မရွှင်ပြခြင်းပေါင်းခြောက်ထောင်နဲ့အတူ
သောက်စိတ်ပျက်စရာတွေတစ်ပုံကြီးက
အိမ်ပေါက်ဝရှေ့ရောက်လာတယ်
တရားဓမ္မတွေနဲ့လွှမ်းခြုံထားတဲ့
တိုင်းပြည်ဟာ အဓမ္မဘာသာကို
ဇွတ်တရွတ်ကိုးကွယ်ခိုင်းတာခံနေရတယ်
ကံကံ၏အကျိုးကို ဟောပြောခဲ့တဲ့
ဗုဒ္ဓရဲ့အဆုံးအမက မှန်လားမှာလား
ရေရေရာရာမသိသေး
ဘုရားရှင်ဟာ
လောကအကျိုးအတွက် တောထွက်ခဲ့တယ်
ဒါဆိုမခံချင်စိတ်နဲ့လွတ်လပ်ခြင်းအတွက်
တောခိုခဲ့ကြတဲ့ တို့လူငယ်တွေကရော ?
ကမ္ဘာကြီးအတွက်ဘာလည်း
ကွန်မြူနစ်လား စတန့်ထွင်တဲ့ကောင်တွေလား
ဟစ်တလာပေါက်စလား
ဘယ်လိုသတ်မှတ်မယ်မေးချင်တယ်
လူငယ်တွေပုန်ကန်ရင်
ကမ္ဘာကြီးဟာလည်း
ငြိမ်ငြိမ်နေလို့မရတာ အားလုံးသိ
ကဗျာဆရာဟာ ရှိရှိသမျှစကားလုံးတွေကို
တရားအဖြစ်ရေးရသလို
အလွမ်းအဖြစ်လည်းရေးရတယ်
နွေဦးရဲ့ညနေခင်းတွေဟာ
မနွေးထွေးတာတော့အတော်ကြာနေပြီ
နွေ မိုး ဆောင်း သုံးရာသီလုံး
သွေးညှိနံ့တွေစွန်းထင်းနေတယ်
လက်ဖျောက်တစ်ချက်တီးတိုင်း
မြည်ဟီးလာမယ့် နာကြည်းသံတွေက
အာဏာရူးရဲ့ရင်ဘတ်ကို
တစ်ကြိမ်းကြိမ်းသွားဆောင့်စေရမယ်
နံရံကိုခေါင်းနဲ့တိုက်တယ်
တင့်ကားကိုဖိနပ်နဲ့ပေါက်မယ်
ခေါင်းတည့်တည့်ကိုကျည်ဆံနဲ့ပစ်မယ်
အကြောက်တရားကိုလက်ခလယ်ပြမယ်
ပုခုံးချင်းဖက်ပြီး နိုင်ငံတော်သီချင်းကို
အရင်လိုတရားမျှတစွာ ပြန်ဆိုကြမယ်
ကျွန်တော်
ဟုတ်ကဲ့ပါ
ReplyDelete🤜🤛🤜🤛🤜🤛
ပုခုံးချင်းဖက်ပြီး နိုင်ငံတော်သီချင်းကို
အရင်လိုတရားမျှတစွာ ပြန်ဆိုကြမယ်
🤜🤛🤜🤛🤜🤛
ဖိုက်တိုး မမ✊️
Delete🕊️🌸🕊️
DeleteAPPRECIATE.
DeleteTill the end
ReplyDeleteFighting together 💪
Yeah, we can do it cause of we are clickers 🤜🤛
ReplyDeleteအမှန်တော့ ဒီမန့်လေးက
Deleteညိုပြာရဲ့ မန့်ကို reply လုပ်တာ ညိုပြာမန့်က ပျောက်ပြီး ကိုယ့်မန့်က ကျန်နေခဲ့တာ ☺️
Fighting!!!
ReplyDeleteWe will definitely win.
ReplyDeleteClick with love 💕
ReplyDelete🍀🍀🍀🍀🍀
ကဗျာလေးတွေ ဖတ်လို့ကောင်း ⭐
ReplyDeleteDONE.
ReplyDelete"နွေဦးရဲ့ညနေခင်းတွေဟာ
ReplyDeleteမနွေးထွေးတာတော့အတော်ကြာနေပြီ" အမှန်ပါပဲ
Click.
ReplyDeletedoneeee
ReplyDeleteTogether we can✊
ReplyDelete🥷 စဉ်းစားကြပါ ...
ReplyDelete🥷 စဉ်းစားမိတယ် ...
ကျနော်ထင်တယ်
ဧရာဝတီလောက်၊အနေအေးတာ
ဘယ်နေရာမှ ရှိမယ်မထင်
ထက်တဲ့သူတွေကလည်း ...
လွပ်မြောက်နယ်မြေအသီးသီးမှာ
ဒါတောင် ...
သူငယ်ချင်းတွေပေးတဲ့စာအရ
တစ်ချို့မိန်းလမ်းမပေါ်မှာရှိတဲ့
အိမ်ဆိုင်တွေကို မြောင်းမကျော်ရ
တာလပတ်တွေမမိုးရ၊ဘာမလုပ်ရ
ညာမလုပ်ရ၊အမိန့်တွေထုတ်တယ်တဲ့
နီနီစိမ်းစိမ်း၊ဝါဝါကျက်ကျက်အားလုံးတဲ့
အဲ့ဒီတော့ဗျာ ...
အားလုံးစဉ်းစားပါလို့ဘဲ ပြောချင်တယ်။
🥷 စစ်မင်းထက်သာ
💪💪💪
ReplyDeletedone
ReplyDeleteကြယ်ဆိုတာကြွေတတ်လို့.....
ReplyDeleteလူဆိုတာသေတဲ့မျိုး.....
ငါ ..... လိပ်ပြာလုံချင်တယ်.....
အမေ့အိမ်ကိုလဲလွမ်းတယ်
ReplyDeleteကျဆုံးသွားတဲ့ရဲဘော်တွေကိုလွမ်းတယ်
ကမ္ဘာပျက်နေပြီဆိုတာမင်းသိတယ်
နိုင်ငံလဲပျက်စီးနိုင်တာထက်ကိုပိုပျက်စီးနေပြီ
လူငယ်တဲ့...တစ်နိုင်ငံလုံးကိုပုခုံးပေါ်ထမ်းထားရတာ
အမေ့ကိုလွမ်းချိန်မရဘူး
အချစ်ရေ...လိုရင်ဖွင့်ငိုချိန်မရဘူး
ငါ့အသက်ငါဖက်နဲ့ထုတ်ပြီးနိုင်ငံတော်ကိုကာကွယ်နေတာ
ငါတိုကြွေရင်တိတ်တိတ်လေးပဲ
မင်းတိုရိူးပွဲလောက်လူမစည်ဘူး....ဒါပေမဲ့
ငါတိုလူပီသခဲ့တယ်။
#ပိုင်နေလင်းခန့်
✊️✊️✊️
ReplyDelete🥷 သွေးမအေးနဲ့ ...
ReplyDeleteသွေးမကွဲနဲ့
ပြည်သူတွေ ...
ဆက်လက်ပါဝင်ဘို့ဘဲလို။
Done
ReplyDelete💝
ReplyDeleteFingering clickers
ReplyDelete🙂 ပြည်သူသာအဓိက ...
ReplyDelete🥷 ပြည်သူများ ...
ဂျင်းအထည့်မခံပါနဲ့
ဒေါ်လာဈေးတက်တာ ...
ဉာဏ်မရှိတဲ့သူတွေနဲ့
ပညာမဲ့တဲ့သူတွေရဲ့
လုပ်ပုံကိုင်ပုံအမှားကြောင့်ပါ။
🥷 စစ်မင်းထက်သာ
Keep going on
ReplyDeleteGood
ReplyDelete🥷 စပိန်းများ ...
ReplyDelete@ တစ်နေ့တစ်နေ့ ...
မဟုတ်တာနဲ့လုပ်ဇတ်တွေကြောင့်
အကုသိုလ်တွေ အလိုလိုဝင်လာသလို
ခံစားနေရတယ်၊
အဲ့ဒါ စပိန်းတွေလည်းသိသလို ...
နိုင်ငံတစ်ကာကလည်းသိနေတယ်၊
ခက်တာက ...
သိသိကြီးနဲ့လိမ်တာရယ်
မဟုတ်တာကို ဟုတ်ဇတ်ခင်းတာရယ်
ဟောင်မှန်းမသိ ဟောင်နေတာရယ်၊
အင်း .. ကြာလာရင် ...
ဘုန်းကြီးရူးနဲ့လှေလူး
ငပိန်းစပိန်းတွေကြောင့်
တိုင်းပြည်ပျက်တော့မယ်။
🥷 စစ်မင်းထက်သာ
Done ✅
ReplyDeleteDone 🌼
ReplyDeleteDONE.
Delete🥷 ယောက်ျား ...
ReplyDelete@ ရှေးပဝေသဏီခေတ်ထဲက ...
မြန်မာဆိုတာ ကမ္ဘာမှာရှိခဲ့တာ
ယောက်ျားဆိုလည်း ...
ကမ္ဘာမှာ အားကောင်းမောင်းသန်
ကမ္ဘာက လေးစားခဲ့ရတာ၊
@ အခုတော့ ...
မအလ,စခရခ,ဘောမတွေ
ကိုယ်လုပ်ပြီး သူများလွှဲချတာ
မင်းတို့ ယောက်ျားမှဟုတ်ရဲ့လား ?
ယောက်ျားဖာသည်လား ?
မေးရတော့မယ်ကွ။
( # မြန်မာဆိုတာ ညီအကိုတိုင်းရင်းအားလုံး
ပါကြောင်းပါခင်ဗျာ )
🥷 စစ်မင်းထက်သာ
✊✊💪💪
ReplyDeleteTHANKS.
ReplyDelete🍁🍁
ReplyDelete💕 ပြောင်းပြန် ...
ReplyDelete@ ကိုယ်ထားသလောက် ...
ပြန်မရနိုင်တာ စေတနာမေတ္တာဂရုဏာ
ကိုယ်လုပ်သလောက် ...
ပြန်မရနိုင်တာ အောင်မြင်မှု့ပန်းတိုင်ပါ။
🥷 စစ်မင်းထက်သာ
Nice poem & good poet
ReplyDeleteDone 🌼
ReplyDelete🙂 တစ်ခါတစ်လေ ...
ReplyDelete@ တစ်ခါတစ်လေ ...
ကိုယ့်အစိုးရကိုအားမရဘူး
အမြန်နိုင်ချင်လို့၊
@ တစ်ခါတစ်လေ ...
လက်နက်မပြည့်စုံတာအားမရဘူး
မြို့တက်သိမ်းချင်လို့၊
@ တစ်ခါတစ်လေ ...
ကိုယ့်ပြည်သူကိုအားမရဘူး
သွေးအေးသွားပြီလားလို့၊
@ တစ်ခါတစ်လေ ...
EROsတွေကိုအားမရဘူး
ဖက်ဒရယ်စံနစ်ကြာမှာစိုးလို့၊
@ တစ်ခါတစ်လေ ...
ကိုယ့်ကိုယ်ကိုယ်အားမရဘူး
ဒီထက်မလုပ်ဆောင်နိုင်သေးလို့။
🥷 စစ်မင်းထက်သာ
done😘
ReplyDelete😥 သနားတယ် ...
ReplyDelete@ ပြည်သူ့ဆန္ဒနဲ့ဆန့်ကျင့်ပြီး ...
လမ်းပြောင်းပြန်လျှောက်နေတဲ့
မင်းတို့ကိုသနားတယ်၊
ဘာလို့လည်းဆိုတော့ ...
မင်းတို့လျှောက်နေတဲ့လမ်းက
သမိုင်းအရိုင်းနဲ့ကြိုးစင်လမ်းမို့။
🏇 စစ်မင်း ထက်သာ
တရားမျှတခြင်းဆိုတာသီချင်းတွေ၊မိန့်ခွန်းတွေမှာပဲကြားဖူးခဲ့တယ် 😔🌻
ReplyDelete😔🍁
Delete😥 စိတ်မကောင်းပါဘူး ...
ReplyDeleteအာဆီယံကြီးကလည်း လက်ပိုက်ကြည့်
ကမ္ဘာကြီးကလည်း လက်ပိုက်ကြည့်
ကျနော်တို့ပြည်သူတွေမှာ ဘာမှမရှိ။
🏇 စစ်မင်း ထက်သာ
မြို့ပြမှာ နေရတာ အားနာမိပါရဲ့
ReplyDeleteအမှား အမှန် အစွန်းတွေ ခဏထား
ငါတို့ရဲ့ သားတွေ နေရာတကျပြန်ဖြစ်ချင်တယိ။
Wheel............dope.🏹🏹🏹
ReplyDeleteWheel............dope.🏹🏹🏹
DeleteDone ✅
ReplyDeleteကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ
ReplyDelete🙏🙏🙏
DeleteDone
ReplyDeleteGood poem
ReplyDeleteလေးစားထိုက်သူတွေအားလုံးကို
ReplyDeleteလေးစားမှုနဲ့အတူ ဂုဏ်ယူပါသည်။
Done💓💗💖
ReplyDeleteDone
ReplyDeleteAppreciate.
ReplyDelete💕💕💕
ReplyDelete🤜🤛
ReplyDelete