လူသားဆန်ချင်တာ တရားတယ်

မြစ်တစ်စင်းနဲ့ အတူပူးချည်
စွန့်စွန့်စားစား စီးဆင်းခဲ့တယ်
တစ်ခါမှမမြင်ဖူးတဲ့နေ့တွေကို မြင်ချင်လွန်းလို့ပါ

မြေပုံမှာမပါတဲ့ ကျွန်းတွေ
ပင်လယ်ထဲမှာ အများကြီးရှိတယ်
ရေထဲက ငါးကို
လေထဲမှာပျံနေတဲ့သိမ်းငှက်က ဖမ်းယူစားတယ်
ဒါ သဘာဝပဲလား
နက်နက်ရှိုင်းရှိုင်း တိုးဝင်သွားရင်
ဘာတွေကို မြင်ရဦးမလဲ

ကမ္ဘာပေါ်မှာ
မနက်ဖြန်ကိုမြင်ရတဲ့ နေရာတွေလည်း ရှိ
မနက်ဖြန်ကိုမမြင်ရတဲ့ နေရာတွေလည်း ရှိ
ကိုယ် ရောက်နေတဲ့ နေရာကို
ကိုယ့်ဟာကိုယ်သိဖို့ အရေးကြီးရဲ့ ။

မိတ်ဆွေတစ်ယောက်ပြောတာ သတိရမိတယ်
အခန်းတစ်ခန်း လိုချင်တယ်တဲ့
အေးအေးဆေးဆေး ဘုရားရှိခိုးဖို့
အမူးလွန်တဲ့အခါ ထိုးအန်ဖို့
အမျိုးသမီး တစ်ယောက်ကို ဧည့်ခံဖို့တဲ့
အိုး . . . လူသားဆန်လှချည်လား

ကျွန်တော်ကရော ဘာထူးလို့လဲ
အာဇာနည်တွေကို လေးစားမယ်
ကိုယ်ဟန်ပြမယ်တွေကို ပြစ်မှားမယ်
ထမင်းဝဝ စားချင်တယ်
ဒါလည်း လူသားဆန်ခြင်းတစ်မျိုး ဖြစ်နိုင်ရဲ့

ဒါပေမဲ့ ရှေ့မှာ
ဂျူးလူမျိုး ခြောက်သန်းကျော် သေခဲ့ပြီးပြီ
ကမ္ဘောဒီးယားပြည်သူ တစ်သန်းကျော်
သေခဲ့ပြီးပါပြီ
ဘဝပေါင်းများစွာကို လျှော်ဖွပ်ဖို့
လွတ်လပ်မှုရှိမှ ဖြစ်မယ်

မျှော်လင့်ချက်တွေဟာ လုပ်ကြံခံလိုက်ရတယ်
အနာဂတ်ကတော့ အသက်ငင်နေဆဲ
မကြာခင် ရှင်ပြန်ထမြောက်လေမလား

စိတ်ဓာတ်ကျစရာ အကြောင်းမရှိ
နောင်တရစရာ အကြောင်းမရှိ
ဟောဒီ ညတစ်ညရဲ့ လိုအပ်ချက်ဟာ
‘ မ ’ ဓာတ် ဖြစ်နေတာ သေချာခဲ့ပြီပဲ။       ။

လှသန်း(ကြည်မောင်သန်း)

Respect & Credit to Poet Hla Than 

Comments

  1. စိတ်ဓာတ်ကျစရာ အကြောင်းမရှိ
    နောင်တရစရာ အကြောင်းမရှိ
    မျှော်လင့်ချက်ကိုရင်မှာပိုက်လို့ ရှေ့ဆက်လျှောက်မယ် 🤜🤛

    ReplyDelete
  2. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  3. စွန့်စားရတာကို ခုံမင်တယ်​။ လွတ်လွတ်လပ်လပ်နဲ့ စွန့်စားခဲ့တဲ့ အချိန်တွေကိုလည်း လွမ်းတယ်...

    ReplyDelete
  4. လူသားဆန်ချင်တာ တရားတယ်...!!"

    ReplyDelete
  5. ကောင်းလိုက်တာ

    ReplyDelete
    Replies
    1. နင့်ခနဲဘဲ။

      Delete
    2. မဓာတ်ဖြစ်နေတာသေခြာပြီ

      Delete
    3. အဲ့လိုဖြစ်တွားလား😂

      Delete
  6. လူသားဆန်တဲ့ လူ လူ
    ကျွန်တော်ဟာ လူသားဆန်တဲ့ လူ

    ReplyDelete
  7. မေတ္တာ ထားပြီးရှေ့ဆက်မယ်
    မအလနဲ့ အပေါင်းအပါတွေကိုတော့ မေတ္တာ မထားနိုင်ဘူး

    ReplyDelete
  8. ကိုယ်ကို ကိုလူသားဆန်တယ်လို့.....

    ReplyDelete
  9. 🥷 စိတ်ကူး ...

    @ တစ်ခါတစ်လေ ...
    တစ်ချို့သူတွေကို
    ဝါးစိမ်းတုတ်နဲ့ ...
    ရာဇသံပေးပြီး
    နောက်ကနေနွားမောင်းသလို
    မောင်းရင်မောင်းရပါလိမ့်မယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  10. This comment has been removed by the author.

    ReplyDelete
  11. ကျွန်တော်က အသည်းနှလုံးပဲ သုံးတယ်ဆိုတော့
    အမေက ပြုံးတယ်
    လောကကြီးအကြောင်း မင်းမသိသေးလိုပါ သားရယ်တဲ့
    ကဗျာမှာသာ ခေါင်းမသုံးဘဲ မင်းရရင် ရမယ်
    လမ်းပေါ်မှာတော့ မရ
    မင်းအမြဲ သေရတယ်မဟုတ်လားတဲ့။

    #စိုင်းဝင်းမြင့်

    ReplyDelete
    Replies
    1. ဒုက္ခ ဆိုတာကလည်း ဓားပြတိုက်သလိုပဲ
      ငိုပြလိုက်ရုံနဲ့ သနားသွားမှာမှ မဟုတ်တာ.. ၊

      'အောင်မြင်မှု ဆီ သွားဖိုရာ လမ်းအသွယ်သွယ်'.. တဲ့
      မအောင်မြင်ရင်လည်း နေပါ
      ငါကတော့ 'သတ္တိရှိခြင်း' ကိုသာ ရွေးချယ်ခဲ့တယ်.. ။

      မင်းခိုက်စိုးစန်

      Delete
  12. 🥷 Postတက်လာလို့ ...

    @ ခြုံပြောရရင် ...
    လူတန်းစားပေါင်းစုံအဆင်မပြေဘူး၊
    ဒါကို ...
    အဲ့ဒီလူတန်းစားပေါင်းစုံ အကုန်သိတယ်
    နဖူးတွေ့ဒူးတွေ့ ခံစားနေကြရတာ၊
    အဲ့တော့ ...
    ရမယ်ရှာပြီး ဂျင်းထဲ့မနေနဲ့
    ငြိမ်နေကြတာအကောင်းမဟုတ်ဘူး၊
    မင်းတို့ကို ...
    ခုတ်ဘို့ ဒါးသွေးစောင့်နေကြတာ၊
    အပိုတော့မပြောတော့ဘူး ...
    One by One တဲ့။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  13. 🥷 အမြဲတမ်း ...

    😡 မင်းတို့ ...
    မအလတစ်သိုက်နဲ့
    ဘောမတစ်သိုက်ကို
    ဘယ်လိုဒုက္ခပေးရမလဲ ?
    ဘယ်လိုနှိပ်စက်ရမလဲ ?
    ဘယ်လိုဖြိုရမလဲ ?
    ငါအမြဲတမ်းစဉ်းစားတယ်
    လက်တွေ့လည်းလုပ်နေတယ်။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  14. စိတ်ဓာတ်ကျစရာ အကြောင်းမရှိ
    နောင်တရစရာ အကြောင်းမရှိ✊🍀

    ReplyDelete
  15. ဥာဏ်ပညာနဲ့ဖြတ်သန်းကာနှလုံးသားနဲ့ခံစားဝေမျှရင်းပေးကမ်းစွန့်ကျဲတဲ့လက်တစုံနဲ့လိုချင်တဲ့ခရီးပန်းတိုင်သို့လျှောက်လှမ်းပါ

    ReplyDelete
  16. 😥 ပြတ်ပြတ်သားသား ...

    @ ရန်သူက ...
    ပြည်သူတောင်မချန်ပြီ
    ဘောမများကလည်း ...
    ဝမ်းသာပီတိဂွမ်းဆီထိကြပြီ
    မင်းတို့မိုက်ရိုင်းချက်က ...
    စကောလောက်တောင် စောက်မနက်ပြီ
    ငါတို့တုံ့ပြန်ချက် ...
    လက်မနှေးဘို့တော့လိုလိမ့်မည်။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  17. ​နေပူတုန်း စပါးလှမ်း

    ReplyDelete
  18. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  19. 🙂 တစ်ချို့တစ်ချို့ ...

    @ တစ်ချို့တစ်ချို့ ...
    အလိုတော်ရိစိတ် မပျောက်သေးဘူး
    သာတဲ့ဘက်ကူးတဲ့စိတ် ရှိပြန်သေးတယ်
    ခြေထိုးခံတဲ့စိတ် မွေးထားသေးတယ်
    အာဏာရူးတဲ့စိတ် ပြန်ပေါ်လာပြန်တယ်
    ဒီလိုသာ ...
    ဒီလူတွေနဲ့ဆက်သွားနေရင်တော့
    ပန်းတိုင်ရောက်ဘို့ ...
    အထစ်အငေါ့တွေနဲ့အလှမ်းဝေးနေအုံးမှာဘဲ

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  20. စိတ်ဓာတ်ကျစရာ အကြောင်းမရှိ
    နောင်တရစရာ အကြောင်းမရှိ

    ReplyDelete
    Replies
    1. လင်းဆက်April 1, 2023 at 12:21 AM

      အမှန်ပေါ့ဗျာ

      Delete
  21. အားးးးးးးး

    ReplyDelete
  22. လူသားဆန်ချင်တာ တရားတယ်

    ReplyDelete
  23. လူသားဆန်ချင်တာ တရားတယ်

    ReplyDelete
  24. လူသားဆန်ချင်တာ တရား‌တယ်

    ReplyDelete
  25. မျှော်လင့်ချက်တွေဟာ လုပ်ကြံခံလိုက်ရတယ်
    အနာဂတ်ကတော့ အသက်ငင်နေဆဲ
    မကြာခင် ရှင်ပြန်ထမြောက်လေမလား

    ReplyDelete
  26. လူသားဆန်ချင်တာ တရားတယ်

    ReplyDelete
  27. Wheel............dope.🏹🏹🏹

    ReplyDelete
  28. Fighting
    Click,click,click...............

    ReplyDelete
  29. စိတ်ဓာတ်ကျစရာ အကြောင်းမရှိ
    နောင်တရစရာ အကြောင်းမရှိ

    ReplyDelete

Post a Comment

Popular posts from this blog