စောက်ဘဝကြီး တစ်ခုလုံးရင်းပြီး 
ငြိမ့်ခဲ့တဲ့ ခေါင်းတွေကိုပဲ စိတ်နာမိပါတယ်
ဘဝကို ပုံဖော်ဖို့အချိန် မရှိဘူး
ဟာသကို ရယ်ဖို့အချိန် မရှိဘူး
မောရင်နားဖို့အချိန်မရှိဘူး
ဝမ်းနည်းရင်ငိုဖို့ အချိန်မရှိဘူး

တစ်ခုခုဆို...
ခုန်ထွက်ပစ်လိုက်လို့ မရတော့ဘူး
ကြိုးကို ကိုယ်တိုင်ယက် ကိုယ်တိုင်ချည်ပြီး 
ကိုယ်တိုင်ဟာ ဒဏ်ရာလုပ်စက်ပဲ
ချစ်ခင်မြတ်နိုးခံရမှုနဲ့ နည်းနည်းမှ မပတ်သက်ခဲ့ဘူး

ငါ့ကိုနင်းပြီး 
ငါ့ကိုမသတီတဲ့လူတွေကို ငါရယ်မှာ
ငါ့လက်ကိုကိုင်ထားပြီး 
ငါ့တန်ဖိုးကို လာဖြတ်နေတဲ့ လူတွေကို ငါရယ်မှာ
ငါ့ကို ပိတ်လှောင်ထားပြီး 
ငါ့ကို စမ်းသပ်နေတဲ့လူတွေကို ငါရယ်မှာ

မင်းသိလား ? 
လူတွေက...
သူတို့ကိုယ်တိုင် မပေးနိုင်တာတွေကိုလည်း 
ခပ်တည်တည်နဲ့ ငါ့ဆီက လာလာတောင်းတယ်
ဟာသပဲ ။       ။

အလ်နီ

Respect & Credit to Poet Ae' Ne

Comments

  1. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  2. အိမ်မက်တွေမက်ခဲ့ပေမယ်
    အကောင်အထည်ဖေါ်ခွင့်မရတဲ့ဘ၀တွေနဲ့ မသေရုံတမယ်အသက်ဆက်နေရတဲ့ တိုင်းပြည်မှာ
    ကျနော်နေထိုင်မိဆဲပေါ့

    ReplyDelete
  3. သူရဲကောင်း
    -------------------

    ပန်းလိုကြွေလည်း
    ဝေတုန်းအတိုင်း သင်းနေတယ်..။

    ကြယ်လိုကြွေ‌လည်း
    နေတုန်းအတိုင်း လင်းနေတယ်..။

    ပန်းလိုလည်းသင်း
    ကြယ်လိုလင်းသူ
    ရင်တွင်းထာ၀ရ ရှိနေမယ်...။

    -မောင်စိန်၀င်း(ပုတီးကုန်း)

    ReplyDelete
  4. သူတို့တောင်းတာတွေကို ငါကလည်း အမှတ်မရှိ စေတနာဗရပွနဲ့ ပေးနေမိတုန်း...😅

    ReplyDelete
  5. Love it. My favourite part is here

    မင်းသိလား ?
    လူတွေက...
    သူတို့ကိုယ်တိုင် မပေးနိုင်တာတွေကိုလည်း
    ခပ်တည်တည်နဲ့ ငါ့ဆီက လာလာတောင်းတယ်
    ဟာသပဲ

    ReplyDelete
    Replies
    1. ခံစားချက်တိုက်ဆိုင်တဲ့ ကဗျာ တပိုဒ်။
      သူတို့ကိုယ်တိုင် မပေးနိုင်တာတွေကိုလည်း ခပ်တည်တည်နဲ့ ငါ့ဆီက လာလာတောင်းတယ်။

      ၁ နှစ်ကျော်လောက် ဘာမှမဖြစ်သလို နေခဲ့တုန်းက တော့ တသားတည်းပါဆိုပြီး
      လေးစားမှုမရှိလို့ အဖွဲ့လိုက်ကို အသဲပေါက်ရာကနေ အသံတွေ တိတ်ကုန်ကြတဲ့သူ။

      Delete
  6. 🥷 ကြောက်ကြောက် ...
    သေအောင်ကြောက်
    အသေကြောက်၊
    ဖားဖား ...
    သေအောင်ဖား
    ဘောမပါတီများ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  7. ငြိမ့်ခဲ့တဲ့ ခေါင်းတွေကိုဘဲ စိတ်နာမိပါတယ်။
    ဟာသကို ရယ်နေဖို့ အချိန်မရှိဘူး။

    ReplyDelete
  8. 🥷 ဥပဒေ ...

    🤨 ပြည်သူတွေ ...
    ကြွယ်ဝချမ်းသာတဲ့နိုင်ငံတွေမှာတောင်
    မထုတ်တဲ့ဥပဒေတွေကို
    မင်းတို့ကိုယ်ကျိုးအတွက် ...
    ဆက်ဆက်ထုတ်နေမယ်ဆိုရင်
    မင်းတို့အာဏာဆုံးရှုံးရုံမက
    မင်းတို့လည်းကျဆုံးရလိမ့်မယ်။

    🙂 စစ်မင်းထက်သာ

    ReplyDelete
  9. လောင်းတိုင်း နိုးဆီး🥰

    ReplyDelete
  10. Wheel............dope.🏹🏹🏹

    ReplyDelete
  11. Fighting
    Click,vlick,click........

    ReplyDelete
  12. Fighting
    Click,click,click...........

    ReplyDelete
  13. ငါ့ကိုယ်ငါ
    တရားသိတယ်
    ​လောဘနည်းတယ် လို့ထင်ထားတာ
    လက်​တွေ့မှာ အပြတ်အသတ်လွဲတာပဲ
    အန္တရာယ်များလိုက်တာ။

    ReplyDelete
  14. ကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ

    ReplyDelete
  15. မင်းသိလား ?
    လူတွေက...
    သူတို့ကိုယ်တိုင် မပေးနိုင်တာတွေကိုလည်း
    ခပ်တည်တည်နဲ့ ငါ့ဆီက လာလာတောင်းတယ်
    ဟာသပဲ ။ ။

    အလ်နီ

    ReplyDelete
  16. Fighting
    Click,click,click.........

    ReplyDelete
  17. Wheel............dope.🏹🏹🏹

    ReplyDelete
  18. ကလစ်ခြင်းဖြင့်
    အားဖြည့်ပါဝင်ပါ၏။

    ReplyDelete
  19. Fighting
    Click,click,click........

    ReplyDelete
  20. ကြိုးကို ကိုယ်တိုင်ယက် ကိုယ်တိုင်ချည်ပြီး
    ကိုယ်တိုင်ဟာ ဒဏ်ရာလုပ်စက်ပဲ

    ReplyDelete
  21. မင်းသိလား ?
    လူတွေက...
    သူတို့ကိုယ်တိုင် မပေးနိုင်တာတွေကိုလည်း
    ခပ်တည်တည်နဲ့ ငါ့ဆီက လာလာတောင်းတယ်
    ဟာသပဲ ။ ။

    အလ်နီ
    🍀🌧️

    ReplyDelete
  22. ချစ်ခင်မြတ်နိုးခံရမှုနဲ့ နည်းနည်းမှ မပတ်သက်ခဲ့ဘူး

    ReplyDelete

Post a Comment

Popular posts from this blog