ကြားလား မြင်လား မဝေဝါးနဲ့ သူငယ်ချင်း

ငါပြောတာကို မင်းကြားပါစ ?
ဒါမှမဟုတ်,
ငါ့စကားဟာ နားခါးစေတာမို့
မကြားသလိုများ နေ,နေလိုက်တာလား ?
သောကတွေ တပွေ့တပိုက်နဲ့ မင်းတို့ငါတို့ရဲ့ ဘ၀
ချွတ်ခြုံကျ ၊ ဒုက္ခတွေက အထွေထွေ
ဒီအမှန်တရားတွေကို
မကြားဘဲ မနေလိုက်ပါနဲ့ သူငယ်ချင်း။

‘မြင်အောင်ကြည့်ပါ’လို့ ငါကပြောတော့
မင်းကဖြေတယ်
‘မြင်တယ်လေမြင်တယ်’ ၊ ‘မြင်နေသားပဲ’တဲ့
ဒါပေမယ့် မင်းရဲ့အမြင်က ဘာလဲ ?
သတိပဋ္ဌာန်တရားတွေ ရှုမှတ်ပွားနေသလို
‘မြင်တယ်’ လို့မှတ် ၊ ‘မြင်သိစိတ်’ မှာတင်ရပ်နေရင်
ဟောဒီ လောကီအရေးမှာ
အလုပ်ဟာ မဖြစ်သေးဘူး…..သူငယ်ချင်း။

မင်းကြားနေတဲ့ ငါ့စကားနဲ့ ပတ်၀န်းကျင်အသံ
မင်းမြင်နေတဲ့ ပုံမှန်မဟုတ် လူလုပ်တဲ့လောကဓံ
မင်းဝေဖန် ဆန်းစစ်ကြည့်ပါ
ဒီကာလမှာ မကြားသလို မမြင်သလိုနဲ့
ယောင်ယောင်ဝါးဝါးလုပ်နေဖို့ကို
အချိန်တွေမပိုတော့ဘူး…သူငယ်ချင်း။

မင်းတို့ငါတို့ ဘဝတွေဟာ
‘နမောတေ’ ဂါထာ အခါခါရွတ်ရုံနဲ့ပဲ
ဒီအချုပ်အနှောင်ထဲက လွတ်ကြမှာလား ?
မင်းနဲ့ ငါ့ရဲ့ လုပ်ရပ်များဟာ
လတ်တလောအတွက်လည်း မကြီးပွား
နောင်, နတ်သိကြား မလေးစားရင်နေပါ
‘အမှန်တရား’တော့ဖြစ်ဖို့လိုတယ်…သူငယ်ချင်း။

ဒါပေမယ့်...
လိုချင်တာ ‘အမှန်တရား’ မှာ
လိုနေတာ ‘ရဲဝံ့ခြင်းများ’ ဆိုရင်
မျှော်လင့်ချက်သစ်ပင် မရှင်သန်နိုင်ဘူး
မကြိုက်တာကို ငြင်းဖယ်လွှဲပြီး
ကြိုက်တာကိုလည်း တောင်းဆိုရဲရမယ်
မနှစ်သက်တာတွေ မဖြိုဖျက်နိုင်ဘဲ
နှစ်သက်တာလည်း မထူထောင်နိုင်သမျှ
ငါတို့ တော်လှန်ရေးက
မပြီးဆုံးသေးဘူး…သူငယ်ချင်း။

မင်းရဲ့နားကို အစွမ်းကုန် စွင့်ပါ
(အသံစုံကို ကြားအောင်လို့)
မင်းရဲ့အမြင် အစွမ်းကုန် ဖွင့်ပါ
(မညီတာတွေ မြင်စေဖို့)
ကြားလား ? မြင်လား ? မဝေဝါးနဲ့
ငါပြောတာကို မင်းကြားပါစ…သူငယ်ချင်း။       ။

ဇေယျာသော် 
12 Apr 2008

(ထောင်တွင်းမှရေးသားပေးပို့သည့် ကဗျာ)
Respect & unforgotten one of youth heroes 

Comments

  1. ဟုတ်တယ်
    မျှော်လင့်ချက်သစ်ပင်ရှင်သန်ဖို့‌‌
    အသံစုံကိုကြားဖို့
    မညီတာတွေမြင်ဖို့ အမြင်တွေအကြားတွေ ပြတ်သားဖို့လိုတယ်
    လေးစားပါတယ် ကိုဇေယျာသော်

    ReplyDelete
  2. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  3. သူရဲကောင်း
    -------------------

    ပန်းလိုကြွေလည်း
    ဝေတုန်းအတိုင်း သင်းနေတယ်..။

    ကြယ်လိုကြွေ‌လည်း
    နေတုန်းအတိုင်း လင်းနေတယ်..။

    ပန်းလိုလည်းသင်း
    ကြယ်လိုလင်းသူ
    ရင်တွင်းထာ၀ရ ရှိနေမယ်...။

    -မောင်စိန်၀င်း(ပုတီးကုန်း)

    ReplyDelete
  4. 🥷 မှေးမှိန်သွားပြီလား ???

    😥 ကမ္ဘာကြီး ...
    နေမကောင်းနေဘူးလား ?
    နိုင်ငံတော်တော်များများလည်း
    ကမ္ဘာ့အလယ်တော်တော်များများမှာ
    မှေးမှိန်နေပြီလေ၊ တစ်ချို့နိုင်ငံတွေ
    ပျောက်တောင်ပျောက်နေပြီ
    အတိတ်တွေမကောင်းခဲ့တာ‌လား !
    နိမိတ်တွေ မကောင်းတော့ဘူးလား !
    အချို့ပြည်သူတွေ ...
    လူလူချင်း အနှိပ်စက်ခံ
    အသတ်ခံနေရတယ် !
    အလုံးစုံပျက်စီးနေကြတယ် !
    ကမ္ဘာကြီးရေ ...
    ဒီအတိုင်း ထိုင်ကြည့်နေမှာလား !
    မင်းရဲ့ပါဝါတွေလည်း ...
    မှေးမှိန်သွားပြီလား ?

    🥷 စစ်မင်းထက်သာ

    ReplyDelete
  5. ဂါထာတွေ အခါခါ ရွတ်ရုံနဲ့
    မလွတ်မြောက်နိုင်ဘူး
    ကိုယ်တိုင် နှမ်းစေ့လေးအဖြစ်နဲ့
    တတ်နိုင်တဲ့နေရာကနေ
    ပါဝင်ကြိုးစားကြရမှာ

    ReplyDelete
  6. This comment has been removed by the author.

    ReplyDelete
  7. 🙂 အောင်မြင်ရာ ...

    🥷 အောင်မြင်ဘို့ ...
    ရည်ရွယ်ချက် ပြတ်သားရမယ်
    မတွေမဝေ တစ်စိုက်မတ်မတ်လုပ်ရမယ်
    ယုံယုံကြည်ကြည်အောင်စိတ်မွေးရမယ်

    🥷 စစ်မင်းထက်သာ

    ReplyDelete
  8. ကြားလား ? မြင်လား ? မဝေဝါးနဲ့

    ReplyDelete
    Replies
    1. လယ်ပြင်မှာ ဆင်ကြိးသွားသလို ရှင်းအောင် မြင်ပါတယ်ခင်ဗျာ

      Delete
    2. အဲသလောက်ရှင်းနေ မြင်နေတာတောင် ‌‌‌‌‌ဝေဝါး‌‌ ထွေပြားနေသူတွေကို အံ့သြမိပါတယ်..

      Delete
    3. Red Rubyလာမေးတဲ့သူကိုကျတော်မုန်းမိသွားတယ်။

      Delete
    4. Red Ruby က စီးကရက်လား ၀ီလား 😅

      Delete
    5. စီးကရက်ပါဗျ။ဝီရှိတာတောင်မသိလိုက်ရပါလား။😂

      Delete
  9. 🥷 မကြောက်ပါနဲ့ ...

    @ ယောက်ျားဆိုတာ ...
    စကားသိပ်မပြောဘူး
    လက်တွေ့လုပ်တာ၊
    ကလိန်ကကျစ်မကျဘူး ...
    သေချာအောင်စုံစမ်းသေးတာ၊
    ကျိန်းသေပြီဆိုရင်တော့ ...
    မရှင်းဂန်းလိုကျည်မဖြုံးပါ
    Sniperနဲ့တစ်ချက်ချင်းလာမှာ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  10. ငါတို့အားလုံးညီညီညာညာနဲ.တိုက်ဖျက်ဘို့အင်အား​တွေစုစည်း​နေပါပြီ

    ReplyDelete
  11. ကြားတယ်၊
    မြင်တယ်
    မဝေဝါးဘူး
    မညီတာတွေညီဖို့
    ငါတို့ကြိုးစားနေပါတယ်✊
    ကိုဇေယျာသော် ရေ ၊
    😢🌻

    ReplyDelete
  12. 🙂 ဘယ်သူမဆို ...

    @ ဘယ်သူမဆို ...
    ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးပေါင်းစုံကို
    တိုးတက်ကြီးပွား ငြိမ်းချမ်းစေချင်ကြတယ်
    ကိုယ်နိုင်ရာ နိုင်ရာကိုလုပ်နေကြပေမယ့်
    ချင့်ချိန်စဉ်းစားဘို့လိုသလို ...
    ကိုယ့်လုပ်ရပ်တွေကိုပြန်သုံးသပ်ဘို့လိုတယ်
    အဓိကကတော့ ...
    မှန်ကန်တဲ့လမ်းကြောင်းလျှောက်ဘို့ပါဘဲ။

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  13. သတိရတယ် ကို​ဇေယျာ​သော်
    😔😔😔

    ReplyDelete
  14. အမှန်တရား
    အကြံသမား​တွေ လက်​အောက်မှာ
    ကြက်​ပျောက်ငှက်​ပျောက်​ပေါ့။

    ReplyDelete
  15. ကြားလား မြင်လား မဝေဝါးနဲ့ သူငယ်ချင်းFebruary 17, 2023 at 7:35 PM

    🥀💔

    ReplyDelete
  16. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  17. လေးစားမှုနဲ့အတူ
    အမြဲဂုဏ်ယူနေမှာပါ။

    ReplyDelete
  18. Wheel............dope.🏹🏹🏹

    ReplyDelete
  19. မင်းရဲ့နားကို အစွမ်းကုန် စွင့်ပါ

    မင်းရဲ့အမြင် အစွမ်းကုန် ဖွင့်ပါ

    ReplyDelete
  20. မင်းကြားပါစ သူငယ်ချင်း။

    ReplyDelete
  21. Fighting
    Click,click,click........

    ReplyDelete
  22. Wheel............dope.🏹🏹🏹

    ReplyDelete

Post a Comment

Popular posts from this blog