလေဆိပ်ဆီသို့
အလီလီ ထိုးဆင်းခဲ့ရပါတယ်

ကျော်ဆန်းမှသည် ဇော်မင်းထွန်းဆီသို့
မိုးလုံးပြည့်မုသာဝါဒီမှသည် ၆၆ဃ လူမှုကွန်ယက်ဆီသို့
မြွေကိုမှ အုပ်လိုက်အကိုက်ခံရသလို
ဟိုနားကနာတယ် ဒီနားကနာတယ် 
နေရာအနှံ့ နာတယ် ဘဝနာတယ် အသည်းနာတယ် 
ကမ္ဘာ့အရှည်လျားဆုံးအနာ
အနာကြီးရောဂါသည်လို 
ကူးစက်ရောဂါသည်လို အရိုင်းအစိုင်းပန်းတွေလို
ငါတို့အဆင်မပြေခဲ့ကြ
ငါတို့များ...အဆင်မပြေတာကိုပဲ 
၁၀မှတ်ဖိုးရအောင်ကျက်ခဲ့ရ 

သို့သော်...

ညည်းတွားသံမှသည် ကြွေးကြော်သံ
ကြွေးကြော်သံမှသည် ပုန်ကန်သံ
ငါတို့
အရှုံးကရုန်းထကြ
တံပိုးခရာဆင်လို့ အရိုးပြာကတွန်နေကြပြီ
ခိုးသားဓားပြကို
ရိုက်ပုတ်ဖို့ပြင် ကြိုးစင်တင်ကြ
စစ်ကိုမြင်လျှင် ဓားကိုပြင်ကြ
နိုင်ရာအလုပ် ပိုင်စွာလုပ်ကြ

အသက်တွေဆုံးခဲ့ပြီး
အရှက်တွေဆုံးခဲ့ပြီး
ဘဝတွေဆုံးခဲ့ပြီး
အနာဂတ်ပေါင်းများစွာဆုံးခဲ့ပြီး
လူအဖြစ်ပေါင်းများစွာဆုံးခဲ့ပြီး
ဆုံးခဲ့ပြီး ...ဆုံးခဲ့ပြီးပြီ
​နှောင်ကြိုးမှတပါး
ဆုံးရှုံးစရာ မကျန်အောင်ဆုံးခဲ့ပြီးပြီ

အဆုံးသတ်မှာ အမုန်းဇာတ်ကိုရပ်
ပြုံးကွက်ကို ရှာတွေ့ကြတော့မယ်

ရဲဘော်တို့ ညီကိုတို့ မိတ်ဆွေတို့
လာစုရုံးကြလေ 
တော်လှန်ရေးဆိုတာ ဇီဝိတဒါနဖြစ်တယ်
အသက်ကိုလိုလျင် အသက်ကိုယူကြပေါ့
ရွက်ဝါကြွေကျ မြေဆီရ၍ 
ပင်စည်လဲလှ ရွက်လဲမြစေ။         ။
 
ဆူးရစ်နွယ်

Respect & Credit to Poet Suu Yit Nwe 

Comments

  1. ခေတ်ပျက်ကြီးမှာ လူဖြစ်ရတဲ့ ဒုက္ခ

    ပိတ်စမ်း ပိတ်လိုက်စမ်း အဲ့ဒီ တီဗီကိုပိတ်လိုက် အဲ့သောက်ခွက်ကို မြင်ကိုမမြင်ချင်ဘူး

    ReplyDelete
  2. ရေးတတ်လိုက်တာ ‌‌လေးစားပါတယ်

    ReplyDelete
  3. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  4. သိပ်ကောင်းတယ်ဗျာ....

    ReplyDelete
  5. This poem is fire!🔥
    Love this.♥️

    ReplyDelete
  6. "တော်လှန်ရေးဆိုတာ ဇီဝိတဒါန"

    ReplyDelete
  7. ကိုယ်ချင်းစာနာခဲ့ရပြီလေ🎼🎶🔊

    ReplyDelete
  8. 🥷 စိတ်ကူး ...

    @ တစ်ခါတစ်လေ ...
    တစ်ချို့သူတွေကို
    ဝါးစိမ်းတုတ်နဲ့ ...
    ရာဇသံပေးပြီး
    နောက်ကနေနွားမောင်းသလို
    မောင်းရင်မောင်းရပါလိမ့်မယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  9. This comment has been removed by the author.

    ReplyDelete
  10. 🥷 Postတက်လာလို့ ...

    @ ခြုံပြောရရင် ...
    လူတန်းစားပေါင်းစုံအဆင်မပြေဘူး၊
    ဒါကို ...
    အဲ့ဒီလူတန်းစားပေါင်းစုံ အကုန်သိတယ်
    နဖူးတွေ့ဒူးတွေ့ ခံစားနေကြရတာ၊
    အဲ့တော့ ...
    ရမယ်ရှာပြီး ဂျင်းထဲ့မနေနဲ့
    ငြိမ်နေကြတာအကောင်းမဟုတ်ဘူး၊
    မင်းတို့ကို ...
    ခုတ်ဘို့ ဒါးသွေးစောင့်နေကြတာ၊
    အပိုတော့မပြောတော့ဘူး ...
    One by One တဲ့။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  11. ငါတို့ကိုတော့ ငါတို့ဘဲကယ်ရမယ်
    .....အာလုံးဝိုင်းတွန်းရင်တော့.....

    ReplyDelete
  12. 🥷 အမြဲတမ်း ...

    😡 မင်းတို့ ...
    မအလတစ်သိုက်နဲ့
    ဘောမတစ်သိုက်ကို
    ဘယ်လိုဒုက္ခပေးရမလဲ ?
    ဘယ်လိုနှိပ်စက်ရမလဲ ?
    ဘယ်လိုဖြိုရမလဲ ?
    ငါအမြဲတမ်းစဉ်းစားတယ်
    လက်တွေ့လည်းလုပ်နေတယ်။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  13. This comment has been removed by the author.

    ReplyDelete
  14. ကူးစက်ရောဂါတွေအဆုံးသတ်ချိန်ရောက်ပြီ

    ReplyDelete
  15. ငါတို့မှာငါတို့ပဲရှိတယ်....fighting💪

    ReplyDelete
  16. 🙂 တစ်ချို့တစ်ချို့ ...

    @ တစ်ချို့တစ်ချို့ ...
    အလိုတော်ရိစိတ် မပျောက်သေးဘူး
    သာတဲ့ဘက်ကူးတဲ့စိတ် ရှိပြန်သေးတယ်
    ခြေထိုးခံတဲ့စိတ် မွေးထားသေးတယ်
    အာဏာရူးတဲ့စိတ် ပြန်ပေါ်လာပြန်တယ်
    ဒီလိုသာ ...
    ဒီလူတွေနဲ့ဆက်သွားနေရင်တော့
    ပန်းတိုင်ရောက်ဘို့ ...
    အထစ်အငေါ့တွေနဲ့အလှမ်းဝေးနေအုံးမှာဘဲ

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  17. ဝိုင်ခွက်ကိ‌‌ေမြှာက်ထားတဲ့ သူခိုးစောက်ခွက်ကိုမှတ်ထားကြ

    ReplyDelete
  18. အနာဂါတ်​ပေါင်းများစွာ ဆုံးခဲ့ ပြုန်းခဲ့ပါပြီ

    ReplyDelete
  19. Wheel............dope.🏹🏹🏹

    ReplyDelete
    Replies
    1. Wheel............dope.🏹🏹🏹

      Delete
    2. အာာားးးးး

      အားးးးးး

      အားးးးးး

      အားးး

      အု အု

      Delete

    3. အနောနီးမပ်စ် ရေ 😂😂

      Delete
    4. လင်းဆက်April 1, 2023 at 12:19 AM

      😃😃😃

      Delete

Post a Comment

Popular posts from this blog