စတော်ဘယ်ရီနဲ့စီးကရက် ၃

ဘူတာရုံဟာ သူ့နေရာမှာနေမြဲဘဲ
ရထားတွေသာ တစ်စင်းပြီးတစ်စင်း
ဆိုက်ရောက်လာတယ် ဖြတ်မောင်းသွားတယ်

ကိုယ့်ရဲ့ဘဝထဲ ဖြတ်လျှောက်သွားတဲ့
ချည်နှောင်ကြိုးတွေအထဲ
မင်းကလည်းခဏတာပဲပေါ့

Julyကကိုယ့်ရဲ့အလွမ်းတွေဟာ
Augustလအထိ မိုးနဲ့အတူ မပြတ်ဆဲခဲ့ဘူး
မျက်တောင်လေးကို ကော့ကြည့်လာရင်
ထွက်လာတဲ့အကြည့်တွေက
မိုးညတွေကိုဖြတ်သန်းဖို့ လုံလောက်ခဲ့တယ်

သောက်တလွဲတွေပဲလွဲနေတဲ့ ကိုယ့်ဘဝက
မင်းနဲ့လည်းလွဲသွားခဲ့တာပါဘဲ
မနီးစပ်ခြင်းရဲ့ အသုံးတော်ခံဟာ
ကိုယ်တို့ဖြစ်ရတာ ရင်နာဖို့ကောင်းတာ

ချိုမြိန်ပြင်းရှခြင်းဟာ သိပ်စွဲလန်းဖို့ကောင်း
တစ်နည်းအားဖြင့် စတော်ဘယ်ရီနဲ့စီးကရက် 
တွယ်တာမြတ်နိုးမှုက 
မင်းကိုတော့ ပိုမြတ်နိုးမိခဲ့ပါတယ်
အကြောင်းတိုက်ဆိုင်လို့
ကိုယ်တို့အတိတ်ကို မင်းပြန်တွေ့တဲ့အခါ
အသုံးမကျခဲ့တဲ့ ဒီငနဲကို အရင်တိုင်းလေး
မင်း ပြန်ဆုံးမခဲ့ပါ ခင်ရယ် ။       ။

ကျွန်တော်

Comments

  1. အမှောင်ဖုံးနေတဲ့နှလုံးသား
    ညာဏ်များပြီးနေရတာလဲ
    မောလှပါပီ😔

    ReplyDelete
    Replies
    1. ရေတိုက်လိုက်အုန်း😁

      Delete
    2. ဘီယာဖျန်းထားတယ်
      အဆင်‌ေြပရဲ့လားမီးပေါက်စ

      Delete
    3. သူက ဟန်ဆောင်ကောင်းတယ် သူမပြေဘူး ထင်တယ် အခုလည်းပျောက်ပြန်ပီ🥺

      Delete
    4. ဟန်မဆောင်ပါဘူး အဲ့ဒါဘူလဲ🙄

      Delete
  2. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  3. 🥷 အပိုတွေမပြောတတ်ပါ ...
    သူငယ်ချင်းများ Click to Donate.
    များများလုပ်ပေးပါ။
    🥷 လေးစားပါတယ်
    စစ်မင်းထက်သာ

    ReplyDelete
  4. သစ်ကိုင်းလေးလိုကျင့်တဲ့
    ငှက်လေးတွေက ခဏပဲလာနားခိုကြတာ

    ReplyDelete
    Replies
    1. အချစ်ဆိုတာ ဘတ်စ်ကားနဲ့
      ဘတ်စ်ကားပေါ်က ခရီးသည်တွေလိုပါပဲ
      သူတိုလိုရာအရပ်ရောက်ရင်
      ခရီးသည်တွေက ဆင်းသွားကြမှာပဲ
      ဘယ်သူက ချန်ခဲ့သူလဲ
      ဘယ်သူက ကျန်ခဲ့သူလဲဆိုတာတော့ ဇဝေဇဝါ....

      _ထွန်းဟိန်းယံ

      Delete
    2. ကျန်နေခဲ့တာလား
      ချန်ထားခံခဲ့ရတာလား..... ဇဝေဇဝါ

      Delete
    3. ကျန်ခဲ့သူပဲဖြစ်ချင်ပါတယ်😌

      Delete
    4. ကြိုက်နေပြီးပေါ့၊အဲ့moodကို😂😂😂

      Delete
  5. ကိုယ်ပိုင်အသိတရားနဲ့ ကောင်းတာကို လုပ်တတ်ရမယ်

    ReplyDelete
    Replies
    1. ဟုတ်ကဲ့ပါ
      အသိကို သတိနဲ့ကပ်ပြီး
      ကြိုးစားနေထိုင်နေပါတယ်

      Delete
  6. ငါတို့ရဲ့......
    ဦးတည်ချက်ပန်းတိုင်ကို...
    စည်းလုံးမှု ဇွဲစိတ်ဓါတ် ခွန်အားတွေနဲ့ မရောက်မခြင်း တယောက်အဆင်းတယောက်အတက်
    ဆက်လက် ချီတက်နေရမယ်ဆိုတာ......

    ReplyDelete
  7. "စက္ကူလှေ"

    ဝီစကီနဲ့ ဖက်ကြမ်း
    လက်မလွတ်တမ်း ခဲလို
    တစ်ခမ်းတစ်နား လွမ်းပြရတာအမော
    မင်းဥပေက္ခာတွေ့ကြောင့်
    လူမသေပေမယ့် စိတ်သေခဲ့ရပေါ့
    အိပ်မပျော်တဲ့ အမှောင်ည‌တွေထဲ
    မျည်ရည် သမုဒ္ဒရာထဲရွက်လွှင့်ဖို
    ပျက်စဲချင်းအကြောင်းတွေပါတဲ့
    သတင်းစာအဟောင်းလေးတွေကို
    စက္ကူလှေလေးခေါက်
    အလွမ်းမြစ်ထဲ မျှောလိုက်တယ်
    မင်းရှိတဲ့ကမ်း ကပ်ပါစေကွယ်
    #sai naung

    ReplyDelete
  8. 🥷 သွေးမအေးနဲ့ ...
    သွေးမကွဲနဲ့
    ပြည်သူတွေ ...
    ဆက်လက်ပါဝင်ဘို့ဘဲလို။

    ReplyDelete
  9. လွဲလွဲလေးဘဲ ကောင်းပါတယ်

    ReplyDelete
  10. "ဆိုက်ရောက်လာတယ် ဖြတ်မောင်းသွားတယ်"

    ReplyDelete
  11. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  12. မင်းချန်ရစ်ခဲ့တဲ့ ဘဝ
    ​နေသားတကျနဲ့
    ​​​​နိ​ဗ္ဗာန ပါကွယ်။
    ပြန်မလာပါနဲ့
    ငါမတုန်လှုပ်​တော့လို့ပါ။
    မြတ်နိုးတယ်ဆိုရင်ဖြင့်
    လာဘ်မထိုးလိုက်ပါနဲ့
    ​ဝေး​ထိုက်လို့ ​ဝေးခဲ့တာပါပဲကွယ်။

    ReplyDelete
  13. ကိုယ့်ရဲ့ဘဝထဲ ဖြတ်လျှောက်သွားတဲ့
    ချည်နှောင်ကြိုးတွေအထဲ
    မင်းကလည်းခဏတာပဲပေါ့
    ဟဲဟဲ😁

    ReplyDelete
    Replies
    1. လွမ်းတယ်ဗျာ

      Delete
    2. သတိရစိတ်နဲ့ အသက်တော့မျှင်မျှင်လေးရှုနေသေးတယ်။

      Delete
  14. ကိုယ့်ရဲ့ဘဝထဲ ဖြတ်လျှောက်သွားတဲ့
    ချည်နှောင်ကြိုးတွေအထဲ
    မင်းကလည်းခဏတာပဲပေါ့

    ReplyDelete
    Replies
    1. အဲခဏလေးအတွင်းမှာကိုယ်ဟာမင်းဘေးနားမှာအကောင်းဆုံးရှိနေပေးချင်တာပါ🤭

      Delete
    2. ကိုယ်ပဲလား ​ခေါင်းမပါဘူးလား 😝😁🥰

      Delete
  15. ကလစ်ပီးရင်းClick

    ReplyDelete
  16. ကိုယ် မင်းကို ဆုံးမ​ပေးရမယ်ဆိုရင်​လေ
    ​ခေါင်းကို ​ဒေါက်ကနဲ ထီးနဲ့​ခေါက်
    ပါးကို ​ဖောင်းခနဲ ပိတ်ရိုက်
    ​ခြေ​ထောက်ကို ​​ဖြောင်းကနဲ ပိတ်ကန်ချင်တာ။
    🤓👺👹😈

    ReplyDelete
  17. တစ်နည်းအားဖြင့် စတော်ဘယ်ရီနဲ့စီးကရက်
    တွယ်တာမြတ်နိုးမှုက
    မင်းကိုတော့ ပိုမြတ်နိုးမိခဲ့ပါတယ်

    ReplyDelete

Post a Comment

Popular posts from this blog