ကြယ်တပြေး

ငါ့စိတ်နဲ့ငါ၊ ငါ့ကားနဲ့ငါဟာ
ဘယ်လောက်မြန်မြန်ပြေး လမ်းပေါ်မှာပဲ 

မပျော်ရွှင်သော လူတစ်ယောက် 
သဲကြီးမဲကြီး ငါ့စိတ်နဲ့ငါ မိုးရွာနေ 

ဝဲ ယျာ နှစ်ဘက် လမ်းဘေးတောအုပ်တွေ
သစ်ပင်စိမ်းရွက်တို့ စိုရွှဲ လူးလွန့် ဟစ်အော် 

ကျယ်လောင်လွန်းသမို့ ဘာသံမှ မကြားရ

ပြေးနေသူငါ၊ လိုက်နေသူလည်း ငါပါပဲ
ကားရှေ့မှန်ပေါ် ချုံးပွဲချ မိုးစက်မိုးပေါက်များ

ငါက ငါ့ကို မှီလည်း မမှီနိုငိ
ငါ့ကိုငါ မိလည်း မမိနိုင်တော့။         ။ 

မောင်သိန်းဇော်

Respect & Credit to Poet Mg Thein Zaw

Comments

  1. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  2. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  3. 🥷 မှေးမှိန်သွားပြီလား ???

    😥 ကမ္ဘာကြီး ...
    နေမကောင်းနေဘူးလား ?
    နိုင်ငံတော်တော်များများလည်း
    ကမ္ဘာ့အလယ်တော်တော်များများမှာ
    မှေးမှိန်နေပြီလေ၊ တစ်ချို့နိုင်ငံတွေ
    ပျောက်တောင်ပျောက်နေပြီ
    အတိတ်တွေမကောင်းခဲ့တာ‌လား !
    နိမိတ်တွေ မကောင်းတော့ဘူးလား !
    အချို့ပြည်သူတွေ ...
    လူလူချင်း အနှိပ်စက်ခံ
    အသတ်ခံနေရတယ် !
    အလုံးစုံပျက်စီးနေကြတယ် !
    ကမ္ဘာကြီးရေ ...
    ဒီအတိုင်း ထိုင်ကြည့်နေမှာလား !
    မင်းရဲ့ပါဝါတွေလည်း ...
    မှေးမှိန်သွားပြီလား ?

    🥷 စစ်မင်းထက်သာ

    ReplyDelete
  4. ဘုန်းကြီးတပါး အာပတ်ဖြေနေသလိုမျိုး
    ငါ Clickတယ်
    မလုပ်ရမနေနိုင် စွဲလန်းမှုကြီးတခုလို ငါ
    Click တယ် နေ့တိုင်း Clickတယ်

    ReplyDelete
  5. This comment has been removed by the author.

    ReplyDelete
  6. မောင်သိန်းဇော်ကဗျာတွေ ကြိုက်တယ်

    ReplyDelete
  7. 🥷 မကြောက်ပါနဲ့ ...

    @ ယောက်ျားဆိုတာ ...
    စကားသိပ်မပြောဘူး
    လက်တွေ့လုပ်တာ၊
    ကလိန်ကကျစ်မကျဘူး ...
    သေချာအောင်စုံစမ်းသေးတာ၊
    ကျိန်းသေပြီဆိုရင်တော့ ...
    မရှင်းဂန်းလိုကျည်မဖြုံးပါ
    Sniperနဲ့တစ်ချက်ချင်းလာမှာ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  8. ငါတို.​တွေ​တော်လှန်​ရေးလူငယ်​တွေအတွက်အ​ကြွေး​တွေပြန်ဆပ်ရမယ်များများရှယ်​ပေးကလစ်​ပေးကြပါ

    ReplyDelete
  9. ငါတို့တိုင်းပြည် သရဲစီး ခံ​နေရတယ်

    ReplyDelete
  10. ငါတို့ ပြည်သူတွေကရတဲ.နည်းနဲ.တော်လှန်ကြအနည်းဆုံးတော့ကလစ်လေးတော့နှိပ်ပြီးတော်လှန်ရင်လဲတာဝန်တခုထမ်းဆောင်ပြီးတော်လှန်တာပါပဲ

    ReplyDelete
  11. Wheel............dope.🏹🏹🏹

    ReplyDelete
  12. ငါက ငါ့ကို မှီလည်း မမှီနိုငိ

    ReplyDelete

Post a Comment

Popular posts from this blog