ပြည်သူ့အောင်လံတော်

(၁)
ဒီနေရာမှာ သင်တို့ကျဆုံးခဲ့တယ်
ဒီနေရာကိုလာပြီး
ငိုညည်းခြင်းအမှု ငါမပြုဘူး
သင်တို့၏ ဝိဉာဉ်များနဲ့
ငါစကားဆိုမယ်
'အို_ချီလီပြည်ရဲ့သားသမီးများ။'

(၂)
မုန်တိုင်းဒဏ်ကြောင့်
အမာရွတ်တင်နေတဲ့ ဝေဒနာမျက်နှာများ
တောင်အာဖရိကမြက်ခင်းပြင်လို
ညှိုးရော်ခြောက်သွေ့နေတဲ့
ဖြူဖတ်ဖြူရော်မျက်နှာများ
နာကျင်မှုနဲ့ တက်ကြွနေပြီး
မြေကြီးလို မာကျောတဲ့
ခင်ဗျားတို့ရဲ့ လက်သီးဆုပ်များကို
ကျနော်တို့ မမေ့ပါဘူး။

(၃)
အရေးတော်ပုံကြီးတုန်းက
အတူရှိခဲ့သူတွေရဲ့ သွေးတွေ
မီးလျှံလို ဟုန်းဟုန်းထချိန်
တိုင်းပြည်ရဲ့ အလယ်လမ်းမကြီးတွေပေါ်မှာ
မခြောက်သေးတဲ့ သွေးစက်တွေက
စကြာဝဠာတဆုံး
တကမ္ဘာလုံးမြင်ရတဲ့
ကြယ်တာရာတွေလို
ပျက်မရ ဖြိုမရ
ခိုင်မြဲစွာရပ်တည်ခဲ့ကြပြီ။

(၄)
သင်တို့ရဲ့
စကားသံတွေ မျက်ရည်တွေ
နှလုံးသားက စီးဖြာကျလာတဲ့
ညီညွတ်ခြင်း တေးသီချင်းတွေ
ဒါဟာ ဒီမြေကို
သင်တို့ရဲ့သွေးတွေနဲ့  ရွှဲရွှဲစိုစေခဲ့ပြီ။

(၅)
ရိုင်ဖယ်သေနတ် မောင်းတင်လာသူများ
လူသတ်မိန့်ကို ဦးထိပ်ရွက်လာသူတို့အကြား
သွယ်လျလျနဲ့ ညီမငယ်တယောက်
အလံကိုကိုင်ရင်းလဲကျ
လူငယ်တဦးရဲ့ ရင်ဝ
သွေးလှိုင်းတံပိုးခုန်ထ
'တောက်'
ငါတို့တိုင်းပြည်ရဲ့ အလံတော်ကို
ကြေကွဲခြင်းအဝတ်စနဲ့ ချုပ်ခဲ့ကြပြီ
မျှော်လင့်ခြင်းလက်နဲ့
ကျောက်မျက်ရတနာကြယ်ပွင့်ကို
တပ်ဆင်ခဲ့ကြပြီ။

(၆)
မသာအလောင်းတွေအပေါ်
အာဏာထူထောင်လိုသူတွေ
သစ္စာဖောက်တွေနဲ့လက်ဆွဲနှုတ်ဆက်
မေ့လျော့ပစ်ဖို့ရာ အလိုမရှိဘူး
ဒီနေရာဒီရင်ပြင်မှာ
ဒင်းတို့ကို
တရားစီရင်ဖို့အလိုရှိတယ်။

(၇)
ပြင်းထန်တဲ့တိုက်ပွဲကြားက
ထွန်းပြောင်တဲ့အောင်ပွဲနေ့
အဲဒီနေ့မှာ ငြိမ်ဆိတ်ခြင်းဟာ
ဟစ်အော်……
လွတ်လပ်ခြင်းကြွေးကြော်သံနဲ့
မျှော်လင့်ချက်မီးလျှံထဲမှာ
ပြည်သူ့အလံတော် ဝဲပျံလာရမယ်ဟေ့။        ။

နီရူဒါ

(ချီလီကဗျာဆရာကြီး ပါဗလိုနီရူဒါ၏ကဗျာကို 
ဆရာကြီး ဒဂုန်တာရာမှဘာသာပြန်ပါတယ်)

Comments

  1. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  2. " နာကျင်မှုနဲ့ တက်ကြွနေပြီး
    မြေကြီးလို မာကျောတဲ့
    ခင်ဗျားတို့ရဲ့ လက်သီးဆုပ်များကို ကျနော်တို့ မမေ့ပါဘူး "

    ReplyDelete
  3. "ဒီနေရာဒီရင်ပြင်မှာ
    ဒင်းတို့ကို
    တရားစီရင်ဖို့အလိုရှိတယ်။"

    ReplyDelete
    Replies
    1. မောင်တော့်ကိုရော
      မည်သည့်တရားစီရင်
      မည်လဲနှမတော်။
      😜🤣

      Delete
  4. This comment has been removed by the author.

    ReplyDelete
  5. 🥷 Postတက်လာလို့ ...

    @ ခြုံပြောရရင် ...
    လူတန်းစားပေါင်းစုံအဆင်မပြေဘူး၊
    ဒါကို ...
    အဲ့ဒီလူတန်းစားပေါင်းစုံ အကုန်သိတယ်
    နဖူးတွေ့ဒူးတွေ့ ခံစားနေကြရတာ၊
    အဲ့တော့ ...
    ရမယ်ရှာပြီး ဂျင်းထဲ့မနေနဲ့
    ငြိမ်နေကြတာအကောင်းမဟုတ်ဘူး၊
    မင်းတို့ကို ...
    ခုတ်ဘို့ ဒါးသွေးစောင့်နေကြတာ၊
    အပိုတော့မပြောတော့ဘူး ...
    One by One တဲ့။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  6. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  7. 🙂 တစ်ချို့တစ်ချို့ ...

    @ တစ်ချို့တစ်ချို့ ...
    အလိုတော်ရိစိတ် မပျောက်သေးဘူး
    သာတဲ့ဘက်ကူးတဲ့စိတ် ရှိပြန်သေးတယ်
    ခြေထိုးခံတဲ့စိတ် မွေးထားသေးတယ်
    အာဏာရူးတဲ့စိတ် ပြန်ပေါ်လာပြန်တယ်
    ဒီလိုသာ ...
    ဒီလူတွေနဲ့ဆက်သွားနေရင်တော့
    ပန်းတိုင်ရောက်ဘို့ ...
    အထစ်အငေါ့တွေနဲ့အလှမ်းဝေးနေအုံးမှာဘဲ

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  8. တရားစီရင်ဖို့ ဒင်းတို့ကို အလိုရှိတယ်

    ReplyDelete
  9. Wheel............dope.🏹🏹🏹

    ReplyDelete
    Replies
    1. အားးးး

      အားးးအအအားးးး အားး

      Delete

Post a Comment

Popular posts from this blog