သစ်ပင်

သစ်ပင်ကြီး ဖြစ်ပြီးမှတော့ 
လေတိုက်တာကို ကြောက်မနေကြနဲ့

အမြစ်တွေနဲ့ အညွန့်တွေဟာ
ဆန့်ကျင်ဘက် ထိုးဖောက်ကြရမယ်

မြေနစ်မှာလည်း မကြောက်နဲ့
လေနစ်မှာလည်း မကြောက်နဲ့
ရေမွန်းမှာလည်း မကြောက်နဲ့

အရိပ်နေနေ အခက်ချိုးချိုး
အသီးချူချူ အရွက်ခူးခူး
ရွက်နုတွေဟာ ရဲရင့်ရမယ်
ဝေရဲရမယ် ကြွေရဲရမယ်

ကမ္ဘာမြေကို အရိပ်ပေးတဲ့
လောင်းရိပ် သစ်ပင်ကြီးအဖြစ်နဲ့
အရိပ်ပေးရဲရမယ်

San Zuren 🌸

Comments

  1. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  2. However we fall, we will grow again and again. 🍂

    ReplyDelete
    Replies
    1. Yeah!!! When we fall, we can rebuild. We can do it causes of we are clickers. Never give up.

      Delete
  3. 🥷 အပိုတွေမပြောတတ်ပါ ...
    သူငယ်ချင်းများ Click to Donate.
    များများလုပ်ပေးပါ။
    🥷 လေးစားပါတယ်
    စစ်မင်းထက်သာ

    ReplyDelete
  4. This comment has been removed by the author.

    ReplyDelete
  5. 🥷 သွေးမအေးနဲ့ ...
    သွေးမကွဲနဲ့
    ပြည်သူတွေ ...
    ဆက်လက်ပါဝင်ဘို့ဘဲလို။

    ReplyDelete
  6. ရွက်ဟောင်းပဲ ေကြွပါရစေ
    ရွက်နုတွေ ဝေပေးပါ။

    ReplyDelete
  7. သူရဲကောင်း
    -------------------

    ပန်းလိုကြွေလည်း
    ဝေတုန်းအတိုင်း သင်းနေတယ်..။

    ကြယ်လိုကြွေ‌လည်း
    နေတုန်းအတိုင်း လင်းနေတယ်..။

    ပန်းလိုလည်းသင်း
    ကြယ်လိုလင်းသူ
    ရင်တွင်းထာ၀ရ ရှိနေမယ်...။

    -မောင်စိန်၀င်း(ပုတီးကုန်း)

    ReplyDelete
  8. အရိပ်နေနေအခက်ချိုးချုးိ

    ReplyDelete
  9. အရိပ်နေအခက်ချိုး
    စစ်ခွေးမျိုးတွေကို....
    နည်းလမ်းပေါင်းစုံသုံး၍သုတ်သင်ကြ
    ပန်းတိုင်ကငါတို့လက်တကမ်းမှာ....

    ReplyDelete
  10. 🥷 လှည့်လိုက်တော့ ...

    @ မင်းတို့ကိုလည်း ...
    မျက်နှာငယ်ငယ်လေးနဲ့
    ဒူးမထောက်စေချင်သလို
    ငါတို့ကလည်း ...
    ဘယ်တော့မှဒူးထောက်မှာ
    မဟုတ်ဘူး
    ဒီတော့ကွာ ...
    မင်းတို့သေနတ်ပြောင်းတွေ
    မအလဘက်လှည့်လိုက်တော့။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  11. Wheel............dope.🏹🏹🏹

    ReplyDelete
  12. သွေးမအေးကျေး

    ReplyDelete
    Replies
    1. အကောင်းဆုံးကျော်ဖြတ်လာနိုင်မယ်လို့ ယုံကြည်နေပါတယ် မြန်"သတိရလာပါတော့ကွယ်

      Delete
  13. မင်းတို့က ​​ဝေရဲတယ်
    ​​​ကြွေရဲတယ်
    ငါ့မှာ​တော့ ..
    နာကျင်ပြီးရင်း နာကျင်
    ဇကာထင် အသည်းနှလုံးက
    အရိပ်မည်း​တွေဖုံးလွှမ်း
    တဆုံး လွမ်း​နေတတ်လို့
    နွမ်းးဖတ်​နေပြီ သစ်ပင်ရယ်။

    ReplyDelete
    Replies
    1. ဝါး...စွန်းမိုက်။🤗

      Delete
  14. 🙂 တစ်ကယ့်လူ ...

    @ အမှားတွေကိုတွန်းလှန် ...
    အမှန်တွေကိုထောက်ပြ
    သဘာဝမကျတဲ့ ...
    အာဏာပါဝါတွေကိုဒူးမထောက်
    ရဲရဲဝံ့ဝံ့ရင်ဆိုင်ရဲတဲ့သူ တစ်ကယ့်လူ။

    🏇 လူဖြစ်ကြပါစေ
    စစ်မင်း ထက်သာ

    ReplyDelete
  15. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  16. Fighting
    Click, Click ,click......

    ReplyDelete
  17. Fighting
    Click,click,click.............

    ReplyDelete
  18. ကမ္ဘာမြေကို အရိပ်ပေးတဲ့
    လောင်းရိပ် သစ်ပင်ကြီးအဖြစ်နဲ့
    အရိပ်ပေးရဲရမယ်

    San Zuren 🌸

    ReplyDelete
  19. Wheel............dope.🏹🏹🏹

    ReplyDelete
  20. Replies
    1. မနေ့က ရေးရင်းနဲ့
      လိုင်းကျ
      ဘာတွေ ပေါ်သွားမှန်းမသိ။
      အားနာရပါ၏။
      တောင်းပန်ပါသည်။

      Delete
  21. Fighting
    Click,click,click........

    ReplyDelete
  22. ကလစ်ခြင်းဖြင့်
    အားဖြည့်ပါဝင်ပါ၏။

    ReplyDelete

Post a Comment

Popular posts from this blog