သမိုင်းစာမျက်နှာကဒဏ်ရာများ
(၁)
သမိုင်း မျက်နှာစာမှာ
ရှက်စရာ အထုပ်အပိုးတွေနဲ့
ကုပ်ကျိုးအောင် ထမ်းခဲ့ရ။
ဘယ်လမ်းက လျှောက်
ဘယ် တံခါးပေါက်ကို ဝင်ပြီး
ဘယ်ပလ္လင် ဘယ်လိုဆောက်ရပါ့
စိတ်ခြောက်ချားနေခဲ့ပြီ။
(၂)
အမှန်တရား အမှန်တရားနဲ့
အသံသာ ကြားနေရ
ဘယ်နားကမှန်း ငါမသိ။
တုံးပိတဲ့ ဖား
မြှူံးမိတဲ့ ငါးပမာ
ရုန်းကြည့်တဲ့ အားလည်း
နုံးချိလို့ သွားရော့ထင့်
တရားတွေ ပျောက်
အမှားတွေ ဖောက်သနဲ့
ကျားကြောက်လို့ ရှင်ကြီးကိုး
ရှင်ကြီး ကျားထက်ဆိုးသည့်နှယ်
အမျိုးမျိုး ကြုံ အဆိုးမျိုး စုံခဲ့ပြီ။
မနုဿဘုံပေမို့
ဒုက္ခ စုံလေရော့သလားကွယ်ရို့။
(၃)
တစ်ယောက်နဲ့ အများ
တစ်ယောက်က ဓားနဲ့မို့
အများက အရာမဝင်တာ
အာဏာရှင် စနစ်ပဲ။
ဒီအာဏာရှင် စနစ်ဆိုးကို
ငါတို့ မရှိခိုးနိုင်။
လက်နက် တကားကား
ရက်စက်သလားမမေးနဲ့
တို့သွေးများ ချောင်းစီးလို့
မြောင်းကြီး မြောင်းငယ်ဖောက်ကြတယ်။
ကောက်ကျစ်ယုတ်မာတဲ့ နှလုံးယုတ်ကို
ထုံးသုတ်လို့ ဖြူမတဲ့လား။
(၄)
လိမ်လုံး ညာလုံးတွေကို
ငါ အင်မတန် မုန်းမိတယ်
ငါ အရှုံးမပေးနိုင်။
စစ်အာဏာရှင် သေနတ်ကို ကြောက်လို့
ငါ တို့ လက်မြှောက်ရရင်
ဖောက်ပြန်သူတွေ ရာသက်ရှည်ပြီး
တို့နိုင်ငံ အသက်သေလိမ့်မယ်။
ကမ္ဘာမြေပေါ်က ကွယ်ပျောက်ပြီး
တို့တတွေ ငရဲရောက်လိမ့်မယ်။
အရူး ငပေါက်တွေကို
ဒူး မထောက်ကြနဲ့ဟေ့။
ခွပ်ဒေါင်းအလံ ကိုင်စွဲပြီး
ရဲရဲကြီး ရှေ့တက်ရင်
သင်း တို့တတွေ သွေးပျက်မယ်
တစ်လက်မမျှ နောက်မဆုတ်ကြနှင့်
အဓမ္မသမား လူရမ်းကားတွေကို
လားလားမျှ လက်မမြှောက်နဲ့။
(၅)
လက်နက်နဲ့ လူသား
လူသားက လက်နက်ကို အရှုံးပွဲနဲ့
ဗုန်းဗုန်းလဲရရင်
သမိုင်း စာမျက်နှာမှာ
အရိုင်းဒဏ်ရာတွေ ပါရော့မယ်။
အမှန်ဟာ အင်အား
အချိုဟာ ဘယ်တော့မှမခါး
အမှန်ဟာ ဘယ်တော့မှမမှား
တရားသည်သာ ဓား
ကိုယ့်အားကို ကိုယ်ယုံကြည်
ဒီမိုကရေစီ တံခါးကိုဖွင့်ရင်း
တရားနှင့် စောင့်နေမယ်။
တင်မိုး
၂၆ - ၁၂ -၁၉၈၈
၈၈ တုန်းက ဆရာတင်မိုးရေးခဲ့တဲ့
နာမည်ကျော် ကဗျာတစ်ပုဒ်
Respect & Credit to Poet Tin Moe
DONE.
ReplyDeleteDONE.
Deleteသူရဲကောင်း
ReplyDelete-------------------
ပန်းလိုကြွေလည်း
ဝေတုန်းအတိုင်း သင်းနေတယ်..။
ကြယ်လိုကြွေလည်း
နေတုန်းအတိုင်း လင်းနေတယ်..။
ပန်းလိုလည်းသင်း
ကြယ်လိုလင်းသူ
ရင်တွင်းထာ၀ရ ရှိနေမယ်...။
-မောင်စိန်၀င်း(ပုတီးကုန်း)
click
ReplyDeleteအမှန်ဟာဘယ်တော့မှမမှား
ReplyDeleteအမှန်ဟာ အင်အား💪
ReplyDeleteClick with love 💕
ReplyDelete🍀🍀🍀🍀🍀
Till the end
ReplyDeleteFighting together 💪
Done ✅
ReplyDeleteအမှန်ဟာ အင်အား
ReplyDeleteအချိုဟာ ဘယ်တော့မှမခါး
#Credit to Poet Tin Moe
အောင်ပွဲဆီသို့ 💪
ReplyDeleteအမှန်တရားသာ အနိုင်ရပါစေ...
ReplyDeleteအားလုံးစုဆည်းနိုင်ကြပါစေ
ReplyDeleteDone 🌼
ReplyDelete🍁🍁
ReplyDelete🍂🍂
DeleteFighting 💪
ReplyDelete🐝
ReplyDeleteDone 🌼
ReplyDeleteTHANKS.
ReplyDeletedone
ReplyDeleteအမှန်ဟာဘယ်တော့မှမမှား
ReplyDeleteDone 🌼
ReplyDelete"တစ်ယောက်နဲ့ အများ
ReplyDeleteတစ်ယောက်က ဓားနဲ့မို့
အများက အရာမဝင်တာ
အာဏာရှင် စနစ်ပဲ။".....
✍️
Delete☃️
Deleteအမှန်ဟာ အင်အား
ReplyDeleteအချိုဟာ ဘယ်တော့မှမခါး
အမှန်ဟာ ဘယ်တော့မှမမှား
တရားသည်သာ ဓား
ကိုယ့်အားကို ကိုယ်ယုံကြည်
ဒီမိုကရေစီ တံခါးကိုဖွင့်ရင်း
တရားနှင့် စောင့်နေမယ်။
တင်မိုး
၂၆ - ၁၂ -၁၉၈၈
🍀
ကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ
ReplyDelete🤎
ReplyDeleteအမှန်က အားပါ
ReplyDelete🌱
DeleteAPPRECIATE.
ReplyDelete
ReplyDeleteဒီမိုကရေစီ တံခါး
အပိုင်းအခြားမရှိ ပွင့်စေသား 🙏🏻
Wheel............dope.🏹🏹🏹
ReplyDeleteWheel............dope.🏹🏹🏹
Deleteအရိုင်းဒဏ်ရာတွေနဲ့
ReplyDeleteသမိုင်းစာမျက်နှာ
Done ✅
ReplyDelete✊️
ReplyDeleteDone💗
ReplyDeletedone
ReplyDeleteDone
ReplyDeleteဒီမိုကရေစီ တံခါးကိုဖွင့်ရင်း တရားနှင့်စောင့်နေပါ့မယ်
ReplyDeleteDone 🍀
ReplyDeleteထုံးသုတ်လို့ ဖြူနိုင်ပါ့မလား။
ReplyDeleteကိုယ့်အားကို ကိုယုံကြည် ဒီမိုကရေစီ တံခါးကိုဖွင့်ရင်း တရားနှင့် စောင့်နေမယ်
ReplyDeleteDone💕
ReplyDelete🌧️🍀
ReplyDeleteWheel............dope.🏹🏹🏹
ReplyDelete💙
ReplyDelete