တစ် နဲ့ နှစ် ကြားတွင် အဆုံးမရှိပါ

လေယာဉ်သံတွေ ဗုံးသံတွေ
တိုက်ပွဲခေါ်နေတဲ့ တီးတိုးစကားသံတွေက
တစ်နေ့ထက်တစ်နေ့ ပိုပျံ့နှံ့လာနေတယ်

ငါတို့နေတဲ့ကမ္ဘာကြီး  ပျက်စီးလာတာနဲ့အမျှ
နိစ္စဒူဝ အဆိပ်ငွေ့တွေနဲ့ပဲ အသက်ရှင်နေရတော့
ကဗျာငွေ့လေးတွေက  စွဲမက်စရာကောင်းလာတယ်

ပျက်စီးပြီးသား ကမ္ဘာကြီးကိုလည်း 
ထပ်ပြီးတော့ မဖျက်ဆီးလိုတော့ပါဘူး
သေလူတွေနဲ့ ပြည့်နေတဲ့ ကမ္ဘာကြီးထဲမှာ
သေလူအချင်းချင်းတောင် ပြန်ယုတ်မာနေကြသတဲ့

တစ် နဲ့ နှစ် ကြားက အပေါင်းအနှုတ် 
သင်္ကေတတွေ အဆုံးမရှိသလို
စစ် နဲ့  အချစ် ကြားမှာလည်း  
မေတ္တာအမှတ်အသားတွေကလည်း အဆုံးမရှိပါဘူး

စုတ်ချာချာ လောကကြီးထဲကနေ
တနေ့တော့ ထွက်ခွာသွားရမှာ  
ခပ်တုံးတုံးနိယာမ တစ်ခုပါပဲ 
ကြိုတွေးပြီး ဝမ်းနည်းမနေပါနဲ့
သွေးဆာနေတဲ့  စစ်တလင်းပြင်မျဉ်းပေါ်မှာ
အဆုံးမရှိဒဿန ငြိမ်းချမ်းခြင်း
အမှတ်သားတွေကိုတော့  ချထားခဲ့ချင်တယ်
အဆုံးမရှိ ပျက်စီးခြင်းတွေကြားထဲက
အဆုံးမရှိ  ငိုသံတွေ  
ဟိုနားတစ်စ ဒီနားတစ်စနဲ့
နေကွယ်ပြီးရင် လထွက်မယ်
အဆုံးမရှိလည်ပတ်ခြင်းတွေ
ဒီကမ္ဘာကြီးထဲမှာရော 
ချစ်ခြင်းမေတ္တာအပါအဝင် အဆုံးမရှိခြင်းများစွာတွေ  
ဘယ်လောက်တောင် ထပ်ရှိနေလိမ့်ဦးမလဲ
ရှူရှိုက်ချင်တယ် အဆုံးမရှိ  
လွတ်လပ်ခြင်းအငွေ့အသက်တွေ....

ThaeNu
3 Aug 2022

Comments

  1. "စွန့်လွှတ်ကြမယ် ရင်းနှီးပေးလှူဖို အဓိဌာန်ထား
    ရဲဝံ့ကြမယ် သွေးချွှေးမမူပါဘူး ခယောင်းလမ်းတွေ
    ကျော်ကာဖြတ်သွား သားကောင်းရတနာတွေ"

    ReplyDelete
    Replies
    1. "အသက်နဲ့ဆက်မယ် တိုင်းကျိုးထမ်းဆောင်ဖို တို အသိတရား
      သမိုင်းအဆက်ဆက်မှာ လှိင်းဂယက်ပြင်းထန်လည်း ရဲဝံ့စွာ"
      "ရှင်သန်ဝံ့သော သားကောင်းတွေ"

      Delete
    2. "သင်းပျံ့ မွှေးကြိုင် တတောလုံးရနံ့လှိင်တဲ့ ပန်းခရေများ
      မြင့်ထက်ပွင့်ဝေ ဆွေးခြောက်သွားပါစေဦး
      မွှေးရနံ့မပြယ်
      ထာဝစဉ် ဂုဏ်သတင်း မွှေးပျံ့ လှိင်လှိင်ဝေ"

      Delete
    3. ပြည်သူရဲ့သားကောင်းတွေ

      Delete
  2. im almost finish hold on soldier

    ReplyDelete
  3. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  4. လကွယ်ပြီးရင် ရောင်နီလာမှာအသေအချာပဲ

    ReplyDelete
  5. ဓမ္မနဲ့ အဓမ္မကြားမှာ
    ကြားနေဆိုတာမရှိဘူး

    ReplyDelete
  6. Wheel............dope.🏹🏹🏹

    ReplyDelete
  7. ရှူရှိုက်ချင်တယ် အဆုံးမရှိလွတ်လပ်ခြင်းအငွေ့အသက်တွေ🥺

    ReplyDelete
  8. Wheel............dope.🏹🏹🏹

    ReplyDelete
  9. Wheel............dope.🏹🏹🏹

    ReplyDelete

Post a Comment

Popular posts from this blog