ဘဝမှာ မင်းရှိခဲ့ဖူးကြောင်း
အထောက်အထားဆိုလို့ 
ပုံပျက်ပန်းပျက် ဖြစ်သွားတဲ့
ငါကိုယ်တိုင်ပဲ ကျန်တော့တယ်။

ငါတို့က... 
တစ်သက်လုံးအတူရှိလို့ရပါတယ်။
ဒါပေမယ့်..... 
အတူရှိနေရင်တောင် 
အတူဖြစ်နေတော့မှာမဟုတ်ဘူး။

မီးရထားသံလမ်းတွေကို တွေ့တိုင်း 
ငါဒါကို ပိုပိုနားလည်လာခဲ့တယ်။
ဝေးကွာတယ်ဆိုတဲ့ စကားလုံးနဲ့တောင် 
ပုံဖော်လို့မရတဲ့ မနီးစပ်ခြင်းမျိုးကို 
ငါတို့ ရရှိခဲ့ကြပါတယ်။

နောက်တော့လည်း
တွေ့ဆုံခြင်းဆိုတာဟာ 
အာကာသထဲက ဥက္ကာခဲအချင်းချင်း တိုက်မိတဲ့
အခိုက်အတန့်တွေလိုမျိုးပဲလို့ ခံစားမိလာတယ်။

ကမ္ဘာက အကျယ်ကြီး။ 
ငါတို့ တွေ့ဖို့အတွက် 
အခွင့်အရေးက အများကြီးမရှိ။

ဒါပေမယ့် 
ငါတို့တွေ့ခဲ့ကြတယ်။
တစ်နည်းအားဖြင့် 
ငါတို့တိုက်မိခဲ့ကြတယ်။

ပြီးတော့ 
အပွန်းအပဲ့ကိုယ်စီနဲ့ 
ကိုယ့်လမ်းကို 
ဆက်လက်ထွက်ခွာခဲ့ကြတယ်ပေါ့။

မျက်လုံး မှိတ်လိုက်တိုင်း 
မိုးတွေရွာနေတယ်
ငါ့လက်နှစ်ဖက်မှာ 
နှင်းတွေခဲနေတယ်
ငါတို့ဘယ်တော့မှ 
စကားမပြောဖြစ်ကြတော့ဘူး။        ။

ဆပ်ရိပ်

Respect & Credit to Poet Sat Yate

Comments

  1. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  2. တွေ့ခဲ့ကြလေးကိုသတိရနေမှာပါ

    ReplyDelete
  3. တွေ့ခဲ့ကြတဲ့အချိန်လေးကိုသတိရနေမှာပါ

    ReplyDelete
  4. 🥷 တစ်စိုက်မတ်မတ် ...

    @ အရာရာအောင်မြင်ဘို့ ...
    အခက်အခဲပေါင်းများစွာရှိကြောင်း
    အပြောလွယ်သလောက် ...
    လက်တွေ့လုပ်ရာမှာခက်ခဲမှုရှိကြောင်း
    လူတိုင်းလူတိုင်းသိကြပါသည်
    သို့သော် ရည်မှန်းချက်ပန်းတိုင် ...
    အချိန်နှင့်တစ်ပြေးညီမဖြစ်ခြင်း
    ဆုံးရှုံးနစ်နာမှုတွေများလာခြင်း
    ရောက်သင့်သလောက်မရောက်ခြင်း
    စသည်စသည်တို့ဖြစ်လာပါက ...
    ပြန်လည်ဆန်းစစ်ခြုံငုံသုံးသပ်ပြီး
    ဗျူဟာပြောင်းသင့်ပါလျှင် ...
    ရဲရဲမြန်မြန်ပြောင်းဘို့လိုပါလိမ့်မည်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  5. This comment has been removed by the author.

    ReplyDelete
  6. သတိရခြင်းတွေက
    သောင်ပြိုကမ်းပြိုသည်အထိပါပဲ
    မင်းစိတ်နဲ့ရပ်တည်ထားတဲ့ ငါ့ခန္ဓာအိမ်လေးပါ
    တစ်နေ့တစ်ခြား ပြိုလဲသွားမှာစိုးရိမ်ရတယ်
    အရွေးမှားတာမဟုတ်ပါဘူးကွယ်
    မရွှေ့နိုင်လို မှားနေတာ.....

    ငါ....ဥပေက္ခာပြုနိုင်တဲ့အခါ
    ဒီကမ်းစပ်က ထွက်သွားပေးမှာပါ.....

    _ထွန်းဟိန်းယံ

    ReplyDelete
  7. မီးရထားသံလမ်းတွေလို......

    ReplyDelete
    Replies

    1. နောက်ဆုံးတခေါက်လောက်ဖြစ်ဖြစ်
      စကားတွေတော့ ပြောချင်သေးတယ်

      Delete
    2. ပြောပစ်လိုက်လေဗျာ ပေါ့သွားတာပေါ့

      Delete
    3. ငါ့ရင်ထဲပေါ့သွားဖို့အတွက်လောက်နဲ့
      မင်းဝမ်းနည်းရတယ်ဆိုရင် ဘယ်တရားပါ့မလဲ။
      ထားလိုက်ပါတော့...

      _အလင်းသင်

      Delete
    4. ဟာ
      ကဗျာနဲ့တောင် ပြန်မန့်တာပါလား ကြိုက်ပြီ...

      Delete
  8. 🥷 ဖြစ်နိုင်ခြေ ...

    @ လောကမှာ ...
    နိုင်နေရာကနေ ရှုံးနိုင်သလို
    ရှုံးနေရာကနေ နိုင်သွားနိုင်တယ်
    ဘယ်အရာမှ မတည်မြဲပါ၊

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  9. ငါတို့ဘယ်တော့မှစကားမ‌ေြပာဖြစ်တော့ဘူး

    ReplyDelete
  10. ဘဝမှာမင်းရှိခဲ့ဖူးကြောင်း😔

    ReplyDelete
  11. 🙂 တစ်ခါတစ်လေ ...

    @ တစ်ခါတစ်လေ ...
    ကိုယ့်အစိုးရကိုအားမရဘူး
    အမြန်နိုင်ချင်လို့၊

    @ တစ်ခါတစ်လေ ...
    လက်နက်မပြည့်စုံတာအားမရဘူး
    မြို့တက်သိမ်းချင်လို့၊

    @ တစ်ခါတစ်လေ ...
    ကိုယ့်ပြည်သူကိုအားမရဘူး
    သွေးအေးသွားပြီလားလို့၊

    @ တစ်ခါတစ်လေ ...
    EROsတွေကိုအားမရဘူး
    ဖက်ဒရယ်စံနစ်ကြာမှာစိုးလို့၊

    @ တစ်ခါတစ်လေ ...
    ကိုယ့်ကိုယ်ကိုယ်အားမရဘူး
    ဒီထက်မလုပ်ဆောင်နိုင်သေးလို့။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  12. Wheel............dope.🏹🏹🏹

    ReplyDelete
    Replies
    1. ကောင်မလေးရေ...

      သံလမ်းတွေမြင်တိုင်း
      မင်းဘေးကရှိခွင့်ရခဲ့လို့ကျေနပ်တယ်ဆိုတာကိုယုံ

      Delete
    2. ယုံတာမယုံတာ ကျမအပိုင်း
      ရှင်နဲ့ဘာမှမဆိုင်ဘူး

      ပုံ

      ကောင်မလေး

      Delete
  13. ကမ္ဘကြီးကအကျယ်ကြီး
    ငါတို့တွေ့ဖို့အတွက်
    အခွင့်အရေး‌ေတွအများကြီးမရှိ😔

    ReplyDelete
  14. အပွန်းအပဲ့ကိုယ်စီနဲ့
    ကိုယ့်လမ်းကို
    ဆက်လက်ထွက်ခွာခဲ့ကြတယ်ပေါ့ 😒

    ReplyDelete
  15. ကဗျာလေးက ကောင်းလိုက်တာ

    ReplyDelete
  16. ငါတို့ဘယ်တော့မှ
    စကားမပြောဖြစ်ကြတော့ဘူး ...

    ReplyDelete
    Replies
    1. ‌ေြပာဖြစ်ပါတယ်🤭

      Delete
    2. 😁😁😁
      အ့ဆို ​ပြောင်းပီးမန့်မယ်
      ​တ​နေ့​နေ့​တော့ ဘယ်​တော့မှ ​ပြောဖြစ်မှာ မဟုတ်​တော့ဘူး 🤭😄😄😄

      Delete
    3. ခုတခါမှထိသွားတာရယ်

      Delete
  17. ဟူတ် မပြောဖြစ်တာ ကောင်းပါတယ်
    နားအေးတယ်😆😆

    ReplyDelete
  18. ကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ

    ReplyDelete
  19. Fighting
    Click,click,click........

    ReplyDelete
  20. Fighting
    Click,click,click.......

    ReplyDelete
  21. ကမ္ဘာက အကျယ်ကြီး။
    ငါတို့ တွေ့ဖို့အတွက်
    အခွင့်အရေးက အများကြီးမရှိ။

    ReplyDelete
  22. ဘဝမှာ မင်းရှိခဲ့ဖူးကြောင်း
    အထောက်အထားဆိုလို့
    ပုံပျက်ပန်းပျက် ဖြစ်သွားတဲ့
    ငါကိုယ်တိုင်ပဲ ကျန်တော့တယ်။

    ReplyDelete
  23. ဝေးကွာတယ်ဆိုတဲ့ စကားလုံးနဲ့တောင်
    ပုံဖော်လို့မရတဲ့ မနီးစပ်ခြင်းမျိုးကို
    ငါတို့ ရရှိခဲ့ကြပါတယ်။

    ReplyDelete
  24. ဝေးကွာတယ်ဆိုတဲ့ စကားလုံးနဲ့တောင်
    ပုံဖော်လို့မရတဲ့ မနီးစပ်ခြင်းမျိုးကို
    ငါတို့ ရရှိခဲ့ကြပါတယ်။

    နောက်တော့လည်း
    တွေ့ဆုံခြင်းဆိုတာဟာ
    အာကာသထဲက ဥက္ကာခဲအချင်းချင်း တိုက်မိတဲ့
    အခိုက်အတန့်တွေလိုမျိုးပဲလို့ ခံစားမိလာတယ်။

    ReplyDelete

Post a Comment

Popular posts from this blog