လူမျက်နှာပျောက်တဲ့ လူသားတွေ

လူအချင်းချင်း မီးထက်ပြင်းတဲ့ ထိုးနှုက်မှုတွေ
အချစ်ကို ဝယ်စားကြတဲ့သူတွေနဲ့
အချစ်ကို ရောင်းစားကြသူတွေ
ဈေးခေါ်နေတဲ့ စာရိတ္တတွေနဲ့
မေတ္တာမဲ့တဲ့ နှလုံးသားတွေ
ဘယ်သူသေသေ ငတေမာရင်ပြီးရောပေါ့။

ငါတို့ခေတ်မှာ...လူသားတွေဟာ
တစ်ယောက်ရဲ့အတ္တအတွက် တစ်ယောက်က
အခြားတစ်ယောက်ရဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုး
အသွေးအသားတွေ ဝါးမျို
အရိုးတွေနဲ့ မီးလှုံ
ယုံကြည်ချက်တွေ တိုးတိုက်မိကြပေါ့။

ငါတို့ခေတ်မှာ...ကမ္ဘာရဲ့သစ္စာ
ပျောက်ဆုံးနေတဲ့ လောကပါလဟာ
ဘယ်မှာမှ ရှာမရသလို
အတ္တမျက်မှန်ပြာတွေတပ်
မောဟအမှောင်တိုက်ထဲဝင်
ဟင် !
လူတွေဟာ လူမျက်နှာပျောက်နေကြပြီ။        ။

ဇေယျာသော်
27.June.2008

23.July.2022 တွင် ကျဆုံးသွားသော ကိုဇေယျာသော်အား အလေးနီပြုဂုဏ်ပြုအပ်ပါသည်။

Comments

  1. တနေ့မှာ ....
    ထားခဲ့ရမယ် အရာအားလုံးကို
    ........ဒါပေမယ်......
    နောင်လာနောင်သားတွေရဲ့.....
    ပါးစပ်ဖျားမှာ.....
    သင်တို့ရဲ့သမိုင်းတွေ....
    ကျန်ရစ်နေမှာပါ......

    ReplyDelete
  2. we are clickers
    we never give up

    ReplyDelete
  3. Till the end
    Fighting together 💪

    ReplyDelete
  4. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  5. Respect our hero.
    Rest in Power.

    ReplyDelete
  6. အတ္တတွေ ကြောက်စရာကောင်းလိုက်ပုံများ...

    ReplyDelete
  7. 🥷 စဉ်းစားကြပါ ...

    🥷 စဉ်းစားမိတယ် ...
    ကျနော်ထင်တယ်
    ဧရာဝတီလောက်၊အနေအေးတာ
    ဘယ်နေရာမှ ရှိမယ်မထင်
    ထက်တဲ့သူတွေကလည်း ...
    လွပ်မြောက်နယ်မြေအသီးသီးမှာ
    ဒါတောင် ...
    သူငယ်ချင်းတွေပေးတဲ့စာအရ
    တစ်ချို့မိန်းလမ်းမပေါ်မှာရှိတဲ့
    အိမ်ဆိုင်တွေကို မြောင်းမကျော်ရ
    တာလပတ်တွေမမိုးရ၊ဘာမလုပ်ရ
    ညာမလုပ်ရ၊အမိန့်တွေထုတ်တယ်တဲ့
    နီနီစိမ်းစိမ်း၊ဝါဝါကျက်ကျက်အားလုံးတဲ့
    အဲ့ဒီတော့ဗျာ ...
    အားလုံးစဉ်းစားပါလို့ဘဲ ပြောချင်တယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  8. လက်နက်တွေ စကားပြောချိန်
    ပညာဟာ နှုတ်ဆိတ်ပေးရတယ်

    တချို့တွေ မထူးဇာတ် ခင်းချိန်မှာ
    တချို့ ရူးမတတ် ဖြစ်ခဲ့ရပြီ

    တစ်နည်းစဉ်းစားကြည့်ရင်
    အာဏာဆိုတာ ဘယ်တုန်းကမှ
    နားဝင် မချိုခဲ့ပါဘူး

    တူသောအကျိုး ပေးတာကို မြင်ရဖို့အတွက်
    တချို့ဇာတ်ဝင်ခန်းတွေကို ကျော်လို့ ရရင်ဖြင့်

    😪😪😪

    ReplyDelete
  9. 🥷 အပိုတွေမပြောတတ်ပါ ...
    သူငယ်ချင်းများ Click to Donate.
    များများလုပ်ပေးပါ။
    🥷 လေးစားပါတယ်
    စစ်မင်းထက်သာ

    ReplyDelete
  10. 🥷 သွေးမအေးနဲ့ ...
    သွေးမကွဲနဲ့
    ပြည်သူတွေ ...
    ဆက်လက်ပါဝင်ဘို့ဘဲလို။

    ReplyDelete
  11. ပေါက်စျေး
    -----------------

    ယနေ့ ရွှေစျေး ဘယ်လောက်လဲ
    ဒေါ်လာစျေး ဘယ်လောက်လဲ
    ရေနံစျေး ဘယ်လောက်တက်လဲ
    စပါးစျေး ဘယ်လောက်တက်လဲ

    လမ်းတွေပေါ် ရေဘယ်လောက်တက်လဲ
    အညာမှာ မီးညွှန့်ဘယ်လောက်တက်လဲ

    လက်ညှိးညွှန်ရာ ရေဖြစ်၊မီးဖြစ်တဲ့လူကြောင့်
    ဒီနိုင်ငံထဲ
    အသက်ကလွဲ အရာရာစျေးကြီးတယ်။

    ဆန်းကျော်စွာဝင်း

    ReplyDelete
    Replies
    1. မာယာများနဲ့ အရေခြုံထားရဲ
      လူသားများအဖြစ် တံဆိပ်ကပ်ကြတယ်
      ဒါ အမင်္ဂလာ

      Delete
  12. 🥷 နောင်တ ...

    @ နောင်တဆိုတာ ...
    အမည်နဲ့လိုက်အောင်
    နောင်မှတကြတာ
    သေရင်တော့ ...
    ဘာမှအကျိုးမရှိဘူး။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  13. 🥷 စပိန်းများ ...

    @ တစ်နေ့တစ်နေ့ ...
    မဟုတ်တာနဲ့လုပ်ဇတ်တွေကြောင့်
    အကုသိုလ်တွေ အလိုလိုဝင်လာသလို
    ခံစားနေရတယ်၊
    အဲ့ဒါ စပိန်းတွေလည်းသိသလို ...
    နိုင်ငံတစ်ကာကလည်းသိနေတယ်၊
    ခက်တာက ...
    သိသိကြီးနဲ့လိမ်တာရယ်
    မဟုတ်တာကို ဟုတ်ဇတ်ခင်းတာရယ်
    ဟောင်မှန်းမသိ ဟောင်နေတာရယ်၊
    အင်း .. ကြာလာရင် ...
    ဘုန်းကြီးရူးနဲ့လှေလူး
    ငပိန်းစပိန်းတွေကြောင့်
    တိုင်းပြည်ပျက်တော့မယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  14. 💕 ပြောင်းပြန် ...

    @ ကိုယ်ထားသလောက် ...
    ပြန်မရနိုင်တာ စေတနာမေတ္တာဂရုဏာ
    ကိုယ်လုပ်သလောက် ...
    ပြန်မရနိုင်တာ အောင်မြင်မှု့ပန်းတိုင်ပါ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  15. 😥 သနားတယ် ...

    @ ပြည်သူ့ဆန္ဒနဲ့ဆန့်ကျင့်ပြီး ...
    လမ်းပြောင်းပြန်လျှောက်နေတဲ့
    မင်းတို့ကိုသနားတယ်၊
    ဘာလို့လည်းဆိုတော့ ...
    မင်းတို့လျှောက်နေတဲ့လမ်းက
    သမိုင်းအရိုင်းနဲ့ကြိုးစင်လမ်းမို့။

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  16. Wheel............dope.🏹🏹🏹

    ReplyDelete
  17. 😥 စိတ်မကောင်းပါဘူး ...
    အာဆီယံကြီးကလည်း လက်ပိုက်ကြည့်
    ကမ္ဘာကြီးကလည်း လက်ပိုက်ကြည့်
    ကျနော်တို့ပြည်သူတွေမှာ ဘာမှမရှိ။

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  18. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  19. ပိုဆိုးတာက
    လူမျက်နှာ​ပျောက်
    ​ခွေး စ ခွက်​တွေနဲ့
    ယုတ်မာ ရက်စက်
    မိုက်တွင်းနက်​နေကြတာပဲ။

    ReplyDelete
  20. လူတွေဟာ လူမျက်နှာပျောက်ကုန်ကြပြီ။

    ReplyDelete
  21. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete

Post a Comment

Popular posts from this blog