"ရေတိမ်နစ်တဲ့ရက်"

လက်ရှိအချိန်မှာ
အသက်ရှိရဲ့လားသိချင်ရုံနဲ့
တစ်ချက်တစ်ချက်တော့
သေချင်မိတယ်။

ဘဝမှာအဆိုးဆုံးခံစားချက်က
ဘာလဲသိလား။
ပျော်တာတွေလုပ်ပါရဲ့
အရင်လိုမပျော်တော့တာပဲ။

ကလေးတုန်းကတော့
ဒူးပြဲပြဲ ခေါင်းကွဲကွဲ
​ပြေးတမ်းလိုက်တမ်းဆော့ရရင်
ဘဝကြီး ပြီးပြည့်စုံနေတာ။

အခုလည်းပြေးနေရတာပဲ
နောက်ကလိုက်နေတာက ပြဿနာတွေ
ရေကြွေး၊ မီးကြွေး၊ ဘဝဝဋ်ကြွေး။

လူကြီးဖြစ်ချင်တဲ့ အိပ်မက်တွေမက်ခဲ့လို့
ကလေးဘဝက ကိုယ့်ကိုကိုယ်
လက်သီး၊လက်ဝါး ပါချင်နေတယ်။

အိပ်မက်တွေနောက်လည်းမလိုက်နိုင်ဘူး
နှလုံးအားနည်းတော့ မောတယ်
ဆေးလိပ်ဖြတ်ဖို့ပြောတဲ့ သူ့စကားလည်း
ကိုယ် နားမထောင်မိဘူး။

ဒါပေမဲ့ စိတ်မောတာကျ
ဆေးလိပ်ကြောင့်မဟုတ်ဘူး အသက်ကြောင့်
အသက်ကရော ဘယ်လောက်ရှည်မှာလဲ
သောကြာနေ့လေးတစ်ရက်ကုန်ဖို့တောင်
အနိုင်နိုင်ကြိုးစားနေရတာ။

ပင်ပန်းနေလားလို့မေးရင်
ပြုံးပြုံးကြီးဖြေမိမှာ
ဒီအချိန်မှာ မပင်ပန်းတဲ့သူရောရှိလို့လား လို့ပါ။       ။

ဂျေ

Respect & Credit to Poet J

Comments

  1. စနစ်ဆိုးကိုရိုက်ချိူးဖို့အားစိုက်ပီးကလစ်ကြပါစို့💪

    ReplyDelete
  2. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  3. ကျွန်တော်က အသည်းနှလုံးပဲ သုံးတယ်ဆိုတော့
    အမေက ပြုံးတယ်
    လောကကြီးအကြောင်း မင်းမသိသေးလိုပါ သားရယ်တဲ့
    ကဗျာမှာသာ ခေါင်းမသုံးဘဲ မင်းရရင် ရမယ်
    လမ်းပေါ်မှာတော့ မရ
    မင်းအမြဲ သေရတယ်မဟုတ်လားတဲ့။

    #စိုင်းဝင်းမြင့်

    ReplyDelete
  4. 🥷 မှေးမှိန်သွားပြီလား ???

    😥 ကမ္ဘာကြီး ...
    နေမကောင်းနေဘူးလား ?
    နိုင်ငံတော်တော်များများလည်း
    ကမ္ဘာ့အလယ်တော်တော်များများမှာ
    မှေးမှိန်နေပြီလေ၊ တစ်ချို့နိုင်ငံတွေ
    ပျောက်တောင်ပျောက်နေပြီ
    အတိတ်တွေမကောင်းခဲ့တာ‌လား !
    နိမိတ်တွေ မကောင်းတော့ဘူးလား !
    အချို့ပြည်သူတွေ ...
    လူလူချင်း အနှိပ်စက်ခံ
    အသတ်ခံနေရတယ် !
    အလုံးစုံပျက်စီးနေကြတယ် !
    ကမ္ဘာကြီးရေ ...
    ဒီအတိုင်း ထိုင်ကြည့်နေမှာလား !
    မင်းရဲ့ပါဝါတွေလည်း ...
    မှေးမှိန်သွားပြီလား ?

    🥷 စစ်မင်းထက်သာ

    ReplyDelete
  5. လူဖြစ်နေတဲ့ ဘဝကြီးမှာ
    ကြိုးစားရုန်းကန် ရှင်သန်လျှက်

    ReplyDelete
  6. သဘောကျရတဲ့ ကဗျာတွေထဲက တစ်ပုဒ်

    ဒီအချိန်မှာ မပင်ပန်းတဲ့သူ မရှိနိုင်ပါဘူး

    ReplyDelete
    Replies
    1. လူမှန်ရင်တော့
      ပင်ပန်းပါတယ်🤍🤍
      ဒီကာလမှာပျော်နေသူတွေက
      လူမဟုတ်ဘူးလေ
      ဟိုဟာတွေ 🤭

      Delete
    2. အမှန်တွေ အရမ်းပြောနော် 🤫😍

      Delete
  7. အရင်လိုမပျော်တော့တာပဲ....

    ReplyDelete
  8. 🥷 ကျေနပ်ပြီ ...

    @ သူငယ်ချင်း ...
    ကြောက်တတ်လို့
    ဘယ်မှမပါချင်ရင်တောင်
    မင်းရဲ့စိတ်ထဲမှာ ...
    တော်လှန်ချင်တဲ့စိတ်နဲ့
    အောင်စိတ်ရှိနေရင်
    ငါကျေနပ်ပြီ။

    🖕 စစ်မင်းထက်သာ

    ReplyDelete
  9. 🥷 မကြောက်ပါနဲ့ ...

    @ ယောက်ျားဆိုတာ ...
    စကားသိပ်မပြောဘူး
    လက်တွေ့လုပ်တာ၊
    ကလိန်ကကျစ်မကျဘူး ...
    သေချာအောင်စုံစမ်းသေးတာ၊
    ကျိန်းသေပြီဆိုရင်တော့ ...
    မရှင်းဂန်းလိုကျည်မဖြုံးပါ
    Sniperနဲ့တစ်ချက်ချင်းလာမှာ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  10. အခုအချိန်မှာ ဘာမှအဆင်​ပြေမ​နေဘူး
    မ​ပျော်​တော့တာ​သေချာတယ်

    ReplyDelete
  11. Nice Poem. Thanks.

    ReplyDelete
  12. Thanks For All Clickers.🌹

    ReplyDelete
  13. 🙂 ဘယ်သူမဆို ...

    @ ဘယ်သူမဆို ...
    ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးပေါင်းစုံကို
    တိုးတက်ကြီးပွား ငြိမ်းချမ်းစေချင်ကြတယ်
    ကိုယ်နိုင်ရာ နိုင်ရာကိုလုပ်နေကြပေမယ့်
    ချင့်ချိန်စဉ်းစားဘို့လိုသလို ...
    ကိုယ့်လုပ်ရပ်တွေကိုပြန်သုံးသပ်ဘို့လိုတယ်
    အဓိကကတော့ ...
    မှန်ကန်တဲ့လမ်းကြောင်းလျှောက်ဘို့ပါဘဲ။

    🏇 စစ်မင်း ထက်သာ

    ReplyDelete

  14. ငါတို့ကျမှ ဖြစ်ရတယ်လို့ ​​တွေးတိုင်း
    ဒဏ်ရာလှိုင်း​တွေက တလှိမ့်လှိမ့်
    နှလုံးသား​​တွေ နိမ့်ကျ ကုန်တယ်။
    ​ငါတို့အမြန်ဆုံး နိုင်ဖို့လိုတယ်​နော်။

    ReplyDelete
  15. "ဒီအချိန်မှာ မပင်ပန်းတဲ့သူရောရှိလို့လား..."

    ReplyDelete
  16. Wheel............dope.🏹🏹🏹

    ReplyDelete
  17. ကျနော်အရင်လိုမပျော်တော့လိူ့February 17, 2023 at 7:39 PM

    🍁🍁

    ReplyDelete
  18. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  19. ​ရေတိမ်နစ်တဲ့ရက်​တွေချည်းးး
    မ​သေရုံတမယ်
    ​မောလယ် 😕

    ReplyDelete
  20. ကြိုးစားရှင်သန်လျက်

    ReplyDelete
  21. ကြိုးစားရှင်သန်လျက်ပါ

    ReplyDelete
  22. Wheel............dope.🏹🏹🏹

    ReplyDelete
  23. ဒီအချိန်မှာ မပင်ပန်းတဲ့သူရော
    ရှိရဲ့လားလို့ပါ။

    ReplyDelete
  24. Fighting
    Click,click,click.......

    ReplyDelete
  25. Wheel............dope.🏹🏹🏹

    ReplyDelete

Post a Comment

Popular posts from this blog