တစ္ဆေ စကား

               (၁)

ခေတ် ကို စားသုံးရတာက ငါးပြေမ ဟင်းခွက်လို
အရသာ တစ်စက် ရဖို့ အတွက်
အရိုး နွှင်ရတာက လက်ခက်တယ် ...
 အသက်ဆက်ရှင်နေတာလား
ဖုတ်၀င်နေတာလား
ငါ့ ကိုယ် ငါလည်း မကွဲပြားတော့ဘူး ..။

ကိုယ့်ဘာသာ သတ်သေချင်တာတောင်မှ
သေနတ် ကိုင်ခွင့် မရှိတော့
အဆိပ်ပုလင်း ကိုပဲ ဖွင့်ရတယ် ...

အဖုံး တွင်း ကံစမ်းမဲ ကလည်း Thank you ပဲ ..။

              (၂)

ဒီနိုင်ငံ မှာ
တချို့လူတွေရဲ့ ပညာရေး အမြင်က

ကိုယ့် ကလေးလေး ရဲ့ နှလုံးသား ထဲ
ကိုယ်ချင်းစာ တရား စွဲသွားဖို့ထက်

အင်္ဂလိပ်စကား သွက်သွက် ပြောတတ်ဖို့က
           ပို အရေးကြီးနေလေရဲ့ ...။

              (၃)

ဒီနိုင်ငံ မှာ
တချို့လူတွေရဲ့ စီးပွားရေး ဦးခေါင်း က
တစ်ရက်တောင်းရင် 
သုံးသောင်းကျော် ရတယ်ဆိုတဲ့
သူတောင်းစား ကိုပဲ ကျိတ်ပြီး 
အားကျချင် သလိုလို ...

တစ်နေ့ကို ဘယ်လောက်ရရ
သူတောင်းစား တွေနဲ့တော့ 
တိုင်းပြည်ကို တည်ဆောက်လို့
          မရပေဘူး ...။

              (၄)

အတ္တမျိုးစုံဟာ ဒီနိုင်ငံ ရဲ့ ဟန်းမိတ်
မကောင်းမြင်စိတ်က ဒီနိုင်ငံ ရဲ့ 
ဆေးယဉ်ပါး တီဘီ .....။
              (၅)

ဒီနိုင်ငံ ကို စိတ်နာလို့ 
ကိုယ့်ကိုယ်ကိုယ် 
သတ်သေလိုက်တော့လည်း ပြီးမသွားဘူး ၊

ငါ က အစွဲအလမ်း ကြီးမားတယ်။
ဒီနိုင်ငံ မှာပဲ
တစ္ဆေ ပြန်ဖြစ်နေတာကိုပဲ ကြည့်လေ ...။

                   မင်းခိုက်စိုးစန်
                      (၂၀၁၉ )

Respect & Credit to Poet Min Khite Soe San 

Comments

  1. လေတိုက်ရင် ယိမ်းပြဖိုအတွက်
    မြက်ပင်တွေ ပေါက်နေတာမဟုတ်ဘူး။
    ကိုယ့်ရူးသွပ်မူနဲ့ကိုယ် စိမ်းလန်း (ငါ့အပေါ်)
    ဘယ်သူ့မှ လမ်းဖြတ်မလျောက်ရင် တော်ပြီ။
    မင်းခိုက်စိုးစံ

    ReplyDelete
  2. 🥷 သည်ခေတ်နဲ့ဤခေတ် ...

    @ သည်ခေတ်ကြီးက ...
    သူခိုးက လူပြန်ဟစ်ပြီး
    လူကောင်းက ထောင်ကျတဲ့ခေတ်။

    😀 စစ်မင်းထက်သာ

    ReplyDelete
  3. ငါ က အစွဲအလမ်း ကြီးမားတယ်....

    ReplyDelete
    Replies
    1. တစ္ဆေ ဖြစ်ရင် ဆွစ်ကိုသွားလည်မယ်
      ဗီစာ ပတ်စ်ပို့ မလိုတော့ဘူး

      Delete
    2. 🔥🔥လည်းလိုက်မယ်ခေါ်မလားမမ😁

      Delete
    3. အေးနော် လာခေါ်မှာတကယ်
      အဲကျမှ မလိုက်ဘူးမပြောနဲ့😁

      Delete
    4. ကလေးကိုခြောက်နေတယ်ဗျို့။😂

      Delete
    5. လိုက်ပြရစေနော် 💜

      Delete
  4. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  5. အဲ့ကြီးမားတဲ့ အစွဲအလမ်း တွေနဲ့ကိုယ့်ကိုကိုယ်ကို တစ်ခါတစ်ခါမှာ စိတ်ကုန်မိတယ်

    ReplyDelete
    Replies
    1. ခုထိတောင် အဲ့စိတ်ကျန်နေသေး 😑

      Delete
    2. ဒါအတော်များများပါပဲချယ်
      တနေ့တော့အဆင်‌ေြပသွားမှာပါ

      Delete
    3. အင်းး
      အဆင်ပြေသွားလောက်ပါတယ်နော်

      Delete
    4. အဆင်‌ေြပသွားမှာပါချယ်

      Delete
  6. 🥷 မကြောက်ပါနဲ့ ...

    @ ယောက်ျားဆိုတာ ...
    စကားသိပ်မပြောဘူး
    လက်တွေ့လုပ်တာ၊
    ကလိန်ကကျစ်မကျဘူး ...
    သေချာအောင်စုံစမ်းသေးတာ၊
    ကျိန်းသေပြီဆိုရင်တော့ ...
    မရှင်းဂန်းလိုကျည်မဖြုံးပါ
    Sniperနဲ့တစ်ချက်ချင်းလာမှာ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  7. ကလစ်​ပေးတယ်
    လှူတယ်
    ဒီ့ထက်ပို ကိုယ်မတတ်နိုင်လို့
    အားနာတယ်,
    တကယ် ရင်နာရပါတယ်
    ဒါ​ပေမယ့်လည်း
    ကိုယ် ရပ်​နေလို့မှ မရဘဲ​လေ။
    ​ဘေးအထွက်ဘဲ
    ​ရှေ့ဆက်ရင်း
    နိုင်သ​လောက် ထမ်းသွားမယ်။

    ReplyDelete
  8. ငါက အစွဲအလမ်း ကြီးမားတယ်...

    ReplyDelete
  9. ငါလိုးမ နိုင်ငံတော်

    ReplyDelete
  10. This comment has been removed by the author.

    ReplyDelete
  11. ငါ က အစွဲအလမ်း ကြီးမားတယ်။

    ReplyDelete
  12. ကျနော်က အစွမ်းလန်းကြီးတဲ့သူတစ်ယောက်ပါ 😆

    ဘာမှမလုပ်ပေးနိုင်ဘူးရယ်

    ReplyDelete
  13. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  14. Fighting
    Click,click,click..........

    ReplyDelete

Post a Comment

Popular posts from this blog