သူငယ်ချင်းထံပေးစာ (၁၀)

အနာဂါတ်ကလေး လှဖို့ပေါ့လေ
ပစ္စုပ္ပန်ကို ချကျွေးရပါတယ်၊

ကိုယ်လုပ်နိုင်သမျှ ကိုယ်
တကယ်လုပ်ကြဖို့ပါပဲ၊

ဦးချောက ပြောခဲ့ပါတယ်
"လမ်းတူရင် လူချင်းတွေ့ပေလိမ့်"။

ရင်သွေး

Comments

  1. ကိုယ်လုပ်နိုင်သမျှ ကိုယ်တကယ်လုပ်ကြဖို့ပါပဲ 💪

    ReplyDelete
  2. လုပ်နိုင်သမျှ လုပ်မယ်
    ကြိုးစားနေသူအဖို့
    ပန်းတိုင်ဆိုတာ ရောက်ရမှာပေါ့

    ReplyDelete
  3. လမ်းတူရင်လူချင်း​တွေ့မယ်

    ReplyDelete
  4. ပြန်ဆုံချင်ပါသေးတယ်

    ReplyDelete
  5. 🥷 အံ့ဩတယ် ...

    @ ဥပဒေမဲ့အကုန်လုပ်တယ် ...
    မျက်စိတွေမှိတ်ထောက်ခံတယ်
    ငါအံ့ဩတယ်၊
    အကုန်ဈေး‌တက်တယ် ...
    စားစရာမရှိဒုက္ခတွေနဲ့ထောက်ခံတယ်
    ငါအံ့ဩတယ်၊
    မင်းတို့အမေမင်းတို့နှမ ...
    အကျင့်သန်ပြီးသတ်ပစ်တယ်
    ဟဲဟဲ ဟဲဟဲနဲ့ ဇွတ်ထောက်ခံတယ်
    ငါအံ့ဩတယ်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  6. အနာဂါတ်ကလေး ငြိမ်းချမ်းဖို့.....

    ReplyDelete
    Replies
    1. လုပ်နိုင်တာ လုပ်နေဆဲပါ..

      Delete
    2. ဘာဖြစ် ညာဖြစ် ပုံမှန်ကလစ်

      Delete
    3. ဘာဘာညာညာရယ်းစားစာ🤭

      Delete
    4. ရယ်းစားအကြောင်းပဲတွေးနေသော မမလင်း :D

      Delete
    5. အဆူခံရပြီး😁

      Delete
  7. ပေါက်စျေး
    -----------------

    ယနေ့ ရွှေစျေး ဘယ်လောက်လဲ
    ဒေါ်လာစျေး ဘယ်လောက်လဲ
    ရေနံစျေး ဘယ်လောက်တက်လဲ
    စပါးစျေး ဘယ်လောက်တက်လဲ

    လမ်းတွေပေါ် ရေဘယ်လောက်တက်လဲ
    အညာမှာ မီးညွှန့်ဘယ်လောက်တက်လဲ

    လက်ညှိးညွှန်ရာ ရေဖြစ်၊မီးဖြစ်တဲ့လူကြောင့်
    ဒီနိုင်ငံထဲ
    အသက်ကလွဲ အရာရာစျေးကြီးတယ်။

    ဆန်းကျော်စွာဝင်း

    ReplyDelete
    Replies
    1. အသက်ကလွဲ အရာရာစျေးကြီးတယ်။

      Delete
  8. 🥷 အသေအချာ ...

    @ သေချာတာကတော့ ...
    ကျနော်တို့၏ပြည်သူပြည်သားများ
    အနီးကပ်ဆုံးရန်သူကို ...
    နှိမ်နှင်းတွန်းလှန်ကြ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  9. " ကိုယ်လုပ်နိုင်သမျှ ကိုယ်
    တကယ်လုပ်ကြဖို့ပါပဲ "
    ဟုတ်တာပေါ့ သူငယ်ချင်းရယ်

    ReplyDelete
  10. လမ်းတူရင်လူချင်းတွေ့ပေလိမ့်

    ReplyDelete
  11. လမ်းတူရင် လူချင်းတွေ့ပေလိမ့်🥺🌻

    ReplyDelete
  12. ပစ္စုပ္ပန်ဟာ
    ခဏခဏ အလစ်သုတ်ခံ​နေရတာ
    အာဏာသိမ်းခံရပြီး ကတည်းက။
    သတိပဋ္ဌာန်ဟာ
    တရိရိ​ဆွေးကျန်ရင်း
    အဓမ္မကို ​ထွေးထုတ်ဖို့အတွက်
    လကိကုန်​သွေး​နေတာ
    ​နေ့တိုင်းပဲ။

    ReplyDelete
  13. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  14. Wheel............dope.🏹🏹🏹

    ReplyDelete
  15. လမ်းတူရင် လူခိင်းတွေပေလိမ့်

    ReplyDelete
  16. မင်းလည်း မင်းတည်ရာ အရပ်က
    မင်းလမ်း မင်းလျှောက်။
    ငါလည်း ငါတည်ရာ အရပ်က
    ငါ့လမ်း ငါလျှောက်။
    လမ်းတူရင် လူချင်းတွေ့ပေလိမ့်။

    ReplyDelete

Post a Comment

Popular posts from this blog