ဆန်ရေ

ကောင်းကင်ကကြည့်တော့
နန်းတော်ထဲက ဘုရင်မ …
မြေပြင်မှာ ကြည့်တော့
လေးဘက်လေးတန် ကာရံထားသတဲ့လား။

နတ်မောက်သွေးတွေ 
မြေးအထိ စီးဆင်းဆဲ
ပေးမလား ယူမလား
ဘာမှ စဉ်းစားစရာမလိုဘူး
အဘိုးက အသက်ခန္ဓာပေးဆပ်ခဲ့
အမေက
မြန်မာပြည်အတွက်
အချိန်ကို ပေး
ဘဝကို ပေး
သားနဲ့ ဝေး
အိမ်နဲ့ ဝေး

စုရေ …
မင်းတိုင်းပြည်က လိုအပ်ရင်
ကိုယ်ခွင့်ပြုပါတယ်
အဖေပြောတဲ့စကား အခုထိ ကြားယောင်ဆဲပါ
အဖေ
ကင်ဆာနဲ့ အရိုးထုတ်တော့
အမေ
ပြန်မလာနိုင်တာလည်း 
သား နားလည်ပါတယ်အမေ။

အဘိုးကိုလည်း သား-မပိုင်
အမေ့ကိုလည်း သား-မပိုင်
သားကိုယ်တိုင်လည်း
မပိုင်ချင်ပါဘူး
အမေ့ကို
ပြည်သူသည်သာ ပိုင်ပါစေ။

ချစ်ကြောင်းပြောဖို့
နှုတ်ဖြင့် ခွင့်မသာ
ချစ်ကြောင်းကြားဖို့
နားဖြင့် ခွင့်မသာသည့် အခြေအနေမှာ
အနုပညာနှင့် နှလုံးသားဆီ စီးဆင်းပါစေ။

ပန်းချီကားတစ်ချပ်
နှစ်ရောင်စပ်မှာ
အမေ့မျက်နှာ ရေးရေးမြင်ရင်း
ချစ်ခြင်းဖြင့်သာ မြင်ပါစေ။

စုန်ရေတွေ စီးခဲ့ 
ပင်လယ်ဝဆီ အထိမှာ
ဆန်ရေတွေ တစ်ဖန် ပြန်လည်စီးပါရစေ 

ဆယ်လမွန်းငါးတွေ ရေချိုပြန်သလို
ငှက်ကလေးတွေ အိမ်အပြန် တေးဆိုသလို 
ပြည်သူ့အရွေ့မှာ အတူ ရွေ့ပေးပါရစေ
အမေ့အေးရိပ် 
ဆန်ရေ မြစ်ဆိပ် စီးပါစေ။          ။
  
မင်းကွန်း

Respect & Credit to Poet Min Kone

Comments

  1. Replies
    1. အောက်ဆင်းရမှာပျင်းလို့🤓

      Delete
  2. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  3. ပေးဆပ်သူတို့နှလုံးသား
    လှပလွန်းလှတယ်
    လေးစားဂုဏ်ပြုလျှက်
    🙏🙏🙏

    ReplyDelete
  4. အမေ့အေးရိပ်
    ဆန်ရေ မြစ်ဆိပ် စီးပါစေ ❤️

    ReplyDelete
  5. ရယူချင်းကင်းသော

    ReplyDelete
  6. "တရားခံ စံပယ်ပင်
    စီရင်ချက် မချခင်
    ဘာပြောချင်သလဲ"

    "တရားသူကြီး ရှင့်
    ရှိခြင်းရှိရင်
    ပွင့်သမျှ ဖြူစင်ခဲ့ခြင်း အပြစ်သာ
    ကျမမှာ ရှိပါလိမ့်မယ်..."

    #မင်းကိုနိုင်
    ၂၉.၁၁.၂၀၂၁

    ReplyDelete
  7. 🥷 မကြောက်ပါနဲ့ ...

    @ ယောက်ျားဆိုတာ ...
    စကားသိပ်မပြောဘူး
    လက်တွေ့လုပ်တာ၊
    ကလိန်ကကျစ်မကျဘူး ...
    သေချာအောင်စုံစမ်းသေးတာ၊
    ကျိန်းသေပြီဆိုရင်တော့ ...
    မရှင်းဂန်းလိုကျည်မဖြုံးပါ
    Sniperနဲ့တစ်ချက်ချင်းလာမှာ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  8. Have a sweet dream all clickers

    ReplyDelete
  9. ဓမ္မကို အဓမ္မက
    ဘယ်တော့မှ မနိုင်ဖူးဆိုတာ
    အချိန်က စကားပြောပါလိမ့်မယ်။

    ReplyDelete
  10. ပြည်သူ့​မေတ္တာ
    အ​မေ့မှာ
    ခြုံလွှာ​နွေး​ထွေး ရှိပါ​​စေ။

    ReplyDelete
  11. 🙂 ဆန္ဒနဲ့ဘဝ ...

    @ ဆန္ဒ ...
    ၁.စစ်ကျွန်ဘဝက အမြန်လွတ်ချင်တယ်
    ၂.ပြည်သူ့အစိုးရ အမြန်အုပ်ချုပ်စေချင်
    ၃.ပြည်သူများ အေးချမ်းသာယာစေချင်
    ၄.တိုင်းရင်းသားညီအကိုမောင်နှမများနဲ့
    ဖက်ဒရယ်ညီအကိုမောင်ဖွားဖြစ်ချင်မိ
    ၅.ပြည်သူများ တန်းတူညီတူအခွင့်အရေး
    ရစေချင် ...အများကြီးပေါ့။

    @ ဘဝ ...
    ၁.စစ်ကျွန်ဘဝက အမြန်လွတ်အောင်ကြိုး
    စားနေရ
    ၂.ကိုလိုနီခေတ်ကလို အလိုတော်ရိ၊သာကူး
    သာပေါင်းများကို ကြောက်နေရ
    ၃.နေသာသလိုနေသူတွေလည်း များလာ
    ၄.တစ်ချို့ ...တော်လှန်ရေးအဓိကဖြစ်ပေမယ့်
    အာဏာရူး၊ပါဝါရူးတွေဖြစ်ထွန်းလာ
    ၅.တစ်ချို့ ...မညီညွတ်၊အကွဲကွဲအပြားပြား
    သူတလူငါတမင်းလုပ်နေကြ။

    # စဉ်းစားကြည့်ကြ ...
    စည်းလုံးကျော်လွှားမှ ဖြစ်မှာဗျ။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  12. Wheel............dope.🏹🏹🏹

    ReplyDelete
  13. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  14. အမေ့ကို ပြည်သူသည်သာ
    ပိုင်ပါစေတဲ့။

    ReplyDelete
  15. Thank you so much 🙏🙏🙏🙏🙏
    For Our Mother 😽

    ReplyDelete
  16. အမေ့ကိုလည်း လေးစားရပါ၏။
    သားကိုလည်း လေးစားရပါ၏။

    ReplyDelete
  17. Wheel............dope.🏹🏹🏹

    ReplyDelete

Post a Comment

Popular posts from this blog