မစဉ်းစားခြင်း သေတ္တာ
                  
ကမ္ဘာပေါ်မှာ
ကိုယ့်ကိုချစ်တဲ့လူဟာ
ဘောလုံးတစ်သင်းစာလောက်မှ ရှိရဲ့လား
မစဉ်းစားတော့ပါဘူး . . .တဲ့။

ဘယ်သူဟာ
ပန်းသီးတစ်လုံးကိုစားပြီး
နယူတန်လို တွေးခေါ်မိပါသလဲ
မစဉ်းစားတော့ပါဘူးတဲ့။

သီချင်းတစ်ပုဒ်ကို နားထောင်ရင်း
ဘယ်သူက...
ကမ္ဘာသစ်စေမယ့် သီအိုရီရဖူးလို့လဲ
မစဉ်းစားတော့ပါဘူးတဲ့။

တစ်ကိုယ်လုံး တစ်ဘဝလုံး စုတ်ယူ
ကိုယ့်ကိုမသေရုံ 
မွေးမြူထားတဲ့လူတွေ ရှိနေပြီ
မစဉ်းစားတော့ပါဘူးတဲ့။

မည်သူမဆိုပေါ့
အရာအားလုံးကို မစွမ်းဆောင်နိုင်ဘူး
တစ်ခုခု လွဲချော်နေတဲ့အကြောင်း
ပြောပြချင်တယ်
မစဉ်းစားတော့ပါဘူးတဲ့။

ကမ္ဘာပေါ်မှာ
ဘယ်အရာမဆို ညာလို့ရပေမယ့်
အစာအိမ်ကို ညာလို့မရတဲ့အကြောင်း
ပြောပြချင်တယ်
မစဉ်းစားတော့ပါဘူးတဲ့။

လူတိုင်း လူတိုင်းရဲ့ ရင်ထဲမှာ
ပင်လယ်ရှိတယ်
လူတွေဟာ...ဒီပင်လယ်ကို 
ကျယ်ပြန့်အောင်
နက်ရှိုင်းလှပအောင်
မစီးဆင်းတတ်ကြဘူး
မစဉ်းစားတော့ပါဘူးတဲ့။

မစဉ်းစားခြင်း သေတ္တာတစ်လုံး ရှိခဲ့တယ်
ဘာကိုမှ မစဉ်းစားတော့ပါဘူးတဲ့
ဂျင်းဘောင်းဘီအိတ်ကပ်ထဲ လက်နှိုက်
မစဉ်းစားခြင်းသေတ္တာဟာ...
လေချွန်ပြီးနေလေရဲ့။          ။

မောင်ချောနွယ်

Respect & Credit to Poet Mg Chaw Nwe

Comments

  1. အုံးနှောက်မပါလို့လေချွန်နိုင်တာပါ

    ReplyDelete
  2. ပြောင်းလဲခြင်းတွေကြားမှာ.....
    မပြောင်းလဲခြင်းတွေနဲ့အသားကြနေတဲ့ငါ......

    ReplyDelete
  3. Replies
    1. ချစ်ချစ် မုန်းမုန်း
      တရားတဲ့ဘက်ကရပ်မယ်
      မှန်တာကိုလုပ်မယ်
      တခါတလေပြိုလဲမယ်
      တခါတလေမိုက်ရူးရဲဆန်မယ် (ဘယ်သူမှတော့မထိခိုက်စေရဘူး)
      လူသားဆန်မယ်........။

      Delete
    2. ချဗျာ လုပ်ပလိုက်

      Delete
  4. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  5. လူတိုင်းဟာ အရာအားလုံးကို
    မစွမ်းဆောင်နိုင်ပါဘူး ☺️
    ကိုယ်ကျရာနေရာကနေ
    အစွမ်းကုန်ကြိုးစားပါဝင်ဖို့ပဲလိုတာပါ

    ReplyDelete
  6. အိပ်မက်မက်ချင်ရင် အိပ်ဖိုလိုသလို
    စိတ်ပျော်စေချင်ရင် အတိတ်ကိုပြန်မဖော်ဖိုလိုတယ်
    စိတ်ကိုအတိတ်မှာထားပြီးအိပ်တဲ့အခါ
    အိပ်မပျော်တဲ့ညတွေပဲဖြစ်လာတယ်

    အိပ်မက်မက်ဖိုဆိုတာ ဝေးရော့ပေါ့.....

    ➣ထွန်းဟိန်းယံ

    ReplyDelete
    Replies
    1. အချစ်ရေ

      လူတွေက
      တူတံဆိပ် ထောပတ်ကိုလည်း
      ကိုးကွယ်ခဲ့ကြတယ်
      ဘဝလမ်းခရီးဟာ
      ဝမ်းမီးနဲ့ ပြီးရမှာလား
      ငှက်ဆိတ်တဲ့ သစ်စည်းတစ်သည်းမှာတောင်
      အဓိပ္ပါယ် သိပ်သည်းခဲ့ပါတယ်
      အဲသလိုနဲ့
      နေညိုချိန်"ဘား"လေးကမှာ
      ဘဝကို ခပ်ပါးပါးလှီးရင်း
      ကမ္ဘာလောကကြီးကိုလည်း
      အရက်နဲ့ မြည်းတတ်ခဲ့ပြီ
      အဲသလိုနဲ့အချိုရှာ တမာတွေ့သော်လည်း
      "ဂျိုကာ"မပါဘဲ ဒေါင်းတတ်ခဲ့ပြီ

      _မောင်ချောနွယ်

      Delete
  7. မစဉ်းစားတော့ပါဘူး။

    ဒါပေမယ့်...
    မျှော်လင့်ချက်ကလေးပါးပါးနှင့်
    အတွေးတွေတော့ တွေးနေမိသေးတယ်။

    ReplyDelete
  8. Wheel............dope.🏹🏹🏹

    ReplyDelete
  9. ကိုယ်လည်း
    ကိုယ့်ကိုချစ်တဲ့သူ​တွေ
    ဘာလို့အဲ​လောက်များတာလဲလို့
    မစဉ်းစားချင်​တော့လို့
    အဲ့လူ​တွေကို ​သေတ္တာထဲ ​သော့ခတ်
    ​အော်...
    မစဉ်းစားခြင်း ​သေတ္တာ​တွေ
    ​ရေတွက်မရ​အောင် များလာ​ပြီပဲ။

    ReplyDelete
  10. မစဉ်းစားတော့ပါဘူး....

    ReplyDelete
  11. တခါတ​လေ ဘာမှ မစဥ်းစားတာပဲ ​ကောင်းပါတယ်

    ReplyDelete
  12. မစဉ်းစားခြင်း သေတ္တာတစ်လုံး ရှိခဲ့တယ်
    ဘာကိုမှ မစဉ်းစားတော့ပါဘူးတဲ့
    ဂျင်းဘောင်းဘီအိတ်ကပ်ထဲ လက်နှိုက်
    မစဉ်းစားခြင်းသေတ္တာဟာ...
    လေချွန်ပြီးနေလေရဲ့။

    ReplyDelete
  13. Wheel............dope.🏹🏹🏹

    ReplyDelete

Post a Comment

Popular posts from this blog