အညတရ 

သပိတ်တိုက်ပွဲ 
အစမှအဆုံး သူပါဝင်ခဲ့
မထင်မရှား အညတရအနေနဲ့၊

CDM စတော့လည်း 
အခုအထိ သူပါဝင်ဆဲ
မိသားစုအရေး ...
သူမျှော်တွေးလို့ မထင်မရှား
အညတရအနေနဲ့၊

PDF,UG တော်လှန်ရေးလည်း
သူမနေသာ အခါခါအကြံဉာဏ်ပေး
ရင်တလေးလေးနဲ့ ထောက်ပို့အရေးပါ
နေရာတကာ အညတရအနေနဲ့၊

ကိုယ့်အတွက်...
နေရာ အတည်အကျမရှိ
မိသားစုလည်း ဘယ်ရောက်သည်မသိ
သူစိတ်ထဲမှာ တော်လှန်ရေးအသိဘဲရှိ
အညတရဘဝလေး ဆိုးပါဘိ။        ။

စစ်မင်းထက်သာ

(Sorry for late upload) 

Comments

  1. This comment has been removed by the author.

    ReplyDelete
  2. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  3. နောက်ဆုံးတော့ မင်မင်တွေ့သွားခဲ့ပြီ
    Congratulations 🎊🎊🎊
    @စစ်မင်းထက်သာ

    ReplyDelete
  4. အညတရရဲ့ဘဝကို ကိုယ်ချင်းစာမိပြီး စိတ်ထားလေးကိုလည်း လေးစားမိပါတယ်။

    ReplyDelete
  5. Replies
    1. This comment has been removed by the author.

      Delete
  6. 🥷 သွေးမအေးနဲ့ ...
    သွေးမကွဲနဲ့
    ပြည်သူတွေ ...
    ဆက်လက်ပါဝင်ဘို့ဘဲလို။

    ReplyDelete
  7. သူရဲကောင်း
    -------------------

    ပန်းလိုကြွေလည်း
    ဝေတုန်းအတိုင်း သင်းနေတယ်..။

    ကြယ်လိုကြွေ‌လည်း
    နေတုန်းအတိုင်း လင်းနေတယ်..။

    ပန်းလိုလည်းသင်း
    ကြယ်လိုလင်းသူ
    ရင်တွင်းထာ၀ရ ရှိနေမယ်...။

    -မောင်စိန်၀င်း(ပုတီးကုန်း)

    ReplyDelete
  8. နည်းလမ်းပေါင်းစုံသုံး၍စစ်ခွေးတွေကိုသုတ်သင်ကြ ပန်းတိုင်ကငါတို့လက်တကမ်းမှာ......

    ReplyDelete
  9. Con Con @စစ်မင်းထက်သာ

    ReplyDelete
  10. This comment has been removed by the author.

    ReplyDelete
  11. 🏇 စဉ်းစား ...

    @ ခင်ဗျားတို့ ...
    ဦးနှောက်ရှိတယ်ဆိုရင်
    ဘယ်ဘက်ကရပ်တည်မလဲစဉ်းစား
    ကျုပ်တို့ကတော့ ...
    အပေါင်းအပါအကုန်လုံး
    အပြုတ်တိုက်မယ့်ပွဲ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  12. Have a great day all ❤️❤️❤️

    ReplyDelete
  13. Wheel............dope.🏹🏹🏹

    ReplyDelete
    Replies
    1. မာန
      ငါလား.......
      ဘာကောင်မှမဟုတ်ရပါဘူး။
      အညတရစစ်စစ်တယောက်ပါဘဲ။
      တဘဝလုံးဂုဏ်ယူစရာဆိုလို့
      အမှန်၊အမှားခွဲခြားနိုင်ပြီး
      ဓမ္မဘက်ကရဲရဲရပ်တည်ရဲတာလေး
      တခုတော့ချမ်းသာတယ်။


      Delete
  14. တို့များလည်း
    ကလစ်ကာ အညတရ
    ရုပ်ဆိုးမ ဆို​ပေမယ့်
    ကျတဲ့ တာဝန် ​ကျေ​နေတယ်။

    ReplyDelete
  15. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete

Post a Comment

Popular posts from this blog