ကိုယ့်ဖိနပ်ဟာ ကိုယ့်ခံတပ်ပါပဲ

ကျန်းမာရေး မကောင်းလို့
၀င်ငွေမကောင်းလို့
မိုးလေ၀သမကောင်းလို့ 
အခုလိုအခက်အခဲတွေထဲမှာ
ဖိနပ်သဲကြိုးကို သတိထားနေရ

ခုံကလဲလှုပ်လှုပ်
မြင်းကလဲလှုပ်လှုပ်
ပြုတ်ကျသွားချင်လဲသွား
ဒုက္ခဆိုတာ သစ္စာတရား

ကျွန်တော့်ရဲ့ မိုက်မဲမှုများ
လောကကြီးက အလိုက်သိပါ့မလား
ရေပြင်ရဲ့ မာယာကိုမုန်းတယ်
ပိုက်ကွန်ထဲက ငါးတွေကိုသနားတယ်
ထောင်ချောက်ကို လိုက်ရှာနေတဲ့
သားကောင်ဆိုတာ ရှိပါ့မလား
ပျော်ရွှင်မှုဆိုတာ လှောင်အိမ်ထဲမှာ မမွေးဖွားဘူး
ပြိုင်ကားတစ်စီးလို ဓာတ်ဆီဖြုန်းခဲ့ပြီးပြီ
လူနာတင်ယာဉ်တစ်စီးလို အသုံး၀င်ချင်တယ်
ရော့ခ်အင်ရိုးလ် တစ်ခေတ်လုံးကို နားထောင်ခဲ့တယ်
ပွင့်လင်းတဲ့ လူ့ဘောင်ကို မျှော်လင့်မိတယ်
ကဗျာနဲ့ ဘ၀ကို ချည်နှောင်ထားခဲ့တယ်

သူငယ်ချင်းရယ် 
ဒီဇာတ်လမ်းမှာ
လူဆိုးတွေ တစ်ယောက်မှ မသေသေးဘူးလား
လူကောင်းတွေမှာ ဒုက္ခများလှပါပြီကွယ်
အသက်တစ်ချောင်းလုံး ဆုံးရှုံးမယ်ဆိုရင်
နာမည်တစ်လုံးတော့ အဖတ်တင်ချင်တယ်
ချောက်ကမ်းပါးစွန်းကလူကို
တွန်းအားတွေမပေးကြပါနဲ့။       ။

လှသန်း

Respect & Credit to Poet Hla Than 

Comments

  1. ကလစ်ပီးရင်းClick

    ReplyDelete
  2. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  3. ကျွန်တော်က အသည်းနှလုံးပဲ သုံးတယ်ဆိုတော့
    အမေက ပြုံးတယ်
    လောကကြီးအကြောင်း မင်းမသိသေးလိုပါ သားရယ်တဲ့
    ကဗျာမှာသာ ခေါင်းမသုံးဘဲ မင်းရရင် ရမယ်
    လမ်းပေါ်မှာတော့ မရ
    မင်းအမြဲ သေရတယ်မဟုတ်လားတဲ့။

    #စိုင်းဝင်းမြင့်

    ReplyDelete
  4. ပညာတတ် လူတော်လူကောင်း‌တွေ
    လူစိတ်ရှိတဲ့ သူတော်ကောင်းတွေ
    ဝရမ်းပြေး ဖြစ်နေရတဲ့ ဘဝ

    ReplyDelete
  5. လူလို့ သတ်မှတ်လို့မရတဲ့ သတ္တဝါတွေ အမြစ်ပါမကျန် အမြန်ဆုံး မျိုးတုန်းသင့်နေပါပြီ

    ReplyDelete
  6. လူကောင်းတွေဘယ်လောက်သေပေးရအုံးမလဲ

    ReplyDelete
  7. This comment has been removed by the author.

    ReplyDelete
  8. 🙂 အောင်မြင်ရာ ...

    🥷 အောင်မြင်ဘို့ ...
    ရည်ရွယ်ချက် ပြတ်သားရမယ်
    မတွေမဝေ တစ်စိုက်မတ်မတ်လုပ်ရမယ်
    ယုံယုံကြည်ကြည်အောင်စိတ်မွေးရမယ်

    🥷 စစ်မင်းထက်သာ

    ReplyDelete
  9. "သူငယ်ချင်းရယ်
    ဒီဇာတ်လမ်းမှာ
    လူဆိုးတွေ တစ်ယောက်မှ မသေသေးဘူးလား
    လူကောင်းတွေမှာ ဒုက္ခများလှပါပြီကွယ်............"

    ReplyDelete
  10. 🥷 မကြောက်ပါနဲ့ ...

    @ ယောက်ျားဆိုတာ ...
    စကားသိပ်မပြောဘူး
    လက်တွေ့လုပ်တာ၊
    ကလိန်ကကျစ်မကျဘူး ...
    သေချာအောင်စုံစမ်းသေးတာ၊
    ကျိန်းသေပြီဆိုရင်တော့ ...
    မရှင်းဂန်းလိုကျည်မဖြုံးပါ
    Sniperနဲ့တစ်ချက်ချင်းလာမှာ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  11. 🙂 ဘယ်သူမဆို ...

    @ ဘယ်သူမဆို ...
    ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးပေါင်းစုံကို
    တိုးတက်ကြီးပွား ငြိမ်းချမ်းစေချင်ကြတယ်
    ကိုယ်နိုင်ရာ နိုင်ရာကိုလုပ်နေကြပေမယ့်
    ချင့်ချိန်စဉ်းစားဘို့လိုသလို ...
    ကိုယ့်လုပ်ရပ်တွေကိုပြန်သုံးသပ်ဘို့လိုတယ်
    အဓိကကတော့ ...
    မှန်ကန်တဲ့လမ်းကြောင်းလျှောက်ဘို့ပါဘဲ။

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  12. Wheel............dope.🏹🏹🏹

    ReplyDelete
  13. လူကောင်းတွေဘယ်လောက်သေပေးရမလဲ😞February 17, 2023 at 7:37 PM

    😞

    ReplyDelete
  14. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  15. သူငယ်ချင်းရယ်
    ဒီဇာတ်လမ်းမှာ
    လူဆိုးတွေ တစ်ယောက်မှ မသေသေးဘူးလား
    လူကောင်းတွေမှာ ဒုက္ခများလှပါပြီကွယ် 😔

    ReplyDelete
  16. ကိုယ့်ဖိနပ်ဟာ ကိုယ့်ခံတပ်ပါပဲ

    ReplyDelete
  17. Fighting
    Click,click,click........

    ReplyDelete
  18. Wheel............dope.🏹🏹🏹

    ReplyDelete

Post a Comment

Popular posts from this blog