ဒုက္ခဆက်တင်

လူလည်နဲ့လူအ
နှစ်မျိုးလုံးတင်ဆက်လို့ရတဲ့  
မြို့တော်ကြီးမှာ
တစ်ဝက်အောင်မြင်ပြီး
တစ်ဝက်ကျဆုံးခဲ့ရ 
သည်မြစ်ဟာ
ငါမကူးခတ်နိုင်လောက်အောင်
မကျယ်ဝန်းပါဘူး။ 

လမ်းပျောက်နေသလား တဲ့
လမ်းရှာမတွေ့သေးသူပါ။ 

အကုသိုလ် ဒုစရိုက်တရား
ဒါလောက် မများခဲ့ပါဘူးကွယ်
ဆူးလေဘုရားကို ရှာတွေ့ရမှာပေါ့။ 

ဒုက္ခတွေကို ဒုက္ခနဲ့မြှောက်ခဲ့ရသူမို့
နောက်ထပ်ဒုက္ခပန်းတစ်ပွင့်
မဖူးပွင့်ပါရစေနဲ့တော့  ညီမလေးရယ်။ 

ဖြောင့်ချက်တွေမပေးမိခင်
လေနှင်ရာလွင့်ခဲ့ရတာကိုပဲ
မင်းတို့မြို့ကလေးကို ကျေးဇူးတင်ရ။
ဘတ်စ်ကားပေါ်မှာ
မတော်တဆလက်ချင်းထိမိသလိုသာ
သဘောထားလိုက်ပါတော့။           ။ 

ပိုင်စိုးဝေ

Respect & Credit to Poet Paing Soe Wai 

Comments

Post a Comment

Popular posts from this blog