အလွမ်းတစ်ဝက် မြက်ခင်းပြင်

ပျော်စရာ အစစ်တွေဟာ
ကမ္ဘာပေါ်မှာ ရှိနေသေးရဲ့
သင်ကော မျှော်လင့်ဖို့ အသင့်ဖြစ်ပြီလား။

ကျွန်တော်တို့ဟာ
အထပ်ထပ် ကုလားဖန်ထိုးထားတဲ့ 
ဖဲထုပ်ထဲက
ဖဲချပ်တွေလို
ကိုယ့်နေရာ ကိုယ်မေ့နေရဲ့။

မြို့တော်ရဲ့ အဆောက်အအုံတွေအလယ်
ယောင်လည်လည်ဖြစ်
ဖြစ်ချင်ရာဖြစ်မှုရဲ့
ထုထည်ကောင်းတဲ့ သီချင်းကို
နားသောတဆင်ရင်း...
ကလေးငယ်များ 
ဗြဟ္မစိုရ်တရား
အစားအစာနှင့် ကမ္ဘာသစ်...။

ကျွန်တော်တို့ဟာ
သတင်းစာပေါ် ချော်လဲခြင်းမရှိ
နောင်တရခြင်း လုံးဝမရှိ
ဘဝကို နှစ်နှစ်ကာကာချစ်မိကြရဲ့။

' ချစ်ခြင်းမေတ္တာ' တဲ့
ဒါ...သမိုင်းဦးကဗျာတစ်ပုဒ်ပဲ
သန်မာစွာ ကခုန်လို့
သိမ်မွေ့စွာ ပေါက်ကွဲလို့
ဝေခွဲမရခြင်းကလည်း ဆွံ့အလို့။

ရောက်မလာသေးတဲ့အချိန်
သက်ငြိမ်ဆန်ဆန် အိပ်မက်မှလန့်နိုး
မလုံတဲ့ ခေါင်မိုးကြောင့်
ရိုးသားတဲ့ ဘဝတွေ
အရေးနိမ့်နေခဲ့ရပြန်တယ်။           ။

လှသန်း

Respect & Credit to Poet Hla Tan 

Comments

  1. လူတွေက
    ကားတွေအကြောင်းပြောကြတယ်
    လူတွေက
    ဖုန်းတွေအကြောင်းပြောကြတယ်
    လူတွေက
    ငွေစက္ကူတွေအကြောင်းကို ပြောကြတယ်
    လူတွေက
    လူတွေကိုမေ့နေတဲ့ ကာလမှာ ပေါ့... ။

    #လှသန်း

    ReplyDelete
  2. ခုချိန်ခါမှာ ပျော်စရာ အစစ်တွေ
    ရှိနေတယ်ဆိုတာ ‌မရေရာမသေချာ

    ReplyDelete
  3. "မလုံတဲ့ ခေါင်မိုးကြောင့်
    ရိုးသားတဲ့ ဘဝတွေ
    အရေးနိမ့်နေခဲ့ရပြန်တယ် ။"

    ReplyDelete
  4. 🥷 သည်ခေတ်နဲ့ဤခေတ် ...

    @ သည်ခေတ်ကြီးက ...
    သူခိုးက လူပြန်ဟစ်ပြီး
    လူကောင်းက ထောင်ကျတဲ့ခေတ်။

    😀 စစ်မင်းထက်သာ

    ReplyDelete
  5. ဂျိုကာဖြစ်ဖို့ပဲလိုတာပါ

    ReplyDelete
  6. ရိုးသားသောဘဝတွေ .......

    ReplyDelete
  7. ပျော်စရာ အစစ်တွေကိုမျှော်လင့်နေပါသေးသည်....

    ReplyDelete
  8. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  9. 🥷 မကြောက်ပါနဲ့ ...

    @ ယောက်ျားဆိုတာ ...
    စကားသိပ်မပြောဘူး
    လက်တွေ့လုပ်တာ၊
    ကလိန်ကကျစ်မကျဘူး ...
    သေချာအောင်စုံစမ်းသေးတာ၊
    ကျိန်းသေပြီဆိုရင်တော့ ...
    မရှင်းဂန်းလိုကျည်မဖြုံးပါ
    Sniperနဲ့တစ်ချက်ချင်းလာမှာ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  10. ဘာ​ပြောရမှန်းမသိ​အောင် တင်းကြပ်​နေမိတယ်။
    တချို့ဘဝ​တွေ အတွက်
    ကိုယ်တို့ ဘဝ​တွေအတွက်
    မင်းတို့ ဘဝ​တွေအတွက်
    ဆွံ့အ​နေမိတယ်။
    ငါတို့ လမ်း​ကြောင်း မှန်​နေပါရ​စေ။

    ReplyDelete
  11. ' ချစ်ခြင်းမေတ္တာ ... ' တဲ့
    ဒါ သမိုင်းဦး ကဗျာတစ်ပုဒ်ပဲ
    သန်မာစွာ ကခုန်လို့
    သိမ်မွေ့စွာ ပေါက်ကွဲလို့
    ဝေခွဲမရခြင်းကလည်း ဆွံ့အလို့ ။

    ReplyDelete
    Replies
    1. ကဗျာ‌ေတွချစ်တတ်လာပြီပဲ

      Delete
  12. Wheel............dope.🏹🏹🏹

    ReplyDelete
  13. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  14. ' ချစ်ခြင်းမေတ္တာ' တဲ့
    ဒါ...သမိုင်းဦးကဗျာတစ်ပုဒ်ပဲ
    သန်မာစွာ ကခုန်လို့
    သိမ်မွေ့စွာ ပေါက်ကွဲလို့
    ဝေခွဲမရခြင်းကလည်း ဆွံ့အလို့။

    ReplyDelete
  15. "ပျော်စရာ အစစ်တွေဟာ
    ကမ္ဘာပေါ်မှာ ရှိနေသေးရဲ့"လား

    ReplyDelete
  16. ကဗျာတွေကိူချစ်တတ်တယ်
    ကဗျာ ဆရာတွေကိုရော😁

    ReplyDelete

Post a Comment

Popular posts from this blog