အဆွေးရဲ့ ခါးသက်မှု

ခင်ရေ
ခင် စိမ်းကားတဲ့နောက်ပိုင်းအချိန်တွေဆို
ကိုယ့်မှာ သိပ်ဆွေးစရာကောင်းတယ်ကွာ
ကြားနေကျ ကျေးငှက် အသံတွေတောင်
ဘယ်ရောက်ကုန်ပြီလဲ

တွေ့နေကျ ဦးလေးကြီး ကို
ပြုံးပြသော်လည်း ကိုယ့်ရဲ့အပြုံးတွေ
အသက်မဲ့နေဆဲ

နားထောင်နေကျ ရှေးဟောင်းသီချင်းတောင်
ခင့်ကို ဆွေးနေရတာလောက်
ဆွေးစရာမကောင်းတော့ဘူး

ဖွာနေကျ ဆေးပေါ့လိပ် တောင်
ဖင်မှန်းခေါင်းမှန်းမသိ
ကိုက်ဖွာပြီး ဘေးလူပြောရလောက်တဲ့အထိ
အာရုံတွေ ပျက်ပြားနေတုန်း

သြော် !
ကော်ဖီလေးသောက်မိပါတယ်
ခါးသက်မှုတွေ ဘယ်ရောက်ကုန်ပြီလဲ
ကျေးဇူးပြုပြီး 
ခင့်ရဲ့ စိမ်းကားမှုလေး ထည့်မွေလိုက်ပါရစေ။        ။

Zeus

Comments

  1. ရယ်ရ ပြုံးရ ထိရ ခိုက်ရတွေက
    တစ်စုံတစ်ယောက်ဆီမှာ

    သွားရောက် မှီခို ဗဟိုပြု
    လည်ပတ်နေရတာလည်း

    လူသားရဲ့ ဝဋ်ကြွေးပဲ။

    - ဇက်ကကြိုး

    ReplyDelete

  2. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  3. " ပြုံးပြသော်လည်း ကိုယ့်ရဲ့အပြုံးတွေ အသက်မဲ့နေဆဲ "

    ReplyDelete
  4. 🥷 ခေါင်းဆောင်ကောင်း ...

    @ တိတိကျကျဦးဆောင်၍ ...
    မြန်မြန်ဆန်ဆန်တာဝန်ခံလုပ်ဆောင်သော
    ခေါင်းဆောင်ကောင်းလိုနေသည်။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  5. မချိုရင်နေပါ
    အခါးလေးတွေတော့ ချန်ထားပေးပါ...

    ReplyDelete
    Replies
    1. ဟုတ် ညိုပြာ ကျွန်တော်ဆိုလိုရင်းက ဥပမာဗျာ လူတစ်ယောက်က ခံစားရလို့ အရက်သောက်တယ်ဆိုပါတော့ အရင်က ရေရောပြီးသောက်တယ် ခံစားရတော့ ရေမရောဘဲသောက်တယ်
      အဲတော့ သောက်တဲ့သူက
      ပြောလိမ့်မယ် အရက်ထက် ရင်ထဲက ခံစားချက်က ပိုခါးသီးလွန်းတယ်လို့.. ဟုတ်ချင်မှဟုတ်လိမ့်မယ် ခံစားရတဲ့သူလည်း သိလိမ့်မယ် ပြေရရင် အရူးဆန်တဲ့လုပ်ရပ်မျိုးပေါ့ဗျာ

      Delete
    2. ဟုတ်ကဲ့ပါ ...
      ခုလိုပြောပြလို့ကျေးဇူးပါ

      Delete
  6. 🥷 အကုသိုလ် ...

    @ တရားတော်အရ ...
    ကုသိုလ်နဲ့အကုသိုလ် နှစ်မျိုးရှိတယ်
    ကုသိုလ်ဆိုတာ ...
    ပိုက်ဆံစုသလို နေ့တိုင်းစုရပြီး
    ကုသိုလ်အကျိုးကို ချက်ချင်းမရနိုင်
    အကုသိုလ်ဆိုတာ ...
    လက်ယပ်ခေါ်စရာမလိုဘဲ
    သူ့အလိုလိုဝင်လာတတ်တဲ့အရာ
    သူများအပေါ်စိတ်လေး ပြစ်မှားလိုက်တာနဲ့
    အလုံးလိုက်အခဲလိုက် ဝင်လာတတ်တဲ့သူ
    ဝင်လာရင်လည်း ...
    တစ်ခုပြီးတစ်ခုဆက်တိုက်ဘဲ
    အဲ့ဒီတော့ ...
    မအလတို့ရေ မင်းတို့အကုသိုလ်နဲ့ဘဲ
    ကြည့်မကောင်း မြင်မကောင်းအောင်
    အသေဆိုးနဲ့သေဆုံးပြီး ငရဲကျတော့မယ်။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  7. ှက်ကလေးတွေပေါ်
    ဓာတ်ကြိုးကလေးနားနေတယ်

    ကိုယ့်ဘေးမှာ
    ဘေးပဲရှိတော့တယ်

    ဒီကာလကြီးထဲ
    အသည်းကွဲနေတဲ့ သူငယ်ချင်းကိုလည်း
    ကိုယ်ချင်းစာပေးရ

    သူ့ဟာသူရပ်နေတဲ့ ဓာတ်တိုင်တောင်
    ဓာတ်လိုက်ခံရသေးတာပဲ အချစ်ရယ်

    သေသွားတဲ့သူတွေက
    ငါတိုကို သတိရနေမှာပဲ။ ။

    အောင်ခိုင်မြတ်

    ReplyDelete
  8. 🥷 နေဝင်ချိန် ...

    @ တွေးရင် ...
    အဓိပ္ပါယ်တွေ အများကြီးရှိသလို
    လူ့လောကရဲ့နိမိတ်လို့လည်း ...
    ကောက်ယူ ယူဆလို့ရတယ်
    မသိကြလို့ပါ ...
    နေဝင်ချိန်ဆိုတာ
    နောက်တစ်နေ့ရဲ့ နံနက်ခင်းအစဖြစ်သလို
    ဆိုးသွမ်းမိုက်ရိုင်းသူတစ်ဦးရဲ့ ...
    နောက်ဆုံးထွက်သက်အချိန်လေးပါဘဲ။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  9. 😌 အခံရဆုံးလူသား ...

    @ အို ... တိုင်းရင်းသားညီအကိုအပေါင်းတို့
    အာဆာ(ရခိုင်)အရေးမှာလည်း ...
    စစ်အာဏာရှင်တစ်စုနဲ့မရိုးသားတဲ့နိုင်ငံရေး
    သမားများက "ရိုဟင်ဂျာ"စကားလုံးနဲ့သွေးခွဲ
    ခဲ့တယ်၊ဂျင်းထဲ့ခံရတဲ့ "ဗမာ"များကိုရခိုင်ညီ
    အကိုတွေကအမုန်းကြီးမုန်းခဲ့ကြတယ်၊
    ကရင်ညီအကိုများကိုလည်း "ဒီမရိုးသား
    တဲ့အုပ်စု"ကဘဲ၊ဘာသာရေးမှိုင်းတိုက်"သူပုန်
    ဆိုတဲ့"စကားလုံးနဲ့"ပင်လုံညီလာခံ"ပြုလုပ်ပြီး၊အမျိုးမျိုးလှည့်စားခဲ့ကြတယ်၊ကရင်ညီ
    အကိုအဖွဲ့လည်းနှစ်ဖွဲ့ကွဲသွားသလို၊ အမုန်းတရားတွေလည်း "ဗမာ"ဆိုတဲ့လူမျိုးအပေါ်
    ကျရောက်ခဲ့ရတယ်၊
    တစ်ခြားတိုင်းရင်းသားညီအကိုတွေ အ
    ပေါ်မှာလည်း၊"ဒီအုပ်စု"တွေကဘဲအမျိုးမျိုး
    ချယ်လှယ်မတရားလုပ်ခဲ့တာမို့၊ ""ဗမာ"ဆိုတဲ့အသံကိုတောင်၊မကြားချင်လောက်အော
    င်၊ရာဇဝင်တွင်ခဲ့ရတယ်။

    @ အို ... တိုင်းရင်းသားညီအကိုအပေါင်းတို့
    "ဗမာ"ဆိုတာ၊နှစ်ပေါင်း၇၀လုံးလုံး၊အလိမ်
    အညာတွေနဲ့ယုံခဲ့ကြရသလို၊လက်နက်ကိုင်
    အဖွဲ့အစည်းလည်း မရှိခဲ့ကြပါဘူး၊ခေတ်အ
    ဆက်ဆက်"ဂျင်း"ထဲ့ခံခဲ့ကြရသလို၊"ဆန္ဒပြပွဲ
    အနွုဲနွုဲ"မှာလည်း၊အမျိုးကောင်းသားသမီး
    တွေ၊နှိပ်စက်ညှင်းပမ်း ဖမ်းချင်သလိုဖမ်းနဲ့
    အသက်တွေဆုံးရှုံးခဲ့ကြရတယ်။

    @ အို ... တိုင်းရင်းသားညီအကိုအပေါင်းတို့
    ခေတ်အဆက်ဆက်၊တိုင်းရင်းသားညီအ
    ကိုတွေခံခဲ့ကြရသလို၊မသိမသာအတွင်းလှို
    က်စား"ဂလိုင်"ဖြစ်ခဲ့ရတာက၊ ဗမာလူမျိုးဗမာသွေးသားတွေပါ၊ အမှားကိုသိ"ဝန်ချ"
    တောင်းပန်မယ့်၊ကျနော်တို့ဗမာလူမျိုးများ
    ကို၊ "တိုင်းရင်းသားညီရင်းအကို"တို့ ...
    " ဝိုင်းဝန်းကူညီကြပါလို့ "ဘဲတောင်းဆိုလိုက်
    ပါရစေခင်ဗျာ။

    🥷 ရဲရဲတောက်ဗမာ ...
    စစ်မင်းထက်သာ

    ReplyDelete
    Replies
    1. လူသားမှန်ရင် လူလိုပဲကြည့်ပြီး လူလိုပဲမြင်ပါတယ်

      Delete
  10. Wheel............dope.🏹🏹🏹

    ReplyDelete
  11. စစ်​ခွေးနိဂုံး ၂၀၂၃ ✊

    Till the end
    Fighting together 💪

    ReplyDelete
  12. စိမ်းကားမှု​တွေ ...

    ReplyDelete
  13. ဒုန်း ဒုန်း ဒုန်းးးး

    ReplyDelete
  14. Wheel............dope.🏹🏹🏹

    ReplyDelete
  15. ကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ

    ReplyDelete
  16. Fighting
    Click,click,click..........

    ReplyDelete

Post a Comment

Popular posts from this blog