"အလောင်း"

မင်းသေဆုံးတာနဲ့
မင်းရဲ့နာမည်ဟာ
အလောင်းဖြစ်လာတယ်။

အလောင်း သုသာန်ပို့ပြီးပြီလား
အလောင်း လာသယ်သွားကြပြီ
အလောင်း ထုတ်ရဦးမယ်
အလောင်း ပြင်ပြီးပြီ
အလောင်းကို အခေါင်းထဲထည့်ကြစို့
အလောင်းကို မြေမြှပ်မလား မီးသင်္ဂြိုဟ်မလား
အဲ့ဒီလို
မင်းကို ရည်ညွှန်းပြောဆိုကြလိမ့်မယ်

အသက်ရှင်စဉ်က
လူတွေသဘောကျ ကြိုးစားခဲ့တဲ့
မင်းရဲ့နာမည်ကို
ဘယ်သူမှ မခေါ်ကြတော့ဘူး။

လူတွေ မင်းကိုပေးလိုက်တဲ့ နာမည်က
" အလောင်း "

မိုဃ်းဇော်

Respect & Credit to Poet Moe Zaw

Comments

  1. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  2. 🥷 အံ့ဩတယ် ...

    @ ဥပဒေမဲ့အကုန်လုပ်တယ် ...
    မျက်စိတွေမှိတ်ထောက်ခံတယ်
    ငါအံ့ဩတယ်၊
    အကုန်ဈေး‌တက်တယ် ...
    စားစရာမရှိဒုက္ခတွေနဲ့ထောက်ခံတယ်
    ငါအံ့ဩတယ်၊
    မင်းတို့အမေမင်းတို့နှမ ...
    အကျင့်သန်ပြီးသတ်ပစ်တယ်
    ဟဲဟဲ ဟဲဟဲနဲ့ ဇွတ်ထောက်ခံတယ်
    ငါအံ့ဩတယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  3. ကျွန်တော်က အသည်းနှလုံးပဲ သုံးတယ်ဆိုတော့
    အမေက ပြုံးတယ်
    လောကကြီးအကြောင်း မင်းမသိသေးလိုပါ သားရယ်တဲ့
    ကဗျာမှာသာ ခေါင်းမသုံးဘဲ မင်းရရင် ရမယ်
    လမ်းပေါ်မှာတော့ မရ
    မင်းအမြဲ သေရတယ်မဟုတ်လားတဲ့။

    #စိုင်းဝင်းမြင့်

    ReplyDelete
    Replies
    1. လောကကြီးအကြောင်း မင်းမသိသေးလိုပါ သားရယ်တဲ့

      Delete
  4. တစ်ချိန်အလောင်းဖြစ်မှာတူတူကို
    ဘာလို့ လောဘ၊ မောဟတွေနဲ့ ဘီလူးသရဲစီး နေကြတယ်မသိ

    ReplyDelete
  5. ကိုယ်က​တော့ ဘုရား​အ​လောင်း 😁
    အ​လောင်းအလျာ ဆိုတဲ့ အဓိပ္ပါယ်
    ကိုယ် ကြိုက်ပါတယ်

    ReplyDelete
  6. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  7. စာအုပ်တစ်အုပ်ထဲမှာ ဖတ်ပြီးကထဲက စိတ်ထဲစွဲနေတာ

    ReplyDelete
  8. ကလစ်ပီးရင်းClick

    ReplyDelete
  9. Wheel............dope.🏹🏹🏹

    ReplyDelete
  10. အလောင်းတဲ့
    လူသာသေရင်သေ
    နာမည် မသေဖို့တော့
    အရေးကြီးပါ၏။

    ReplyDelete

Post a Comment

Popular posts from this blog